အိမ်လခမပေးနိုင်လို့ အခက်အခဲ ဖြစ်နေတဲ့ အဖွားအိုကို ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

November 17, 2021 admin 0

ဘဝဆိုတဲ့ စကားနှစ်လုံးလေးသာ ရှိပေမဲ့ ဒီဘဝကို ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူလွန်းလှပါဘူး။ပတ်ဝန်းကျင်မှာ ဘဝရဲ့ရိုက်ခတ်တဲ့လောကဓံကြောင့် ခက်ခဲစွာ ရှင်သန်နေရတဲ့လူတွေ အများကြီးပါ။အဝေးကြီးကို ပြေးကြည့်စရာမလိုလောက်အောင်ကိုပင် ပတ်ဝန်းကျင်မှာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်နေရသူတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဘဝရဲ့လောကဓံပြင်းပြင်းထန်ထန် ရိုက်ခတ်ခံနေရသူတွေကိုလည်း ကိုယ်တတ်နိုင်သလောက် ဝေမျှပေးဖို့အတွက် လူသားချင်းစာနာစိတ်ရှိဖို့လည်း လိုအပ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ပြည်သူတစ်ဦးက သူ့ကို ဖုန်းဆက်ပြီး […]

ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံလိုက်ရသည့်အမေရိကန်သတင်းသမားDanny Fenster ပြန်လည်လွတ်မြောက်

November 17, 2021 admin 0

ထောင်ဒဏ်၁၁နှစ်ချမှတ်ခံရသော အမေရိကန်သတင်းသမားDanny Fenster ဟာ ဒီကနေ့နိုဝင်ဘာလ၁၅ရက်နေ့မှာ ပြန်လည်လွတ်မြောက်သွားပါတယ်။Danny Fenster ကို နိုဝင်ဘာလ၁၁ရက်နေ့တုန်းက တရားရုံးကရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၅(က)၊မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၁၇(၁)၊လူဝင်မှုဥပဒေပုဒ်မ၁၃(၁) အမှု၃ခုအတွက်ထောင်ဒဏ်၁၁နှစ်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလ၁၅ရက်နေ့မှာတော့Danny Fenster ကို လွတ်ငြိမ်းဖြင့်ပြန်လွှတ်ပေးလိုက်ပြီး တစ်ခါတည်းပြည်နှင်ဒဏ်ပါ ပေးလိုက်တယ်လို့သိရပါတယ်။ အမေရိကန်သတင်းသမားDanny Fenster ကို ထောင်ဒဏ်၁၁နှစ်ချမှတ်ခဲ့ပေမယ့်အခုလို ရုတ်တရက်ကြီးပြန်လွှတ်ပေးလိုက်တဲ့အပေါ်ပြည်သူများရဲ့စိတ်ဝင်စားမှုဟာလည်းမြင့်တတ်လျှက်ရှိပါတယ်။ အမေရိကန်သတင်းသမားDanny Fenster ဟာFrontier Myanmar […]

အီတလီနိုင်ငံက “ပါးမား”တက္ကသိုလ်မှာ ကျင်းပနေတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်နေတဲ့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး

November 16, 2021 admin 0

ပြည်သူ့ကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးနဲ့ ပညာရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ အီတလီနိုင်ငံက “ပါးမား”တက္ကသိုလ်မှာယမန်နေ့ ကစတင် ကျင်းပနေတဲ့ Freedom from Fear – Democracy in Myanmar ခေါင်းစဉ်နဲ့ (၅) ရက်ကြာ ဆွေးနွေးပွဲကို ကိုယ်တိုင် […]

နွေဦးတော်လှန်ရေးတွင်ကျဆုံးခဲ့ရသည့်ညီညီအောင်ထက်နိုင်ရဲ့အမွှာအစ်ကို ကိုကိုအောင်ထက်နိုင်ကို မိခင်မှ အမွေပြတ်စွန့်လွှတ်

November 16, 2021 admin 0

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသည့်ညီညီအောင်ထက်နိုင်ရဲ့အစ်ကို ကိုကိုအောင်ထက်နိုင်ကိုမိခင်မှအမွေပြတ်စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ၁၂ရက်နေ့က အစိုးရသတင်းစာထဲတွင်ကြေညာခဲ့ပါတယ်။ ကိုကိုအောင်ထက်နိုင်နှင့်ညီညီအောင်ထက်နိုင်တို့ဟာ အမွှာညီအစ်ကိုလေး များဖြစ်ပြီး ညီဖြစ်သူညီညီအောင်ထက်နိုင်ဟာလည်း နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ သတင်းစာထဲမှာ သားဖြစ်သူမောင်ကိုကိုအောင်ထက်နိုင်သည်မိဘတို့​၏ဆိုဆုံးမမှုကို နားမထောင်ဘဲ နေ့စဉ်နှင့်အမျှစိတ်ဆင်းရဲအောင်အမျိုးမျိုးပြုလုပ်​နေသည့်အတွက်သားအဖြစ်မှအမွေပြတ်စွန့်လွှတ်လိုက်ပါသည်ဟုရေးသားဖော်ပြထားပါတယ်။ ကိုကိုအောင်ထက်နိုင်အနေနဲ့လည်းမိခင်ဖြစ်သူအမွေပြတ်စွန့်လွှတ်တဲ့ကိစ္စနှင့်ပတ်သတ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ အခုလိုလေး စိတ်မကောင်းစွာပြောလာပါတယ်။ “သားကိုခွင့်လွှတ်ပါ…. အမေတို့စကားနားမထောင်ဘဲသားလမ်းကိုသားဆက်ရွေးခဲ့တာပါ….တောင်းပန်ပါတယ်အမေ🙏 အမေလည်းသားကြောင့်ခက်ခဲပင်ပန်းနေခဲ့ရပြီ🙏” မိခင်ကြီးအနေနဲ့လည်း ကျန်ခဲ့တဲ့ အမွှာညီအစ်ကိုလေးထဲကတစ်ယောက်ကို […]

မြို့ပြကအသိမိတ်ဆွေတွေရဲ့ရှောင်ဖယ်လာမှုကိုရင်ဖွင့်လာတဲ့MRTVသတင်းကြေညာသူဟောင်းဦးကျော်သက်လင်း

November 16, 2021 admin 0

ဦးကျော်သက်လင်းဟာMRTVရုပ်သံဌာနကနေ စောဦးစွာCDM ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။CDM ပြုလုပ်ခဲ့ပြီးနောက်မှာ ခံယူချက်ပြင်းထန်စွာနှင့်တိုင်းပြည်အပေါ်သစ္စာရှိတဲ့ဦးကျော်သက်လင်းဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ အခုအချိန်မှာဆိုရင်ဦးကျော်သက်လင်းဟာ တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲနေထိုင်နေရင်း ပြောင်းလဲသွားတဲ့မြို့ပြက မိတ်ဆွေတွေရဲ့အကြောင်းကို အခုလိုလေးရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ “သတ္တဝါတိုင်းဟာဘယ်လောက်ပဲသေးငယ်တဲ့အကောင်လေးတွေပဲဖြစ်ဖြစ် ကိုယ့်ကိုအန္တရာယ်ပေးလာရင်… ဥပမာ-ခြင်လေးယင်လေးတကောင်ကို လွယ်လွယ်ဖမ်းလို့သတ်လို့မရပါဘူး။ ရိုက်ဖို့ချိန်လိုက်တာနဲ့ပျံသန်းလွတ်မြောက်သွားတာများတာပါပဲ။ ကျနော်တို့လည်းလွတ်မြောက်ဖို့အတွက်တစ်နေရာကိုစွန့်ခွါရပါတယ်။ စွန့်ချင်ခွါချင်လို့တော့ဘယ်ဟုတ်ပါ့မလည်း။ ဒါပေမယ့်ကိုယ်ကအန္တရာယ်ကြောင့်စွန့်ခွာရတဲ့အခါမြို့ပြကလူတွေကလည်းသူတို့ရပ်တည်မှုကိုထိခိုက်လာမှာကြောင့်ကျနော့်ကိုပြန်ခွာလာကြတယ်။ ကျနော်ခန္ဓာကသာသူတို့နားကခွာခဲ့ရပေမယ့်သူတို့ကစိတ်ရောကိုယ်ပါစွန့်ပစ်ဖယ်ခွာသွားကြတဲ့အခါ…. တောထဲမှာပဲ ချေးမဖောက်အကြေးခွံမခွာပဲ […]

ဗန်ဒါစေ့လေးရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေရတဲ့ အဖိုးအိုကို ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

November 14, 2021 admin 0

ပတ်ဝန်းကျင်မှာ အသက်အရွယ်ကြီးပြီးခက်ခဲစွာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ အဖိုးအို အဖွားအိုတို့ကို အားလုံးတွေ့ဖူးကြမှာပါ။ဒီတစ်ခါက်မှာလည်း အသက် ၈၀ ကျော် အဖိုးတစ်ယောက် မိုးရေထဲ ထီးမပါဘဲ မိုးကာလေးနဲ့ ဗန်ဒါစေ့လေးတွေရောင်းနေတဲ့ အဖိုးအိုကို ပြည်သူတစ်ဦးက တွေ့လိုက်တယ်လို့ ဆိုပါတယ်။ သူဟာ အဖိုးကို သနားတာကြောင့် အဖိုးနားရောက်သွားပြီး အဖိုးရေ ဘာတွေရောင်းနေတာလဲလို့ […]

တစ်နယ်လုံး အားထားရတဲ့ နတ်မောက်မြို့မဈေးကြီး အဆိုးဝါးဆုံး မီးလောင်ကျွမ်းခဲ့ပြီးနောက် ယနေ့မနက်ပိုင်းမှာ တွေ့မြင်ရတဲ့ စိတ်မကောင်းစရာ မြင်ကွင်း

November 14, 2021 admin 0

ယခုနှစ် နိုင်ငံရေးဖြစ်ပေါ်နေတဲ့ အခြေအနေကြားမှာ မီးလောင်ကျွမ်းမှုတွေကလည်း မြို့နယ်တချို့တွေမှာ မကြာခဏဖြစ်ပွားလာတာတွေ့ရပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ အများစုကတော့ နေအိမ်များနှင့် အများပြည်သူများအသုံးပြုနေတဲ့ ဈေးတွေပဲ ဖြစ်ပါတယ်။ ယခုမှာလည်း မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မဈေးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ စိတ်မကောင်းစွာ ကြားသိရပါတယ်။ မြို့မဈေးကြီးဟာ ယမန်နေ့ည (၉:၃၀)အချိန်ခန့်မှ စတင်လောင်ကျွမ်းခဲ့ပြီး ည (၁၁:၃၀)လောက်မှာ မီးညွှန့်ကျိုး […]

တန်ဆောင်တိုင်စတုဒိသာ အလှူလေးတွေ စတင်နေပြီဖြစ်တဲ့ မွန်ပြည်နယ်မှပုံရိပ်များ

November 14, 2021 admin 0

တန်ဆောင်တိုင်စတုဒိသာ အလှူဆိုတာ အလှူပေးရတာဝါသနာပါတဲ့ မြန်မာလူမျိုးတွေနဲ့ မစိမ်းကားတဲ့အရာပါ။မွန်ပြည်နယ်မှာလည်း တန်ဆောင်တိုင်စတုဒိသာအလှူလေးတွေကို နိုဝင်ဘာလ၁၃ရက်နေ့ကစပြီး ကျွေးမွေးလေ့ရှိတယ်လို့သိရပါတယ်။ အခုအလှူပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကတော့ မွန်ပြည်နယ် ၊ ပေါင်မြို့ ၊မိုးနှိုင်းရပ်ကွက်၊ နယ်ခြား ကွက်သစ်မှာရှိတဲ့ ဝရဇိန်(ပေါင်) ဆွမ်းလောင်း အသင်းရုံး ရှေ့မှာလို့ သိရပါတယ်။စတုဒိသာကျွေးဖို့ပြင်ဆင်နေတဲ့မုန့်လေးတွေက မုန့်အုပ်ကလေးတွေဖြစ်ပါတယ်။ အခုလို စတုဒိသာ အလှူလေးတွေကို […]

ပီဇာလေးမှာလို့ စေတနာထားပြီး သွားပို့ပေးကာမှ အချုပ်ဘဝနဲ့ (၄)လကျော်ကြာနေခဲ့ရတဲ့ အဖြစ်ကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

November 14, 2021 admin 0

ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နေရာဒေသတချို့တွေမှာ လူထုလှုပ်ရှားမှုတွေကို လက်ရှိအချိန်ထိ အားကြိုးမာန်တက် ဆက်လက်လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ ဒီလို လူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်ရင်းနဲ့လည်း သေဆုံးသူတွေအပြင် အကြောင်းမဲ့ အဖမ်းခံရသူတွေလည်း တစ်နေ့တခြား များလာတာ တွေ့ရပါတယ်။ ယခုမှာလည်း foot panda မှာ လုပ်ကိုင်နေတဲ့ ပြည်သူတစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်မျိုးကို အခြားသူတွေလည်း မဖြစ်အောင် […]

စစ်ကောင်စီကပေးအပ်ချီးမြှင့်တဲ့ အမျိုးသားတစ်သက်တာစာပေဆုကို ရရှိခဲ့တဲ့ နာမည်ကျော်စာရေးဆရာမ မစန္ဒာ

November 14, 2021 admin 0

သိပ်မကြာခင် တီဗီမှာ ပြသခဲ့ဖူးတဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲရဲ့ ဝတ္ထုကိုဖန်တီးခဲ့သူ နာမည်ကျော် စာရေးဆရာမ မစန္ဒာ ဟာ စစ်ကောင်စီက ပေးအပ်ချီးမြှင့်ခဲ့တဲ့ အမျိုးသားတစ်သက်တာစာပေဆုကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့် သူမရဲ့ စာဖတ်သူပရိတ်သတ်တွေအကြားအတော်ကို ရေပန်းစားနေတာပဲဖြစ်ပါတယ်။ သူမဟာ ယနေ့ထိတိုင် မဂ္ဂဇင်း ၊ ဝတ္ထုတို ၊ ဝတ္ထုရှည် စုစုပေါင်း (၂၀၀)ကျော် […]