စိတ်ချ အပျိုကြီးလုပ်မှာဆိုတဲ့ ငွေမှုံရတီ

January 31, 2019 Central Online News 0

ရွှေမှုံရတီနဲ့ငွေမှုံရတီဆိုတာသိပ်ချစ်ကြတဲ့ညီအစ်မတွေပါ။ရွှေ့မှုံကငွေမှုံကိုအကြီးပီပီဂရုတစိုက်နဲ့သင်ပြပေးတာတွေလည်းရှိသလိုငွေမှုံကလည်းအစ်မဖြစ်သူကိုအားကိုးပုံရပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာရွှေမှုံကမိခင်ဖြစ်သူကိုကလန်ကဆန်လုပ်ပြီးယောက်ျားယူသွားခဲ့တာကြောင့်အမေနဲ့စကားမပြောပဲဝေးသွားသလိုဖြစ်နေတယ်လို့သိရပါတယ်။   အဲ့ဒါကြောင့်ပဲလားတော့မသိ၊မိခင်ဖြစ်သူကငွေမှုံကိုပိုပြီးဂရုစိုက်လာပါတယ်တဲ့။ငွေမှုံရတီကမီဒီယာတွေနဲ့အင်တာဗျူးမှာမိခင်ရဲ့ဂရုစိုက်မှုပိုရလို့အရမ်းပျော်နေကြောင်းနဲ့ရွှေမှုံကိုပြောချင်တဲ့စကားတွေကို ဖြေကြားသွားပါတယ်။ ငွေမှုံရတီက အမေက အရင်တုန်းက ရွှေမှုံကိုပိုဂရုစိုက်ပေမယ့် အခုတော့ငွေမှုံကိုသည်းသည်းလှုပ်ဂရုစိုက်နေကြောင်းကို“အခုတော့သူက သူ့အိမ်ထောင်နဲ့သူဖြစ်သွားပြီဆိုတော့အမေနဲ့ညီမနဲ့ကအနီးဆုံးဖြစ်သွားပြီလေ။အဲ့တော့အမေကညီမကိုပိုပြီးတော့supportပေးလာတယ်။ အရင်က ဆို သူ့ကို စားချင်တဲ့ဟင်းတွေချက်ကျွေးပြီးတော့အရမ်းကိုဂရုစိုက်တာ။အခုကျတော့ သူ့ကိုချက်ကျွေးစရာမလိုတော့ဘူးဆိုတော့ ကိုယ်စားချင်တာလေးပြောပြီးအမေ့ကိုချက်ခိုင်းလိုက်ရုံပဲ။အရမ်းအဆင်ပြေတယ်။သူ့နေရာကိုဆက်ခံတော့မှာပေါ့”လို့ဖြေကြားထားပါတယ်။ ညီမတစ်ယောက်အနေနဲ့ရွှေမှုံကိုလည်းအောင်မြင်မှုကိုဆက်ထိန်းထားစေချင်တဲ့အကြောင်း“သူ့ကိုပြောချင်တာကတော့အောင်မြင်မှုကိုဆက်ထိန်းထားစေချင်တာပေါ့နော်။သူကအမေနဲ့စိတ်ဆိုးနေတာဆိုတော့အရင်တုန်းကစိတ်ပြန်ဖြစ်တာပေါ့။ဒါပေမယ့်သူကမိသားစုလေးတစ်ခုတည်ထောင်လိုက်ပြီဆိုတော့အောင်မြင်မှုကိုဆက်ပြီးထိန်းထားစေချင်တယ်။အလုပ်တွေလည်းပိုပြီးလုပ်စေချင်တယ်။ဒီထက်ပိုပြီးအောင်မြင်ရင်တော့ကောင်းတာပေါ့။ညီမဆန္ဒကတော့ အဲဒါပါပဲ”လို့ ရင်ဖွင့်ထားပါတယ်။ ရွှေမှုံကအစ်မကြီးပီသစွာပဲသင်ပေးတာတွေအများကြီးရှိကြောင်းနဲ့အဲဒီအတွက်ကျေးဇူးတင်တယ်ဆိုပြီးတော့လည်း“သူကတကယ်လုပ်ပြပြီးသင်ပေးတာပေါ့နော်။စကားနဲ့ပြောပြီးသင်ပေးတာမဟုတ်တဲ့အတွက်ညီမကတစ်ဘဝလုံးအတွက်အဆင်ပြေတယ်။အဲဒီအတွက်လည်းသူ့ကိုကျေးဇူးတင်တယ်”လို့ ပြောပြထားပါတယ်။ ရွှေမှုံရဲ့အရမ်းကိုသာယာလှပနေတဲ့အချစ်ရေးလေးကိုတော့အားတွေဘာတွေကျမနေပဲအပျိုကြီးပဲလုပ်မှာဖြစ်ကြောင်း“ကိုယ်တွေကအစကတည်းကFAသမားဆိုတော့အဲဒါတွေအားကိုမကျတာစိတ်မဝင်စားဘူး။သူများတွေပြောတယ်။အစ်မကတော့ယူသွားပြီနော်ညီမကရောဆိုတော့ သူယူတာနဲ့ပဲကိုယ်က ယူရတော့မလားလို့။စိတ်ချ အပျိုကြီးလုပ်မှာ”လို့ […]

ဝင်းစိန်ဆရာတော်မွေးနေ့မှာ အလှူငွေ သိန်းပေါင်း (၆၀၀၀) ကျော်လှူဒါန်းခဲ့တဲ့ နန္ဒာလှိုင်တို့မိသားစု

January 30, 2019 Central Online News 0

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုဟာ ဒီနေ့မှာ အလှူတစ်ခု ပြုခဲ့ပါတယ်။ ဝင်းစိန်ဆရာတော်ကြီးရဲ့ မွေးနေ့ပွဲမှာ အလှူငွေ သိန်းပေါင်း(၆၀၀၀)ကျော်ကို ပါဝင်ကုသိုလ်ယူ လှူဒါန်းခဲ့တာပါ။ သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုဟာ ဒီနေ့(ဇန်နဝါရီ၃၀ရက်)မှာ ကျရောက်တဲ့ ဝင်းစိန်တောရဆရာတော်ကြီးရဲ့ မွေးနေ့ပွဲကို သွားရောက်ရင်း အလှူဒါနပြုခဲ့တာ တွေ့ရပါတယ်။ […]

စာကလေးတစ်ပုဒ် (သို့) စောင်ကလေး တစ်ထည်

January 29, 2019 Central Online News 0

ဒီနှစ် ဆောင်းတွင်းက တော်တော်အေးတယ်။ မနက် မနက်ဆိုရင် ဆိုင်ကယ်စီးရတာ အရမ်းအေးတာပဲ။ ည (၈)နာရီလောက်ဆိုရင် အအေးဓာတ်က ၀င်လာပြီ။ ညအိပ်ရင်လည်း ထူထူထဲထဲလေးဝတ်ပြီး ‘စောင်’ သေချာခြုံအိပ်ရတယ်။အပြင်မှာလည်း နှင်းတွေ ကျနေတယ်။ တရုတ်အနွေးထည်ထူထူနဲ့ ဘောင်းဘီပွပွကို ၀တ်ပြီး အိပ်ရာ ၀င်ရတယ်။ ဒီလိုနဲ့  ဆောင်းတစ်ည […]

ဓမ္မာရုံ ဆောက်ဖို့ တနေ့ ရတဲ့ မုန့်ဖိုးလေးတွေစုပြီးလှုတဲ့ ၁၀ သိန်းအလှူရှင် မောင်နွေဦး

January 28, 2019 Central Online News 0

မင်းသား ရပ် ဓမ္မာရုံ ဆောက်ဖို့ ၁၀သိန်းအလှူရှင် မောင်နွေဦး။သူတနေ့ ရတဲ့ မုန့်ဖိုးလေးတွေစုပြီးလှုတာပါတဲ့။ကျွန်တော် ဖြင့် ကြားကြား ခြင်း ကြက်သီးတွေတောင်ထတယ်။ နတ်လူသာဓု ခေါ်ဆိုနိုင်ပါစေ။နောက်ဘဝဆက်တိုင်းတိုင်း ဒီလိုဘဝမျိုးမှ ကင်းဝေးပြီး လူစည်းစိမ် နတ်စည်းစိမ် ခံစား စံစားနိုင်ပါစေ။မနက် ၆း၃၀ လောက်ဆို ကျွန်တော်နဲ့အမြဲတွေ့ နူတ်ဆက် စကားပြော […]

ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်

January 28, 2019 Central Online News 0

ထီးမပါတဲ့ကလေး ဟုတ်ပါတယ်။ ထီးမပါတဲ့ကလေးဟာ မိုးထဲလေထဲမှာ ပိုအပြေးမြန်တတ်ပါတယ်။ ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန်ရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် […]

မြင်းကောင်ရေ(၁၀၀)အားရှိတဲ့ မော်တော်ကား

January 27, 2019 Central Online News 0

လွန်ခဲ့တဲ့အနှစ်၇၀လောက်က အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်ရဲ့မြို့သေးလေးတခုမှာနေတဲ့အင်ဒီးယန်း(Red Indian)လူမျိုး အဖိုးကြီးတယောက်ရဲ့ခြံဝင်းထဲမှာ ရေနံတွေ အများကြီးတွေ့ရတယ်။ ရေနံတူးတဲ့ ကုမ္ပဏီတစ်ခုက သူ့ခြံဝင်းကို ငွေအမြောက်အများပေးပြီး ဝယ်လိုက်လို့ အရင်ကဆင်းရဲတဲ့အဖိုးကြီးဟာ ရုတ်တရက် အရမ်းချမ်းသာသွားတယ်။ သိပ်မကြာခင်မှာ မြို့တစ်နေရာမှာ အိမ်သေးသေးတလုံးဝယ်လိုက်တယ်။ နောက်ပြီး အဲဒီခေတ်က ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးကားဖြစ်တဲ့ ကာဒီလက်ဇိမ်ခံကားရှည်ကြီးတစ်စီးကိုလဲ ဈေးကြီးပေးပြီး ဝယ်လိုက်တယ်။ […]

ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံး ဒြပ်စင် (၁၀)မျိုး

January 27, 2019 Central Online News 0

သေချာတာကတော့ ဘယ်လို ဒြပ်စင်က ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံးလဲလို့ မေးရင် ရွှေလို့ပဲ လူအများစုက ဖြေမှာပါ။ ဟုတ်ပါတယ်၊ ရွှေဟာ ကမ္ဘာပေါ်က ထွက်ရှိသမျှ ဒြပ်စင်တွေထဲမှာ တန်ဖိုးအကြီးဆုံး ဒြပ်စင်တခုပါပဲ။ ဒါပေမယ့် တန်ဖိုး အကြီးဆုံး ဟုတ်ပါရဲ့လား။ အခု ကျနော်က ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဒြပ်စင်တွေကို […]

မင်္ဂလာပွဲမှာ မူးမူးနဲ့ သတို့သမီးချွေးမလောင်းကို အတင်းနမ်းခဲ့တဲ့ ယောက္ခထီး

January 26, 2019 Central Online News 0

အွန်လိုင်းပေါ်မှာ မင်္ဂလာဆောင်တစ်ခုက ဗီဒီယိုဖိုင်ပျံ့နေပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာတော့ သတို့သမီးကို အမျိုးသားကြီး တစ်ယောက်က စင်ပေါ်ကို အတင်းဆွဲခေါ်လာပြီး နမ်းနေတဲ့ ပုံပါ။ aအာက်က ပရိသတ်တွေအားလုံးကလည်း ဒီဖြစ်ရပ်ကို မြင်လိုက်ရပြီး အံ့သြသင့်ကာ မင်္ဂလာပွဲလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ Jiangsu ပြည်နယ်၊ Yancheng […]

ဂိမ်းကစားပြီး ၂၀၁၈ ခုနှစ်ထဲမှာတင် ဝင်ငွေ ဒေါ်လာ ၁၀ သန်းရှာနိုင်ခဲ့တဲ့ မီလျံနာ လူငယ်လေး

January 25, 2019 Central Online News 0

အီးစ​ပေါ့ဂိမ်း​လောကမှာ ကမ္ဘာ့နာမည်​အကြီးဆုံး​တွေထဲက တစ်​​ယောက်​​ဖြစ်​တဲ့ အသက်​ ၂၇ နှစ်​အရွယ်​ တိုင်​လာဘလဲဗင်​ (Tyler Blevins) ​ခေါ် Ninja ဟာ ၂၀၁၈ ခုနှစ်​အတွင်းမှာ ဂိမ်းကစားပြီး ​ဒေါ်လာ ၁၀ သန်းနီးပါးအထိ သူ့အိတ်​ကပ်​ထဲ​ရောက်​လာအောင် လုပ်နိုင်ခဲ့ပါတယ်​​။ Ninja ရဲ့ဘဝမှာ အ​အောင်​မြင်​ဆုံးနှစ်​တစ်​နှစ်​ဖြစ်​ခဲ့သလို အွန်​လိုင်းဂိမ်း​ကစားပြီး လူငယ်​မီလျံနာတစ်ယောက်အဖြစ် […]

ထိမိရုံနဲ့ လူကို သွေးခဲပြီး ဇီဝိန်ကြွေစေမယ့် ကမ္ဘာ့အဆိပ်အပြင်းဆုံး ခူကောင်

January 25, 2019 Central Online News 0

ခူကောင်တွေဟာ များသောအားဖြင့် တွားသွားတတ်ကြပါတယ်။ လူအများစုကတော့ ခူကောင် သို့မဟုတ် ပေါက်ဖတ်တွေဟာ အန္တရာယ်မရှိဘူးလို့ ယူဆကြပါတယ်။ ဒါပေမယ့် ဘရာဇီးနိုင်ငံမှာ တွေ့ရတဲ့ Lonomia obliqua အမည်ရှိတဲ့ ခူကောင်ကတော့ ထိလိုက်မိရုံနဲ့ လူတစ်ယောက်လုံးကို သွေးတွေခဲပြီး သေစေတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။ ၄င်းခူကောင်ရဲ့ ကိုယ်လုံးဟာ သစ်ပင်အသေးစားလေးတွေနဲ့ တူပါတယ်။ […]