ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရထားသော အီရန်လွှတ်တော်အမတ်တစ်ဦး သေဆုံး

February 29, 2020 Admin 0

အီရန်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော  လွှတ်တော်အမတ်တစ်ဦးသည် သေဆုံးသွားကြောင်း  အီရန်သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ လွှတ်တော်အမတ် Mohammad Ali Ramazani Dastak သည် အသက်ရှုလမ်းကြောင်းနှင့် အဖျားရောဂါ ခံစားရပြီးနောက် ဆေးရုံတက်ကုသမှု ခံယူပြီးနောက်ကွယ်လွန်သွားခဲ့ကြောင်း၊ ၎င်းတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း  သိရှိရသည်။ အဆိုပါ လွှတ်တော်အမတ်သည် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော လွှတ်တော်အမတ် ၅ ဦးတွင် […]

ထိုင်းနိုင်ငံမှာ မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့ပြီး သမီးဖြစ်သူအား မုဒိန်းကျင့်ခဲ့သူ ဖမ်းဆီးခံရ

February 29, 2020 Admin 0

ထိုင်းနိုင်ငံ Wiang Pa Pao ခရိုင် Hua Wiang ကျေးရွာရှိ လက်ထောက်ရွာသူကြီးကို မိခင်ဖြစ်သူအား သတ်ဖြတ်မှု၊ သမီးဖြစ်သူအား မုဒိမ်းကျင့်မှုနဲ့ တရားစွဲဆိုဖမ်းဆီးလိုက်ပါတယ်။Hua Wiang ကျေးရွာ လက်ထောက်ရွာသူကြီးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားဟာ ဒီရာဇ၀တ်မှုကို ကျေးရွာသူကြီးဆီမှာ သောကြာနေ့က ၀န်ခံခဲ့ပြီး […]

ကိုယ်ပိုင်ဝင်ငွေထဲက အလှူလုပ်ဖို့ ပိုက်ဆံအမြဲစုတယ်ဆိုတဲ့ နေခြည်ဦး

February 29, 2020 Admin 0

ဒါပေမယ့် ဖေ့စ်ဘွတ်ပေါ် သိပ်မတင်ဖြစ်ဘူး။နေခြည်ဦးကတော့ သူမရဲ့ ငွေကြေးတွေထဲက အလှူအတန်းလုပ်ခွင့်ရတာ အရမ်းပျော်နေမိတယ်လို့ဆိုပါတယ်။နေခြည်ဦးကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် စိတ်အားထက်သန်တယ်လို့ ဆိုပါတယ်။ သူမရဲ့ အနုပညာကြေးတွေထဲကနေ အလှူလုပ်ဖို့ဆိုပြီးတော့ ပိုက်ဆံသက်သက် စုဖြစ်တယ်လို့ သူကပြောပါတယ်။ “ နေခြည့်မှာ နောက်ပြန်ကြည့်ရမယ့် မိသားစု ဆိုတာ မရှိသေးဘူး။ ကလေးလည်း မရှိဘူး၊ […]

မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် မူဟီဒင်ယာစင်ကို ခန့်အပ်ကြောင်း ဘုရင့်နန်းတော်က ထုတ်ပြန်

February 29, 2020 Admin 0

ပြည်သူတွေနဲ့ နိုင်ငံ အဆင်ပြေရန် ဝန်ကြီးချုပ်ခန့်အပ်မှု နှောင့်နှေးလို့မရနိုင်ကြောင်း မလေးရှားဘုရင်က ပြောပါတယ်။မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် မူဟီဒင်ယာစင်ကို ခန့်အပ်သွားမယ်လို့ ဘုရင့်နန်းတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက် ရုတ်တရက် ရာထူးမှနုတ်ထွက်သွားမှုနဲ့အတူ မလေးရှားမှာ သီတင်းတစ်ပတ်ကြာ အာဏာလွန်ဆွဲမှု ပေါ်ပေါက်နေခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့်သူကို နန်းတော်က ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ဘုရင်နဲ့ လွှတ်တော်အမတ်အားလုံး တွေ့ဆဲုခဲ့ပြီးနောက် […]

အစိုးရအဖွဲ့ဝင်များစီးရန်ရဟတ်ယာဉ်ဝယ်ယူခြင်းအပေါ် အလွန်အကြူးဝေဖန်ရန်မလိုအပ်ဟု NLD ပါတီမှ မုံရွာအောင်ရှင် သုံးသပ်

February 29, 2020 Admin 0

အစိုးရအဖွဲ့ဝင်များစီးရန်ရဟတ်ယာဉ်ဝယ်ယူခြင်းအပေါ် အလွန်အကြူးဝေဖန်ရန်မလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။အစိုးရအဖွဲ့ဝင်များစီးရန် အရပ်ဘက်သုံးရဟတ်တစ်စီးဝယ်ယူမှုအပေါ် ဝေဖန်မှုများရှိနေခြင်းနှင့်ပတ်သက်၍ အကုန်သိသတင်းဌာန၏မေးမြန်းမှုအပေါ် အထက်ပါအတိုင်းဖြေကြားပေးခြင်းဖြစ်သည်။ “အစိုးရအနေနဲ့ကတော့ ဝယ်စရာရှိတဲ့အရာကိုတော့ဝယ်ရမှာပါပဲ။ ဒါကလည်းလူကြီးတွေစီးဖို့၊ သွားဖို့၊ လာဖို့၊ အလွယ်တကူဖြစ်ဖို့၊ ခရီးအချိန်မကြန့်ကြာဖို့၊ ဒီအတွက်ဝယ်တာပါပဲ။ ဒါကတော့သိပ်ဝေဖန်ဖို့တော့ မလိုဘူးထင်တယ်။ ဝယ်ယူရတယ်ဆိုတာကလည်းတိုင်းပြည်ရဲ့ လိုအပ်ချက်ကြောင့်ပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။လက်ရှိတွင် […]

ပဲခူးတိုင်းအတွင်း စတုတ္ထတန်းနှင့် အဌမတန်း မေးခွန်းများ ပေါက်ကြားမှု အမှုဖွင့်

February 29, 2020 Admin 0

၂၀၁၉ – ၂၀၂၀ ပညာရေးနှစ်အတွက် ပဲခူးတိုင်းအတွင်းကနေ စတုတ္ထတန်းဖြေဆိုသူ ၁ သိန်းဝန်းကျင်နဲ့ အဌမတန်း ဖြေဆိုသူ ၇ သောင်းလောက်ရှိပြီး အဲဒီအတန်းတွေကို ဖေဖဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး စားမေးပွဲ စစ်ဆေးနေပါတယ်။ စာစစ်ဌာနတွေမှာလည်း မေးခွန်းထားတဲ့ မေးခွန်းတိုက်ထဲမှာ စနစ်တကျ သိမ်ဆည်းထားပြီး ဖြေဆိုမယ့်မနက် စာမေးပွဲအချိန်နီးမှ […]

စင်ကာပူမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဝန်ထမ်းတွေကို ဘောနပ်စ်ပေးပြီး နိုင်ငံရေးခေါင်းဆောင်များ လစာလျှော့ယူမည်

February 29, 2020 Admin 0

လခတစ်လစာ ပမာဏရှိ အထူးဘောနပ်စ် ပေးအပ်ချီးမြှင့်သွားမှာပါ။စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်တိုက်ဖျက်ရေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အစိုးရက လခတစ်လစာ ပမာဏရှိ အထူးဘောနပ်စ် ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ စင်ကာပူ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာ‌ရေးဝန်ကြီး Heng Swee Keat က အဆိုပါ ပြည်သူ့ဝန်ထမ်းတွေကို […]

မော်လဒိုက်က မြန်မာနိုင်ငံအား ICJ တရားရုံးတွင်တရားစွဲဆိုခြင်းကို အထူးတလည်ဖြေရှင်းစရာမလိုဟု ဆို

February 29, 2020 Admin 0

မော်လဒိုက်နိုင်ငံက မြန်မာနိုင်ငံအား ICJ နိုင်ငံတကာတရားရုံးတွင်တရားစွဲဆိုခြင်းသည် အပိုလုပ်ငန်းဖြစ်သောကြောင့် အထူးတလည်ဖြေရှင်းနေစရာမလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က ပြောသည်။ဖေဖေါ်ဝါရီလ ၂၈ ရက်၌ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ “ကျွန်တော်တို့မြန်မာနိုင်ငံကိုမော်လဒိုက်နိုင်ငံကထပ်ပြီးတော့တရားစွဲမယ်ဆိုတာ ဒါကအပိုလုပ်ငန်းဖြစ်နေတဲ့အတွက် အထူးတလည်ဖြေရှင်းနေစရာမလိုပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ မော်လဒိုက်နိုင်ငံဟာ ကျွန်တော်တို့နိုင်ငံနဲ့ပထ၀ီအနေအထားအရလည်းထိစပ်မနေဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံအကြောင်းလည်း သူတို့ဘာမှန်းမသိဘူး။ပြည်ပကမီဒီယာတွေရေးထားတာပဲသူတို့သိတာဖြစ်တယ်။ နောက်ပြီးတရားစွဲဖြစ်ရင်လည်းဂမ်ဘီယာနိုင်ငံကကိုးကားထားတဲ့ကုလသမဂ္ဂစုံစမ်းရေးမစ်ရှင်အဖွဲ့ရဲ့ အစီရင်ခံစာကိုပဲကိုးကားမှာမို့လို့ […]

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာ ဗိုင်းရပ်စ်စိုးရိမ်မှုအရ လူ ၈,၄၀၀ ကို စောင့်ကြည့်နေ

February 29, 2020 Admin 0

လေကြောင်းခရီးစဉ်များဖြင့် ရောက်ရှိလာခဲ့သူ ၈,၄၀၀ ကျော်ကို စောင့်ကြည့်နေပါတယ်။အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ စိုးရိမ်ပူပန်မှုအရ လေကြောင်းခရီးစဉ်များဖြင့် ရောက်ရှိလာခဲ့သူ ၈,၄၀၀ ကျော်ကို COVID-19 ရောဂါဗိုင်းရပ်စ်လက္ခဏာများအတွက် စောင့်ကြည့်နေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ပြောပါတယ်။ဖေဖေါ်ဝါရီ ၂၈ ရက် မနက်ပိုင်းအထိ […]

အီရန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အနည်းဆုံး ၂၁၀ ဦးရှိကြောင်း BBC သတင်းက ဖော်ပြလာ

February 29, 2020 Admin 0

အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ BBC က လိမ်ညာသတင်းဖြန့်နေကြောင်း စွပ်စွဲခဲ့ပါတယ်။အီရန်နိုင်ငံမှာ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် အနည်းဆုံး လူ ၂၁၀ BBC သတင်းက ဖော်ပြထားပါတယ်။အီရန်အစိုးရက တရားဝင် ထုတ်ပြန်ထားမှုနဲ့ များစွာကွာဟနေတဲ့ အဆိုပါ သေဆုံးသူအရေအတွက်ကို ဆေးရုံသတင်းရင်းမြစ်တွေက BBC Persian ရေဒီယိုနဲ့ ရုပ်မြင့်သံကြားသတင်းဌာနကို […]