Covid-19 ကာလမှာတောင် နာရေးကားကိုယ်တိုင်မောင်းပြီး အားဖြည့်ကူညီနေတဲ့ ရွှေပိုးအိမ်

April 30, 2020 Admin 0

ရွှေပိုးအိမ်ကတော့ မွန်မြတ်လှတဲ့ပရဟိတစိတ်တွေကြောင့် ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။ သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူတည်ထောင်ထားတဲ့ နာရေးကူညီမှုအသင်းကြီးမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ကူညီနေသူပါ။ သူတတ်ကျွမ်းတဲ့အနုပညာအလုပ်ကနေ ရရှိလာတဲ့ငွေကြေးတွေကိုလည်း ဝေပုံကျခွဲပြီး မကြာခဏဆိုသလို လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းလေ့ရှိသူပါ။ မနေ့က ဧပြီ(၂၉) ရက်နေ့မှာလည်း ရွှေပိုးအိမ်ကတော့ တနေ့တာလုပ်အားပေးကုသိုလ်အနေနဲ့ ရေဝေးသုဿန်မှာ သွားရောက်သဂြိုလ်မယ့် ရုပ်အလောင်းကို သေဆုံးသူနေအိမ်မှ ရေဝေးသုဿန်အထိ ကိုယ်တိုင်နိဗ္ဗာန်ယာဉ်ကိုမောင်းပြီး […]

လွှတ်တော်တက်မည့် ကိုယ်စားလှယ်အားလုံးကို COVID-19 ရှိမရှိ စစ်ဆေးမည်

April 30, 2020 Admin 0

လာမယ့် မေလ ၁၈ ရက်နေ့မှာ ပြန်လည်ခေါ်ယူ ကျင်းပမယ့် လွှတ်တော်အစည်းအဝေး တွေကို တက်ရောက်မယ့် ကိုယ်စားလှယ် အားလုံးဟာ COVID-19 ရှိမရှိ ကျန်းမာရေး စစ်ဆေးခံမယ်လို့ သိပါရတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က “နေပြည်တော်ကို လွှတ်တော်အစည်းအဝေးအတွက် မေလ (၉) ရက်နေ့ထက် မစော (၁၀) […]

တောင်ကိုရီးယားနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၉၆ ဦးကို ပြန်လည်ခေါ်ယူ

April 30, 2020 Admin 0

COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ ကာလအတွင်း တောင်ကိုရီးယားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၉၆ ဦးကို လေယာဉ်နဲ့ ရန်ကုန်ကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ကိုရီးယားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို Relief Flight […]

ရောဂါပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည်ကိုအသုံးပြုပြီး ပိုးတွေ့လူနာတွေကို ကုသဖို့စီစဉ်နေ

April 30, 2020 Admin 0

နိုင်ငံတကာမှာတော့ ဒီနည်းကိုအသုံးပြုလျှက်ရှိတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံအတွင်းမှာ COVID 19 ရောဂါပျောက်ကင်းသူတွေရဲ့ သွေးရည်ကြည်ကို အသုံးပြုပြီး ပိုးတွေ့လူနာတွေကို ကုပေးနိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယာယီအကြံပေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ အကြံပေးအဖွဲ့က ရောဂါပျောက်ကင်းသွားသူတွေရဲ့သွေးရည်ကြည်ကိုသုံးပြီး ရောဂါကုဖို့အတွက် စီစဉ်နေပါတယ်။ တရုတ်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေမှာလည်း အခုလို ကုထုံးနည်းကို သုတေသနလုပ်ထားတာတွအများကြီးရှိလို့ မြန်မာနိုင်ငံလည်း စတင်စမ်းဆောင်ရွက်မှာဖြစ်တယ်လို့ […]

အင်ဒိုနီးရှားမှာ ကိုဗစ်ကာကွယ်ရန် နေပူခံခြင်းနှင့် အခြားနည်းလမ်းဖြင့် ရနိုင်သော ဗီတာမင် D

April 30, 2020 Admin 0

ပူပြင်းတဲ့ နေရောင်အောက်မှာ အကြာကြီးနေပူစာလှုံခြင်းကြောင့် အရေပြားကင်ဆာနဲ့ ခမ္ဓာကိုယ်ဆဲလ်တွေအတွက် အန္တရာယ်ရှိတယ်လို့ အစိုးရက သတိပေးချက်တွေ ထုတ်ပြန်ထားပေမယ့် အင်ဒိုနီးရှားက လူအချို့ကတော့ အခုလို နေပူခံခြင်းက Covid-19 မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ထင်မြင်နေကြဆဲဖြစ်ပါတယ်။ ဒီအယူအဆဟာ ဘာလီကျွန်းပတ်ဝန်းကျင်မှာ နေစာလှုံလေ့တဲ့ နိုင်ငံခြားသားတွေဆီကနေ လူမှုကွန်ယက်တွေပေါ်ကနေ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ နေရောင်ခြည်ဟာ […]

တုပ်ကွေးရာသီအစတွင် ဖျားနာ ချောင်းဆိုးဖြစ်ရုံနှင့် ကိုဗစ် သံသယလူနာအဖြစ် စစ်ဆေးမည်

April 30, 2020 Admin 0

ယခုကဲ့သို့ တုပ်ကွေး ရာသီအစတွင် ဖျားနာ၊ ချောင်းဆိုးဖြစ်ရုံနှင့် ကိုဗစ်-၁၉ သံသယလူနာအဖြစ် သတ်မှတ်ပြီး စစ်ဆေး မှုများ လုပ်ဆောင်သွားရန် ရှိသည်ဟု COVID-19 ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်(NHL)က ပြောသည်။ တုပ်ကွေးရာသီအစဆိုသည်မှာ မည်သည့် အချိန်ကာလကို ရည်ညွန်းသည်ကိုတော့ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်က ထည့်သွင်း ပြောသွားခြင်း […]

ရထားစီးခရီးသည်များ Quarantine မဝင်လိုသဖြင့် လမ်းခုလတ်ဘူတာတွင် ဆင်းသူများရှိနေ

April 30, 2020 Admin 0

ရန်ကုန်နဲ့ မန္တလေးခရီးစဉ် ရထားစီးလိုက်ပါလာပြီး Quarantine မဝင်လိုတဲ့အတွက် ‌ကျောက်ဆည်ဘူတာမှာပဲ ဆင်းခဲ့တဲ့ ခရီးသည် ၁၄ ဦးကို သက်ဆိုင်ရာနေရာမှာ Facility Quarantine ထားရှိဖို့ ပို့ဆောင်လိုက်တယ်လို့ ကျောက်ဆည်မြို့နယ်‌ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ရန်ကုန်နဲ့ မန္တလေးကို ရထားနဲ့ ခရီးသွားလာသူတွေအနေနဲ့ ဧပြီ ၂၅ […]

တောင်ဒဂုံမြို့နယ် အိမ်ထောင်စု ၂၄၀၀ စာအတွက် စားနပ်ရိက္ခာများ လှူဒါန်းခဲ့တဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေ

April 30, 2020 Admin 0

သရုပ်ဆောင်ခိုင်နှင်းဝေမှ သူမတည်ထောင်ထားတဲ့ ခိုင်နှင်းဝေပရဟိတအသင်း၊ ရင်ခွင်မဲ့ ပရဟိတအသင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်တို့နှင့်ပူးပေါင်း၍ တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်အတွက်၊ တစ်ရပ်ကွက်လျှင် အိမ်ခြေ (၁၀၀) နှုန်းဖြင့် စုစုပေါင်း အိမ်ခြေ (၂၄၀၀) စာ ဆန်၊ ဆီ၊ စားနပ်ရိက္ခာများ ကူညီလှူဒါန်းသွားမယ့် အစီအစဉ်ကို […]

NHLက လိုအပ်ချက်အဖြစ် 500kva မီးစက်တစ်လုံးသာ နိုင်ငံတော်ကိုတောင်းဆို

April 30, 2020 Admin 0

မကြာခဏမီးပျက်တဲ့အတွက် ဓာတ်ခွဲနမူနာစစ်ဆေးရာမှာနှောင့်နှေးနေရတယ်လို့ပြောခဲ့ပါတယ်။ဒီနေ့မနက်(၁၀)နာရီမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်နဲ့ အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်မှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(National Health Laboratory) ရဲ့ COVID-19 ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခဒေါ်ဌေးဌေးတင်က NHL ရဲ့လိုအပ်ချက်အဖြစ် 500KVA မီးစက်တစ်လုံးသာအရေးပေါ်လိုတယ်လို့တောင်းဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NHL အတွက် နိုင်ငံတော်က ဘာပံ့ပိုးပေးရမလဲလို့မေးမြန်းခဲ့ရာမှာ ဒေါ်ဌေးဌေးက အခုလိုဖြေကြားခဲ့တာပါ။ လက်ရှိကာလက […]

မန္တလေးမှာနေအိမ်အတွင်းသေဆုံးခဲ့သူက အင်္ဂလန်နိုင်ငံသား ကျောင်းဆရာတစ်ဦးဖြစ်

April 30, 2020 Admin 0

လွန်ခဲ့တဲ့ တစ်နှစ်ကထိ မန္တလေးက ကျောင်းတစ်ကျောင်းမှာ စာသင်ခဲ့တဲ့ ဆရာလို့ သိရပါတယ်။ဧပြီလ ၂၉ ရက်နေ့က သေဆုံးသွားခဲ့တဲ့ နိုင်ငံခြားသားဟာ အသက်( ၅၅)နှစ်အရွယ် အင်္ဂလန်နိုင်ငံသား Mr Jake Harvey လို့ အမည်ရပြီး မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ အကွက်(၈၂၃)၊ ၃၈x၃၉လမ်းကြား၊ ၆၀x၆၁လမ်းကြား ရတနာတိုင်းပြည်အိမ်ယာဝင်းအတွင်း […]