
ဟန်ဆောင်မှုအပေါ်ယံတွေကို မကြိုက်တတ်တဲ့သူဖြစ်ကြောင်း ပြောပြလာတဲ့ ချစ်သုဝေ
ချစ်သုဝေကတော့ အဆိုတော်၊သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတာပါ။ ဒါ့အပြင် ပညာရေးမှာထူးချွန်သလို ပရဟိတတွေကိုစိတ်အားထက်ထက်သန်သန်လုပ်တာကြောင့် လေးစားအားကျစရာကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့မနေ့ကမွေးနေ့ရက်မြတ်လေးကျရောက်ခဲ့တာဖြစ်ပြီး Surprise လုပ်ပေးတဲ့သူတွေကြောင့် ပျော်ရွှင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အသက်တစ်နှစ်ကြီးသွားပြီဖြစ်တဲ့ထရီဇာတစ်ယောက်က အဖြူရောင်မြန်မာဝတ်စုံလေးနဲ့အတူ “အသက် ၃၆ စိတ်မြန်တယ်..ဘယ်လောက်မြန်လဲဆို စိတ်ကမှန်းရင်လူကချက်ချင်းလိုက်လုပ်တတ်တာမျိုး စိတ်ရှင်းရှင်းပဲထားတယ် (ဘယ်လောက်ရှင်းချင်လဲဆို ကိုယ့်ကို လာဝှေ့ပတ်မယ်, ကွေ့ဝိုက်နေမယ် […]