မေမေခိုင်နှင်းဝေကို တစ်ယောက်ချင်းစီအာဘွားပေးနေကြပြီး အနားကနေမခွါတော့ဘဲ အရမ်းချစ်နေကြတဲ့ချစ်စရာ သားသား၊မီးမီးလေးများ

September 30, 2021 admin 0

ပြည်သူချစ်မင်းသမီးချောတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ပြည်သူတွေရဲ့ကောင်းကျိုးကိုလိုလားပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။ရင်ခွင်ပိုက်အရွယ်လေးတွေနဲ့ မိဘရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ ကလေးတွေကိုလည်း နွေးထွေးစွာထွေးပွေ့ပေးထားတာဖြစ်ပါတယ်။ခိုင်းနှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကတော့ ချစ်စရာသားသားမီးမီးလေးတွေရှိလို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှပါတယ်။ ခိုင်နှင်းဝေကလည်း သားသမီးတွေအပေါ်မှာ ဖခင်လိုတစ်သွယ်၊မိခင်လိုတစ်မျိုးစောင့်ရှောက်ကြင်နာပေးတာဖြစ်ပါတယ်။ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ကိုတည်ထောင်ထားတာ နှစ်အနည်းငယ်ပဲရှိသေးပေမယ့် အလှူရှင်တွေကလည်း ယုံကြည်လို့လှူဒါန်းနေကြတာပဲဖြစ်ပါတယ်။ကလေးငယ်တွေလည်း တဖြည်းဖြည်းအရွယ်ရောက်လာကြပြီး အေးချမ်းတဲ့အရိပ်အောက်မှာ ကလေးဘဝကို အပူအပင်ကင်းစွာဖြတ်သန်းနေကြတာဖြစ်ပါတယ်။ မေမေခိုင်နှင်းဝေကလည်း သားသမီးလေးတွေဆီ နေ့တိုင်းနီးပါးသွားလည်ပြီး […]

ဆီဆိုင်တချို့ ခေတ္တရပ်နားတော့မယ်ဆိုတဲ့ သတင်းများကြောင့် အလုအယက် တန်းစီးပြီး ဆီလာဖြည့်နေရတဲ့ တောင်ငူမြို့က ပြည်သူတွေရဲ့အဖြစ်

September 30, 2021 admin 0

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လတ်တလောမှာ ရွှေဈေး၊ လောင်စာဆီဈေးနဲ့ ဒေါ်လာဈေးတွေကလည်း တစ်ရက်နှင့်တစ်ရက် စံချိန်တင်လောက်အောင် သိသိသာသာ ထိုးတက်လာခဲ့ပါတယ်။ ဒီလို အဆမတန်တက်လာကြောင့် ဝယ်လိုအားတွေကျဆင်းလာပြီး တချို့ဆိုင်တွေ ခေတ္တရပ်နားလာကြသလို ပြည်သူတွေအတွက်လည်း ပိုမိုအခက်တွေ့လာခဲ့ပါတယ်။ စတင်ဘာလ (၂၉)ရက်နေ့ကလည်း တောင်ငူမြို့မှာ လောင်စာဆီဈေးတွေတက်လာလို့ ဆိုင်တွေပိတ်တော့မယ်ဆိုတဲ့ သတင်းများကြောင့် ညအချိန်အထိ […]

သူမရဲ့ဂေဟာဆီ လာရောက်လှူဒါန်းထားတဲ့ ထမင်းဗူးတွေကို လမ်းသွားလမ်းလာပြည်သူတွေအား ပြန်လည်လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေ

September 30, 2021 admin 0

စီးပွားရေးအဆင်မပြေဖြစ်နေတဲ့ ယခုလိုကာလကြီးမှာ ​အခြေခံပြည်သူတွေဟာ စားဝတ်နေရေးပြဿနာကိုတောင် အနိုင်နိုင် ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ပရဟိတသမားတွေကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေကို ကူညီပေးလျက် ရှိနေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် ခိုင်နှင်းဝေတစ်ယောက်ဟာလည်း အခြေခံပြည်သူတွေကို စားသောက်ကုန်လှူဒါန်းတာတွေ ပြုလုပ်ပေးနေသလို မိဘမဲ့ကလေးငယ်လေးတွေကိုလည်း မွေးစားပေးနေသူဖြစ်ပါတယ်။ စက်တင်ဘာလ (၂၉)ရက်နေ့ မနေ့ကတော့ သရုပ်ဆောင်ခိုင်နှင်းဝေဟာ ဝမ်းရေးအတွက် သွားလာလှုပ်ရှားနေကြတဲ့ […]

မုံရွာတွင် စစ်ကောင်စီသတင်းပေး ၁ ဦး အသတ်ခံရ

September 30, 2021 admin 0

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ လယ်ဇင်ကျေးရွာက စစ်ကောင်စီသတင်းပေးဆိုပြီး လူသိများတဲ့ အမျိုးသား တယောက် စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မုံရွာ-ကျောက္ကာလမ်း ဇလုပ်ဆီဆိုင်အနီးမှာ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒေသခံတဦးက “ငအောင်က စစ်တပ်ကိုသတင်းပေးလုပ်တယ်။ လယ်ဇင်ရွာမှာ စာသင်ကျောင်း မီးရှို့ ဖျက်ဆီးတုန်းက သူက ပါဝင်ပတ်သက်မှုရှိတယ်။ မုံရွာမှာ […]

သရက်ချောင်းတွင် စစ်​ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၁ ဦး၏ နေအိမ်ကို မီးရှို့ဖျက်ဆီး

September 30, 2021 admin 0

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်​ချောင်းမြို့နယ်၊ သဲ​ချောင်းကြီးရွာ​မှာ အပြစ်မဲ့ ပြည်သူတဦးရဲ့ ​နေအိမ်ကို စစ်ကောင်စီတပ် အင်အား ၂၀ လောက်က စက်တင်ဘာ ၂၉ ရက်ည ၁၂ လောက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ သဲချောင်းကြီးရွာမှာ ညဘက် PDF ပုံစံ အရပ်ဝတ်တွေနဲ့ […]

ဂန့်ဂေါမြို့နယ်တွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ၂၀ ခန့် သေဆုံး

September 30, 2021 admin 0

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ဂန့်ဂေါ PDF နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အယောက် ၂၀ လောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။ ဂန့်ဂေါမြို့နယ်ထဲမှာ မနေ့မနက်ပိုင်းက […]

ပခုက္ကူမြို့တွင် အိမ်အပြင်ထွက်သူများကို ပစ်မိန့်ပေးထားကြောင်း လိုက်လံသတိပေး

September 30, 2021 admin 0

ပခုက္ကူမြို့မှာ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီကနေ ၅ နာရီအထိ မြို့လူထုကို အိမ်အပြင်မထွက်ဖို့နဲ့ ထွက်သူတွေကို ပစ်မိန့်ပေးထားကြောင်း ရဲကား၊ စစ်ကားတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံ သတိပေးနေတယ်လို့ မြို့ဒေသခံတွေဆီက သိရပါတယ်။ အခုလို လိုက်လံသတိပေးတာတွေကို စက်တင်ဘာ ၂၉ ရက်နေ့ […]

ပထမဆုံးအကယ်ဒမီကို ဆွတ်ခူးနိုင်ခဲ့စဉ်က တလက်လက်တောက်ပနေတဲ့အလှတရားတွေနဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တစ်ချို့

September 29, 2021 admin 0

လက်ရှိမှာအသက် (၄၀) ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့ အသက် (၂၀) ကျော်ဝန်းကျင်အရွယ်က ပုံရိပ်တွေဟာ လူမှုကွန်ယက်မှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ အနုပညာရှင်အဖြစ်နဲ့ နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့ပြီး လက်ရှိမှာလည်း အမှန်တရားတစ်ခုအတွက် ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ရင်း အကျဉ်းကျခံနေရတာမို့ သူမရဲ့ပရိသတ်တွေက သူမအတွက်အရမ်းကို ဂုဏ်ယူနေခဲ့ပါတယ်။ အကယ်ဒမီနှစ်ဆုထိ ထူးထူးချွန်ချွန်ဆွတ်ခူးနိုင်ခဲ့တဲ့ မင်းသမီးဟာ သရုပ်ဆောင်ကောင်းရုံတင်မကဘဲ ရပ်တည်ချက်ပြတ်သားတဲ့ […]

မြန်မာ့ရွှေဈေး ကျပ် ၂၂ သိန်းကျော်အထိတက်ပြီး ပြန်လည်ကျဆင်း

September 29, 2021 admin 0

ထိန်းမရအောင် ထိုးကျနေတဲ့ မြန်မာ့ကျပ်ငွေတန်ဖိုးကြောင့် ဈေးမငြိမ်ဖြစ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ စက်တင်ဘာ ၂၉ ရက် ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်း ကျော်အထိတက်သွားပြီး နာရီပိုင်းအတွင်း ကျပ် တစ်သိန်းကျော် ပြန်လည်ကျဆင်းသွားပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်း ၂ […]

ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကလေး (၃)မြွှာပူးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြန်တဲ့ ကျောင်းကုန်းမြို့နယ်က မိခင်တစ်ဦး

September 29, 2021 admin 0

ယခုနှစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ကလေး(၃)မြွှာပူးမွေးဖွားနှုန်းက ယခင်ကထက် ပိုမိုမွေးလာကြတာကို သတိထားမိခဲ့ပါတယ်။ ယခုမှာလည်း စက်တင်ဘာ (၂၈) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကလေး (၃) မြွှာပူးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာ တွေ့ရပါတယ်။ အဆိုပါ မွေးလူနာဟာ ကျောင်းကုန်းမြိုနယ် […]