ရန်ပုံငွေအများဆုံးရရှိခဲ့တဲ့ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ Dallas,Texas ပွဲ

October 26, 2021 admin 0

အဆိုတော်ဆောင်ဦးလှိုင်ဟာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေရေးခရီးစဉ်အဖြစ် Boston, Albany,5 – Chapel Hill, NC, New York City, Louisville, Kentucky, Los Angles, Maryland, Washington DC, San Francisco, Dallas, Texas အစရှိတဲ့မြို့တွေကို […]

လက်ရှိမှာ နာမည်ကြီးနေတဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင် ဗားကရာ ချောက် အကြောင်း

October 25, 2021 admin 0

ဗားကရာချောက် ဟာ ကြည့်မြင်တိုင်မြို့နှင့် စမ်းချောင်းမြို့ အကြားတွင် တည်ရှိတာဖြစ်ပြီး နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ဗားကရာ ဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာဖြစ်ပြီး ခရာတော ဆူးခြုံတောပေါက်ရာ ချောက် ဟု အဓိပ္ပါယ် ရပါတယ်။ ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံတွေ၊ […]

မဟာဗောဓိမြိုင်ဆရာတော်ကြီးလူဝတ်ကြောင်ဘဝက ပါရမီဖြည့်ဘက်ဖြစ်ခဲ့သော ဇနီးသည် အဖွားဒေါ်စိန်မေ

October 25, 2021 admin 0

ဂုဏ်သတင်းမွှေးပျံ့ပြီးကျော်ကြားလှတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ လူသူရှေ့ထွက်ပြီး အပူဇော်မခံခဲ့တာ နှစ်ပေါင်းအားဖြင့် တော်​တော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။၂၀၂၁ ဝါတွင်းကာလမှာတော့ ဆရာတော်ကြီးဟာ ကြပ်တည်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူပြည်သားတွေကို မေတ္တာဓာတ်လွှမ်းခြုံပေးဖို့ရန်အတွက် လူသူရှေ့ အပူဇော်ခံထွက်လာခဲ့ပါတယ်။ ဆရာတော်ကြီးကို လာရောက်ဖူးမြော်သူများဟာ ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိခဲ့ပါတယ်။ဆရာတော်ကြီးကို လာရောက်ဖူးမြော်တဲ့အထဲ ဆရာတော်ကြီးရဲ့ အစ်မတော် အဖွားကြည်လည်းပါဝင်ခဲ့သလို ဆရာတော်ကြီး လူဝတ်ကြောင်ဘဝတုန်းက ဇနီးဖြစ်ခဲ့သော ပါရမီဖြည့်ဘက် အဖွားဒေါ်စိန်မေလည်း […]

ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်ပေါ်က ဈေးဆိုင်တန်းများ

October 19, 2021 admin 0

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်လို့ဆိုလိုက်တာနဲ့ တန်ခိုးကြီးမားလွန်းပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ တန်ဖိုးထားအလေးစား အကြည်ညိုရဆုံး စေတီတော် တစ်ဆူဖြစ်ကြောင်း ပရိတ်သတ်များအားလုံးကသိကြမှာပါ။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဟာ ပုံမှန်မဟုတ်တဲ့ သွင်ပြင်အနေအထားကြောင့် နိုင်ငံတကာကခရီးသွား ဧည့်သည်များကပါ လာရောက်လေ့လာရတဲ့အထိကို ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ တန်ခိုးကြီးစေတီတော်ဖြစ်ပါတယ်။ ပုံမှန်အချိန်တွေမှာဆိုရင် ခုလို ရာသီမျိုးတွေမှာ ကျိုက်ထီးရီုးစေတီတော်ကို သွားရောက်လည်ပတ်သူ အတော်များပြားနေမှာဖြစ်ပေမယ့် ယခုနှစ်မှာတော့ ကိုဗစ်နှင့်နိုင်ငံရေးအခြေအနေများကြောင့် သွားရောက်လည်ပတ်သူအင်မတန်နည်းပါးသွားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် […]

ပြန်လည်လွတ်မြောက်လာသည့် မိုးကုတ်မြို့နာမည်ကြီး ရေပူကျောင်းတိုက်ဆရာတော်နှင့်တပည့် ဦးဇင်း

October 19, 2021 admin 0

နွေဦးတော်လှန်ရေးကာလအတွင်းမှာ စစ်ကောင်စီဘက်က ဖမ်းဆီးထိမ်းသိမ်းခဲ့သည့်သူများထဲတွင် မိုးကုတ် မြို့က ရေပူကျောင်းတိုက်ဆရာတော်ဦးဣန္ဒ နှင့် တပည့်ဖြစ်သူ ဦးဇင်းရေဝတတို့လည်း ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီမှ ရေပူကျောင်းတိုက်ဆရာတော် နှင့် တပည့်ဖြစ်သူတို့ကို မိုးကုတ်မြို့ဆန္ဒပြမှုများကို ဦးဆောင်သည်ဟုဆိုကာ မတ်လ ၁၁ ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဆရာတော်ကြီးနှင့် တပည့်ဖြစ်သူကို ဧပြီလထဲမှာ လူဝတ်လဲကာ ထောင်ဒဏ် ၃ […]

ယမန်နေ့ညက လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာကြပြီဖြစ်တဲ့ အပြစ်မဲ့ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူများ

October 19, 2021 admin 0

ယမန်နေ့ အောက်တိုဘာ(၁၈)ရက်နေ့က ပုဒ်မ ၅၀၅(က)ဖြင့်တရားစွဲဆိုခံထားရတဲ့ အနုပညာရှင် (၂၄)ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားမှုများဖြင့်ဖမ်းဆီးခံခဲ့ရသော အကျဉ်းသားများကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။ထိုသတင်းကြောင့် ပြည်သူများဟာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ကြရပါတယ်။ စစ်ကောင်စီဟာ အာဏာထိန်းချုပ်ခဲ့တဲ့ (၂၆၀) ရက်ပေါင်းအတွင်း တရားစွဲဆိုခံထားရသူများနှင့် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၁၁၀၃၂) ဦးရှိခဲ့ပြီး ယခုထုတ်ပြန်လာတဲ့ကြေငြာချက်အရ (၅၆၃၆)ဦး ပြန်လွှတ်ပေးမယ်လို့ဆိုလာဖြစ်ပါတယ်။ဒါ့အပြင်ထိုသူများထဲတွင် ပြည်သူများကချစ်ခင်အားပေးရတဲ့ […]

အဆိုတော်ရင်ဂိုမှ သားဖြစ်သူ ဟန်ထူးလွင် (ခေါ်) ကျားပေါက် အား အမွေပြတ်စွန့်လွှတ်ကြောင်းကြေညာ

October 19, 2021 admin 0

ယနေ့အောက်တိုဘာလ ၁၈ ရက်နေ့တွင် အဆိုတော် ရင်ဂိုမှ သားဖြစ်သူ Big Bag အဖွဲ့ဝင် အဆိုတော် ဟန်ထူးလွင် (ခေါ်) ကျားပေါက် ဆရာကျားကို အမွေပြတ် စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာလိုက်ပါတယ်။ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာစာထဲတွင် သားဖြစ်သူမောင်ဟန်ထူးလွင်သည် မိဘတို့ရဲ့ ဆိုဆုံးမမှုကို နားမထောင်ဘဲ […]

လွတ်မြောက်နယ်မြေရောက်နေတာကြာပြီဖြစ်တဲ့ ဒါရိုက်တာကိုပေါက်ရဲ့ “ကျ​နော် အိမ်ပြန်ချင်ပြီ “ဆိုတဲ့ အိမ်အလွမ်းစာ

October 19, 2021 admin 0

အားလုံးသိကြတဲ့ ဒါရိုက်တာ ကိုပေါက်ကတော့ ယခုလက်ရှိမှာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီး တော်လှန်ရေးအတွက် ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေသူတစ်ဦး လည်းဖြစ်ပါတယ်။ သူဟာ အနုပညာလောကမှာလည်း အတိုင်းအတာတစ်ခုထိအောင်မြင်ပြီး ပရိတ်သတ်တွေရဲ့ ထောက်ခံမှုအပြည့်အဝရထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး လူထုလှုပ်ရှားမှုတွေမှာလည်း အင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့် ၅၀၅ က နဲ့ အမှုဖွင့်ခံထားရတာကြောင့် […]

စစ်ဘေးရှောင်နေရင်းက အလှူရှင်များကျွေးမွေးကြတဲ့ အစားအသောက်ကောင်းများနှင့် ကြုံကြိုက်လာတဲ့အခါ ဝမ်းသာပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင်ကလေးငယ်လေးများ

October 19, 2021 admin 0

မြန်မာနိုင်ငံမှာ ယခင်တည်းက ပြည်တွင်းစစ်ပွဲများဖြစ်ပွားခဲ့ကြတာမို့ တိုင်းရင်းသားပြည်သူအချို့ဟာ စစ်ဘေးဒဏ်ကို ခံစားလာကြရတာဟာ နှစ်ပေါင်းများစွာကြာမြင့်နေကြပြီဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူအရေအတွက်ဟာလည်းယခင်တည်းက မနည်းမနောရှိခဲ့ကြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ မြန်မာနိုင်ငံအား အာဏာထိန်းချုပ်မှုများ စတင်ဆောင်ရွက်ပြီးသိပ်မကြာခင်မှာပဲ မြို့ပြနှင့်ဝေးတဲ့ နေရာဒေသတွေမှာ စစ်ပွဲများစတင်ဖြစ်ပွားလာခဲ့တာအခုထိတိုင်အောင်ပါပဲ။ဒါကြောင့်မို့ စစ်ဘေးရှောင်ပြည်သူများဟာ ပိုမိုများပြားလာတာဖြစ်ပြီး ရှောင်တိမ်းတိမ်းထွက်ပြေးနေကြရတဲ့ ပြည်သူများကို မြို့ပြနေပြည်သူများကအချင်းချင်းပြန်လည်ကူညီနေခဲ့ကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေထဲမှာ ကလေးသူငယ်များလည်းပါဝင်ကြတာဖြစ်ပါတယ်။ယခုအခါမှာ ပြည်သူတစ်ဦးက စစ်ဘေးရှောင်ဒေသမှာရှိတဲ့ […]

အမေဖြစ်သူ ၁၁၃ နှစ်အရွယ်ကို တစ်ကိုယ်တည်း ပြုစုစောင့်ရှောက်ပေးနေတဲ့ ၈၅ နှစ်အရွယ် အဖိုးအို

October 19, 2021 admin 0

၁၁၃ နှစ်အရွယ်အမေအိုကို ပြုစုစောင့်ရှောက်နေတဲ့သားရဲ့အရွယ်ဟာ အသက်ကြီးလို့အနားယူနေတဲ့အရွယ်ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း မွေးသမိခင်ကျေးဇူးရှင်ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း မိဘကိုအမြဲမပြတ် စောင့်ရှောက်နေတာဟာ လေးစားဖို့တကယ်ကောင်းပါတယ်။ အဖိုးအိုးရဲ့အသက်မှာ ၈၅နှစ် ဖြစ်နေပါပြီ။ အဖိုးအိုတို့သားအမိဟာ ဗီယက်နမ်နိုင်ငံ သန်ဖူးပြည်နယ်က ဖြစ်ပါတယ်။ အဖိုးအိုဟာ အံ့ဩရလောက်အောင် သန်မာသူ တစ်ယောက်ပါ။ ဒါဟာ သူရဲ့မိခင်အပေါ် ထားတဲ့စေတနာကြောင့် နတ်ကောင်းနတ်မြတ်တွေကြည့်ရှုစောင့်ရှောက်တယ်လို့ပဲ […]