အကျဉ်းထောင်မှာ ဆေးရုံတင်ထားရတဲ့ ဒါရိုက်တာမိုက်တီး

မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲဆိုထားတဲ့ ဒါရိုက်တာမိုက်တီးကတော့ ကျန်းမာရေးမကောင်းတာကြောင့် အင်းစိန်ထောင်မှာ ဆေးရုံတင်ခဲ့ရကြောင်း သိရပါတယ်။ ယနေ့မှာတော့ ဒါရိုက်တာမိုက်တီးကို တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးရမှာ ဖြစ်ပေမယ့်လည်း ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတင်ထားရကာ ရုံးချိန်းကို နောက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါရိုက်တာမိုက်တီးနဲ့ ပတ်သက်ပြီး ညီမဖြစ်သူ သရုပ်ဆောင် လင်းဇာနည်ဇော်က ယခုလိုမျိုး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

MC 7 နဲ့ အင်တာဗျူးမှာတော့ လင်းဇာနည်ဇော်ကတော့ “ကျန်းမာရေးမကောင်းတာကြောင့် အမှန်တိုင်းပြောလို့ရှိရင်တော့ အနီးကပ်ပြုစုချင်တာပေါ့။ အာမခံကိစ္စက ကိုယ်ပြောပြီးရင် ပြောတာကြီးပဲ အဖက်တင်သွားမှာ ကြောက်တယ်။ ရခဲ့ရင်တော့ ကိစ္စမရှိဘူးပေါ့။ အကိုနေမကောင်းဖြစ်နေတာကို ဘေးနားမှာ နေပြီး အနီးကပ်တော့ ပြုစုချင်တာပေါ့။ ဒါပေမယ့်လည်း ကံကြမ္မာပဲပေါ့ကွယ်”

“ကျန်းမာရေးကတော့ အစာအိမ်ဖြစ်တာပါ။ ပြီးတော့ အခုတခါကတော့ အလုံးတွေ့တယ်လို့ ပြောပါတယ်။ အဓိကကတော့ လူတိုင်းကတော့ ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ လူတိုင်းကို ဒီလိုမျိုး မဖြစ်စေချင်ပါဘူး။ ကိုမိုက်ကိုလည်း အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

ဒါရိုက်တာမိုက်တီးကတော့ တရားစွဲဆိုခံထားရတာ ၄ လကျော်ကြာခဲ့ပြီ ဖြစ်ပြီး လက်ရှိမှာတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊၁၆ (ဂ) နဲ့ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။ ဒါရိုက်တာမိုက်တီးဟာ အနုပညာလောကသားတွေရဲ့အချစ်တော်ဖြစ်ပြီး အင်မတန်အရည်အချင်းရှိတဲ့ ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တဲ့အပြင်မျိုးဆက်သစ် အနုပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးတေဲ့ ဆရာတစ်ယောက်လည်းဖြစ်တာကြောင့် ဒါရိုက်တာမိုက်တီးတစ်ယောက် ရုတ်တရက်ကြီးဒီလိုဖြစ်သွားတဲ့အပေါ် လက်ရှိချိန်ထိ လူအများစုက မယုံနိုင်ကြသလို ဒါရိုက်တာကြီးဘက်က ရပ်တည်ပေးနေတဲ့ ပရိသတ်အင်အားကလည်း လက်ရှိချိန်ထိလည်း အများကြီး ရှိပါတယ်။