
မ.ထ.သစနစ်မှ YBS စနစ်သို့ကူးပြောင်းပြီးနောက် မှတ်တိုင်များတွင် စပယ်ယာများက ခရီးသည်များကို လုယက်ခေါ်ပြီး ဆွဲတင်/ဆွဲချသည့်အကျင့်စရိုက်များမရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ကပြောသည်။

YBS စနစ်ကူးပြောင်းပြီးနောက် မှတ်တိုင်များတွင်ခရီးသည်များကိုလုယက်ခေါ်ပြီး ဆွဲတင်/ဆွဲချသည့် အကျင့်စရိုက်များမရှိတော့ဟု ဆို

ရန်ကုန်မြို့ရှိဂန္ဓမာဟိုးဆေးခန်းမတွင် အောက်တိုဘာလ ၃၀ ရက်ကကျင်းပသော YUPT နှစ်ပတ်လည် အစည်းအဝေးနှင့်ဒါရိုက်တာရွေးချယ်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Image result for YBS"

“ တချိန်တုန်းကဆိုရင် စပယ်ယာတွေပေါ့နော်။ ကျွန်မတို့လည်းမြင်ဖူးခဲ့တာပဲ။ စပယ်ယာတွေဆိုရင် သူတို့ဝတ်စားဆင်ယင်မှုက သူတို့ဝတ်ချင်သလိုဝတ်မယ်။ ယူနီဖောင်းလည်းမဟုတ်ဘူး။ ကြောင်ကြောင်ကျားကျားနဲ့။ ပြီးရင် ခရီးသည်တွေကိုတွန်းချမယ်။ ဆွဲတင်မယ်။ ပြီးရင်မှတ်တိုင်တွေမှာ အော်ဟစ်ပြီးတော့ခရီးသည်တွေကိုလုယက်ခေါ်ငင်မယ်။နောက်ပြီးတော့ ကားဘော်ဒီကိုတောင် ဒုန်းဒုန်းနဲ့ ထုတဲ့သူတောင်ရှိသေးတယ်။ ဒါမျိုးတွေ ဒီနေ့ဒီအချိန်မှာတော့မရှိတော့ပါဘူး။ တချို့ကားတွေ စပယ်ယာတင်နေသေးတာကျွန်မသိပါတယ်။ ဒါပေမဲ့ သူတို့လည်းတရားဝင်တင်ခွင့်မရတော့ တချို့ကားတွေမှာ ကားခထည့်တဲ့ပုံးမှာထိန်းရသိမ်းရခက်တယ်ဆိုပြီးတိတ်တခိုးပေါ့’’ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

Image result for YBS"

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ယခင် မထသစနစ်မှ YBS စနစ်သို့ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်တွင် စတင်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှတာဝန်ယူကာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကြီးကြပ်ဆောင်ရွက်နေခြင်းဖြစ်သည်။

Image result for YBS"

လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၀၀ ဝန်းကျင်နှင့် ယာဉ်အစီးရေ ၆၀၀၀ ကျော်ဖြင့် နေ့စဉ်ခရီးသည် ၂ ဒဿမ ၈ သန်းခန့်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

Credit-အကုန်သိ