မိဘကိုလုပ်ကျွေးနေတဲ့ ခြေတစ်ဖက်မရှိရှာသူ ထီသည်လေးကို အဆင်ပြေပြေထီရောင်းနိုင်အောင် လှူ ဒါန်းပေးခဲ့တဲ့ သာဓုခေါ်ဖွယ်ရာဖြစ်ရပ်

ခက်ခဲတဲ့ လူဘဝကြီးလို့ စာဆိုတွေတောင် ရှိကြပါတယ်။ လူ့ဘဝဟာခက်ခဲလွန်းတာကြောင့်လည်း လူတော်တော်များများဟာ အရှုံးပေးသွားတတ်ကြပါတယ်။ ဒါပေမယ့် ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရ အရှုံးမပေးဘဲ ရင်ဆိုင်ရဲ့တဲ့ လူတွေလည်း ဒုနဲ့ဒေးပါပဲ။ သူတို့ကိုကြည့်ပြီး သင်ခန်းစာယူစာလည်းဖြစ်ပါတယ်။ အသက်မသေသေးသ၍ ဘယ်တော့မှ အရှုံးမပေးတဲ့ လူတွေဟာ လူတော်လူကောင်းတွေပါပဲ။ ဒီလိုလူတော်လူကောင်းတွေထဲကမှ ပိုပြီး လေးစားအတုယူဖို့ကောင်းတဲ့လူတွေ ရှိလာပြန်ပါတယ်။ ဒါကတော့ ကိုယ်က ဘယ်လိုပဲ ဒုက္ခိတဖြစ်နေပါစေ၊ မိဘကျေးဇူးကို သိတတ်ပြီး၊ လုပ်ကိုင်ကျွေးမွေးစောင့်ရှောက်တဲ့ သားသမီးတွေပါပဲ။ လောကမှာ ပြန်အစားထိုးလို့မရတာဟာ မိဘနဲ့ အချိန်ဆိုရင် ပရိတ်သတ်ကြီးလက်ခံတယ်မလား။ အခုတင်ဆက်ပေးမယ့် သတင်းကတော့ အသက် ၃၆ နှစ်အရွယ် ထီသည် ကိုမျိုးထွန်း တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်မှာ ကားကြိတ်ခံရပြီး ခြေတစ်ဖက်ကို ဆုံးရှုံးခဲ့ပါတယ်။

ခြေတစ်ဖက်ဆုံးရှုံးခဲ့ပေမယ့်လည်း ဘဝကို အရှုံးမပေးဘဲ ဆက်လက်ရုန်းကန်ရင်း မိဘကို လုပ်ကျွေးနေခဲ့ပါတယ်။ နေ့စဉ် သူရဲ့ ဆိုင်ကယ် ခပ်စုတ်စုတ်လေးနဲ့ ထီးလည်ရောင်းခဲ့ပါတယ်။ ဒါပေမယ့် ဆိုင်က မကောင်းတော့တဲ့အတွက် တစ်ရက် တစ်ရက် ခဏခဏ ပြင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို သိလို့ လားရှိုးလေး ရှမ်းထမင်းဆိုင်က ကိုသန့်စင်က အခုလို မလျော့သောဇွဲနဲ့ ကြိုးစားပြီး မိဘကို လုပ်ကျွေးနေလို့ ဂုဏ်ပြုတဲ့ အနေနဲ့ သူမစီးဖြစ်တော့တဲ့ ၁ယ ဂျပန်ဆိုင်ကယ်လေးကို ပေးလှူခဲ့ပါတယ်။ ဒ့ါအပြင် ၁ လကို ၁၀ စောင်တွဲ အမြဲထိုးပေးပါတယ်။

သူတို့ ၂ ဦး စလုံးဟာ မြင့်မြတ်တဲ့ စိတ်ထားရှိသူတွေပဲဖြစ်ပါတယ်။ ဘဝကို ဘယ်တော့မှ အရှုံးမပေးဘဲ ရုန်းကန်နေသူကို အခုလို တန်ဖိုးထားပြီး ဂုဏ်ပြုတဲ့သူရော ၂ ဦးစလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ထာဝရ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကိုမျိုးထွန်းကို အားပေးချင်ရင်တော့ သူ့ဖုန်းနံပါတ်ဟာ 09797123989 ဖြစ်ပါတယ်။ လိုက်လံပို့ဆောင်ရောင်းချပေးပါတယ်။ အားပေးလိုက်ပါဦး ပရိတ်သတ်ကြီး။

Credit-SYL