ကျန်းမာရေး မကောင်းတဲ့ မိဘအပေါ် သိတတ်တာကြောင့် တန်ဖိုးကြီး I Phone တစ်လုံး လက်ဆောင်ရသွားတဲ့ စည်သူမောင်

ရုပ်ရှင်သရုပ်ဆောင် စည်သူမောင် ဟာဆိုရင် အနုပညာအလုပ်ကို ရူးသွပ်စွာ လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီးတော့ ဗီဒီယို နဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင် လုပ်ကိုင်နေတာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ သူရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် လက်ရှိမှာ ပရိသတ်ရဲ့ ရင်ခွင်မှာ နေရာတစ်ခုရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။


သရုပ်ဆောင် စည်သူမောင်ဟာဆိုရင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုတဲ့ သားအလိမ်မာလေးအဖြစ်လူသိများသူလည်း ဖြစ်ပါတယ်။ သူဟာဆိုရင် ရှာဖွေရရှိတဲ့ ငွေကြေးမှန်သမျှကို ခေတ်ပေါ်ပစ္စည်းတွေ မသုံးပဲ မိဘနှစ်ပါးအတွက် ကျန်းမာရေး နဲ့ အခြား ကိစ္စတွေမှာသာ သုံးလေ့ရှိတယ်လို့လည်း သူကဆိုပါတယ်။ သူဟာဆိုရင် သရုပ်ဆောင် တစ်ဦးဖြစ် ပေမယ့် Iphone တွေ စီရီးပြောင်းပေမယ့် သူ့ရဲ့ အသစ်ဝယ်မည့်ပိုက်ဆံနဲ့ မိဘတွေကိုဗုဒ္ဓဂါယာ ပို့လို့ရတဲ့ဆိုတဲ့ စိတ်နဲ့ အသစ်မဝယ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

အခုတော့ သူရဲ့မွေးနေ့မှာ ဖုန်းအသစ်လေး တစ်လုံး လက်ဆောင်ရလိုက်တယ်လို့ သူက လူမှုကွန်ရက်မှာ အသိပေးလာပါတယ်။ ဒီဖုန်းလေးကတော့ မိဘနှစ်ပါးကို ပြုစုစောင့်ရှောင့်တတ်သူဖြစ်တာကြောင့် အဲ့ဒီအကျိုးကို ပြန်ခံစားရတာလို့လည်း သူက ယုံကြည်နေပါတယ်။

အခုတော့ သရုပ်ဆောင် စည်သူမောင် တစ်ယောက်ဟာ လက်ဆောင်အတွက် ပျော်ရွှင်နေခဲ့ပြီးတော့ မိဘနှစ်ပါးကိုလည်း ဒီထက်ပိုမိုစောင့်ရှောက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Credit-SYL