ဖခင် ဘောလုံးကန်တာ ကြည့်ပြီး ပျော်နေတဲ့ သားလေး အကြောင်းပြောလာတဲ့ ပိုးအိအိခန့်

မြန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ အောင်သူ ရဲ့ ဇနီးချောလေး သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက်ပိုးအိအိခန့်က သားလေး က ဘောလုံးပွဲကြည့်ပြီး ပျော်နေတယ် လို့ ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။မကြာသေးခင်ကလည်း သားလေးကိုကိုး ရဲ့ ရက်(100) ပြည့်မွေးနေ့အလှူကို ပြုလုပ်ခဲ့ပါတယ်။

သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ အမြဲ ချပြလေ့ရှိတဲ့ ပိုးအိအိခန့်က ဒီတစ်ခါမှာတော့ သားလေး က ဖေဖေ ရဲ့ ဘောလုံးပွဲကြည့်ပြီး ပျော်နေတယ်လို့ ခုလို ပြောထားတာပါ။

ပိုးအိအိခန့်က ” သားသားလည်း​ဘောလုံးပွဲကြည့်​​နေတာသားသား​ပျော်​တယ်​​ဖေ​ဖေရယ် ” ဆိုပြီးသားလေး ရဲ့ ပုံတွေ ဝေမျှထားပါတယ်။

ချစ်လိုက်တာ သားလေးရယ်

ပိုးအိအိခန့် တို့ သားအမိ ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သရုပ်​ဆောင် ပိုးအိအိခန့် ပြောထားတဲ့အကြောင်းကို ပရိသတ်တွေသိလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-မိုမိုလေး