မြန်မာ့ဂုဏ်ဆောင် Burmese Ghouls အဖွဲ့နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ဂုဏ်ယူစွာ မျှဝေခဲ့တဲ့ Boby Soxer

လူငယ်ကြိုက် အဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ Boby Soxer ဟာသူမရဲ့ ခပ်စွာစွာ အသံလေးနဲ့ rapသီချင်းအလန်းတွေကို ဖန်တီးသီဆိုနေသူဖြစ်ပါတယ်။ ကလေးဆန်ဆန်မျက်နှာထားလေးကြောင့် ပရိသတ်တွေကအချစ်ပိုနေရသလို သူမရဲ့ သူများနဲ့အတူတဲ့ နေပုံထိုင်ပုံဒီဇိုင်းလေးကလည်းပရိသတ်တွေကို ချစ်တွေပိုတိုးစေပါတယ်။


Boby Soxerဟာ မလေးရှားနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့ M1 World Championship ပွဲကို ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးခဲ့သူဖြစ်ပြီး မြန်မာ အသင်းဟာ အကောင်းဆုံးယှဉ်ပြိုင်မှုတွေနဲ့အတူ ကမ္ဘာ့အဆင့် (၄) နေရာကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။


Boby Soxer ဟာလည်း လက်ရှိမှာ အနုပညာလုပ်ငန်းအပြင် ဂိမ်းတွေကိုပါ ချစ်သူဖြစ်သူ လွှမ်းပိုင်နဲ့ အတူ Live Stream ထုတ်လွှင့်ပြသပြီး ဆော့ကစားလာတာလည်းတွေ့ရပါတယ်။


ပရိသတ်တွေလည်း M1 World Championship 2019 မှာအဆင့် (၄)ရခဲ့တဲ့ မြန်မာအသင်းကို Boby Soxer နဲ့အတူအားပေးလိုက်ကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးတင်ရှိပါတယ်။

Source-မိုမိုလေး