ဖြိုးမြတ်အောင် ကို ခွေးနဲ့ နှိုင်းလိုက်တဲ့ မြန်မာအိုင်ဒေါက ဝန်ထမ်းတစ်ယောက်

ပရိသတ်ကြီးရေ ၊ မကြာသေးခင်က မြန်မာအိုင်ဒေါကနေ လှည့်ပြန်ခဲ့ရတဲ့ ဖြိုးမြတ်အောင် ရဲ့ အဖြစ်ဟာ တနိုင်ငံလုံးက ပရိသတ်တွေကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။ အိုင်ဒေါဝင်နာတစ်ယောက် ဖြစ်ပေမယ့် ၊ အများနည်းတူ လက်မှတ်ပါခဲ့ပေမယ့် လုံခြုံရေးကိုယ်တိုင်က ပေးမဝင်ခဲ့တာကြောင့် အိုင်ဒေါ ရဲ့ တာဝန်ရှိသူတွေကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ် ။

လတ်တလောမှာ မြန်မာအိုင်ဒေါတာဝန်ရှိသူတွေက အဆိုပါကိစ္စ ကို ပြန်လည်ဖြေရှင်းပေးထားခြင်း မရှိသေးပါဘူး။ လက်ရှိမှာ အိုင်ဒေါ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ယောက် က ဖြိုးမြတ်အောင် ကို ခွေးနဲ့ နှိုင်းပြီးပြောဆိုလိုက်ပါတယ်။ Nyan Lynn Aung အကောင့်ပိုင်ရှင်က “ခွေးတောင်မှ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်ရင် အစာငတ်သေးတာပဲ…

Image result for ဖြိုးမြတ်အောင် ကို ခွေးနဲ့ နှိုင်းလိုက်တဲ့ မြန်မာအိုင်ဒေါက ဝန်ထမ်းတစ်ယောက်"

ခွေးထက်တော့ ဦးဏှောက်ရှိစမ်းပါကွာ…စောက်ရူး နားကန်း လို ထုံအအ လုပ်မနေနဲ့ ညီလေး….” ဆိုတဲ့ စာကို တင်ခဲ့ပါတယ်။ ဖြိုးမြတ်အောင် ဖန်ဂရုတွေထဲမှာ အဆိုပါ စာဟာ တောမီးလိုပျံ့နှံ့ခဲ့ပါတယ်။ နာရီအတော်ကြာတဲ့အခါမှာ “ခွေးတောင်မှ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်ရင် အစာငတ်သေးတာပဲ ခွေးထက်တော့ ဦးဏှောက်ရှိစမ်းပါကွာ…စောက်ရူး နားကန်း လို ထုံအအ လုပ်မနေနဲ့ ညီလေး…. မင်းတို့ ထင်တဲ့ PMA ကို ငါမပြောဘူး..ငါမှာ သူက လွဲလို့ အခြား အသိမရှိရဘူး လာ???ဆိုပြီးစာကို ပြန်ပြင်ခဲ့ပါတယ်။

ပရိသတ်ကြီးရေ၊ အခုလို ပြောဆိုလိုက်တဲ့အပေါ်မှာ ဖြိုးမြတ်အောင် ရဲ့ ပရိသတ်တွေက တော်တော်လေးဒေါပွခဲ့ကြတာပါ ။ အခုလို ဖြစ်ခဲ့ရတဲ့အပေါ် ဒီလိုမျိုး ပြောဆိုသင့်သလား ဆိုတာမှတ်ချက်လေးတွေပေးခဲ့ကြပါဦး။

Source-စွယ်စုံ