ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက် တရားရုံးသို့ လာရောက်စစ်ဆေးခံဖို့ ပျက်ကွက်

နေပြည်တော်၊ဒီဇင်ဘာလ-၂ ရက်။သည်ကနေ့ ဒေါ်ဥမ္မာလှိုင်ကနေ ရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားတဲ့အမှုရဲ့ ငါးကြိမ်မြောက် ရုံးချိန်းမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးကို စစ်ဆေးမှုပြုလုပ်ဖို့ သတ်မှတ်ထားပေမယ့် သားနှစ်ယောက်ဟာ စာမေးပွဲတွင်း ဖြစ်နေတာကြောင့် ပုပ္ဗသီရိမြို့နယ်တရားရုံးသို့ လာရောက်စစ်ဆေးခံဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒေါ်ဥမ္မာလှိုင်အနေနဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ နဲ့ တရားစွဲဆိုထားခြင်း ဖြစ်ပြီး ပြီးခဲ့တဲ့ လေးကြိမ်မြောက် ရုံးချိန်းမှာတော့ လိုပြ သက်သေဖြစ်တဲ့ Wisdom Hill မူကြိုကျောင်းမှ ဆရာမ ဒေါ်ညိုညိုအောင် နဲ့ ကျောင်းဝန်ထမ်း ဒေါ်သီသီအောင် တို့ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

သည်လေးကြိမ်မြောက် ရုံးချိန်းအပြီးမှာတော့ Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ် ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးကို စစ်ဆေးသွားမယ်လို့ ပုဗ္ပသီရိမြို့နယ်တရုံးမှ တရားသူကြီး ဒေါ်သန္တာညွှန့်က နှစ်ဖက်ရှေ့နေတွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ဦးခင်မောင်ဇော်က”ကလေးနှစ်ယောက်က စာမေးပွဲ ရှိနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် ဒီနေ့မလာနိုင်ပါဘူးတဲ့။၆ ရက်နဲ့ ၁၂ ရက်(ဒီဇင်ဘာလ)တစ်ရက်ရက်ဆိုရင် အဆင်ပြေပါတယ်ပြောတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဒေါ်ဥမ္မာလှိုင်ဟာ သူ့ရဲ့သားနှစ်ယောက်ကို သည်အမှုမှာ သက်သေအဖြစ်ကနေပယ်ဖျက်ပေးဖို့ လျှောက်တင်ခဲ့သေးတယ်လို့ သိရပါတယ်။ဒါပေမယ့် ဥပဒေအရာရှိက လက်ခံခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။သည့်အတွက် ကလေးနှစ်ယောက်ဟာ သည်အမှုမှာ သက်သေအဖြစ်ပါဝင်နေဆဲဖြစ်ပြီး နောက်တစ်ပတ် ခြောက်ကြိမ်မြောက်ရုံးချိန်းဖြစ်တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စစ်ဆေးမှု ပြုလုပ်သွားမယ်လို့သိရပါတယ်။

Image result for့  ဒေါ်ဥမ္မာလှိုင်"

ဒေါ်ဥမ္မာလှိုင်ဟာ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ဗစ်တိုးရီးယားရဲ့ဖခင် အပါအဝင် ဖခင်ရဲ့ အစ်ကိုနဲ့အစ်မ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်၊ အမှုကိုလိုက်ပါ ကူညီပေးနေတဲ့ ဒေါက်တာ ဝင်းကိုကိုသိန်း(သက္ကမိုးညို)တို့ကို လည်း နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ ပတ္တာ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါသေးတယ်။

Source-ကုမုဒြာ

Be the first to comment

Leave a Reply

Your email address will not be published.


*