မွေးနေ့အကြိုအနေနဲ့ စတုဒီသာကျွေးမှာကြောင့် တွေ့ချင်တဲ့ပရိသတ်ကြီးကို လာရောက်သုံးဆောင်ဖို့ဖိတ်ကြားခဲ့တဲ့ ဆိုင်းမိုင်

မြန်မာဆန်ဆန် ကျက်သရေရှိတဲ့အလှတရားနဲ့ပြည့်စုံတဲ့ ပရိသတ်ရဲ့အချစ်တော်ဆိုင်းမိုင်ကတော့ ပိုးကြာဖြူခင်ဆိုတဲ့နာမည်ပျောက်ပြီး ဆိုင်းမိုင်ဆိုတဲ့နာမည်လေးနဲ့ပဲ ပရိသတ်ရဲ့ရင်ထဲမှာအရိုးစွဲလာခဲ့သူတစ်ယောက်ပါ။ MRTV-4 ရဲ့မင်းသမီးတစ်ယောက်အနေနဲ့ ဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးထားပြီး လက်ရှိရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာလည်း ဆိုင်းမိုင်ရဲ့အနုပညာကို ပြန်လည်ခံစားရမှာဖြစ်ပါတယ်။

ဆိုင်းမိုင်ကတော့ မနက်ဖြန် ဒီဇင်ဘာ(၃)ရက်နေ့လေးမှာ အသက်(၂၆)နှစ်ပြည့်မှာဖြစ်ပြီး ဒီနေ့ညနေ(၄)နာရီမှာ မွေးနေ့အကြိုအလှူအဖြစ်နဲ့ သန်လျင်နယ်လှည့်စတုဒီသာ နတ်စင်တစ်ရာကျောင်းတိုက်မှာ အလှူပြုလုပ်သွားမှာဖြစ်ပါတယ်။ အလှူကတော့ ကြာဇံချက်စတုဒီသာဖြစ်တဲ့အတွက် သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပရိသတ်အားလုံးကို အယုတ်အလတ်အမြတ်မရွေးလာရောက် သုံးဆောင်ဖို့ဖိတ်ကြားထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပိုးကြာဖြူခင်ကတော့ သူ့ကိုအပြင်မှာတွေ့ချင်တဲ့ပရိသတ်တိုင်းကိုလည်း လာရောက်ပေးကြဖို့နဲ့ သူကိုယ်တိုင်လည်း စားပွဲဝင်ထိုးမှာဖြစ်ကြောင်း ရေးသားပြီးဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ အလှူအတန်းဆို လက်မနှေးတတ်သူ ဆိုင်းမိုင်ရဲ့ မွေးနေ့အကြိုအလှူဒါနလေးဖြစ်မြောက်သွားအောင် သွားရောက်သုံးဆောင်နိုင်ဖို့အတွက် ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*