ဂုတ်ထိပ် တံတားသစ်ဆောက်ရန် ကုမ္ပဏီများကို ဖိတ်ခေါ်ရာ လာရောက် လျှောက်ထားသူမရှိ

ဂုတ်ထိပ်တံတား တည်ဆောက်ခြင်းအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများအား အဆိုပြုလွှာတင်သွင်းရန် ခေါ်ယူရာတွင် နောက် လာရောက်လျှောက်ထားသည့် ကုမ္ပဏီမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Image result for ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဂုတ်ထိပ်တံတား"

ဂုတ်ထိပ်တံတားနှင့် ဘေးချင်းကပ်တံတားတစ်စင်းကို PPP စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နိုင်ငံပိုင်သ တင်းစာတွင် Expression of Interesting (EOI) ခေါ်ယူခဲ့ရာတွင် နောက်ဆုံးရက်သတ်မှတ်ထားသည့် အောက်တိုဘာလအထိ အဆိုပြုလွှာ လာရောက်တင်သွင်းသည့် ကုမ္ပဏီ မရှိသေးသည့်အတွက် လာမည့်နှစ်တွင် Re-Tender ပြန်လည်ခေါ်ယူ မည်ဖြစ် ကြောင်း သိရသည်။

Image result for ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဂုတ်ထိပ်တံတား"

“ နိုင်ငံပိုင်သတင်းစာကနေ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေ အဆိုပြုလွှာတင်ဖို့အတွက် ကြေညာထားတယ်။ ဒါပေမဲ့ သတ်မှတ်တဲ့ နောက်ဆုံးရက်အထိ တင်တဲ့ကုမ္ပဏီ မရှိဘူး။ အကြောင်းတစ်ခုခုရှိလို့နေမှာပါ။ ပြီးတော့ အဲဒီဒေသက တစ်ခါတစ်လေ တိုက်ပွဲဖြစ် တယ်။ အဲဒီအတွက်ကြောင့်လားတော့ မပြောတတ်ဘူး။ နောက်တစ်ကြိမ်ပြန်ခေါ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံပိုင်သတင်းစားကနေပဲ ကြေညာသွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန(လမ်း၊ တံတားဦးစီးဌာန)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Image result for ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဂုတ်ထိပ်တံတား"

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဂုတ်ထိပ်တံတား၏ ယာဘက်မီတာ ၅၀၀ ခန့်အကွာတွင် တံတားသစ်တစ်စင်း တည် ဆောက်ရန် စီစဉ်ထားပြီး သန်းနှင့်ချီကုန်ကျမည်ဖြစ်ကြောင်း၊ လက်ရှိဂုတ်ထိပ်တံတားကို ၁၈၉၉ – ၁၉၀၀ ခုနှစ်တွင် အင်္ဂလိပ်အင် ဂျင်နီယာ ဆာအာသာရန်ဒယ်က စတာလင်ပေါင် ၁ သိန်း ၁ သောင်းကျော် အကုန်ကျခံ၍ သံမဏိတိုင် ၁၆ တိုင်ဖြင့် တည်ဆော က်ခဲ့ပြီး ပေအရှည် ၂၂၆၀ ရှိကာ အမြင့်ဆုံးတိုင်မှာ ပေပေါင်း ၈၀၀ ကျော်မြင့်ပြီး ယခုအခါ နှစ်ပေါင်း ရာကျော် နေပြီဖြစ်ကြောင်း သိရသည်။

Source-အကုန်သိ