စုပေါင်းသဒ္ဒါတရားကိုဖျက်ဆီးလိုက်ခြင်း

မနေ့ကကျင်းပပြုလုပ်သောမှတ်၁၂ အထက၏ အာစရိယပူဇော်ပွဲမှာဖြစ်သွားခဲ့တဲ့အဖြစ်အပျက်ကလေးပါ၊နောင်အလားတူမျိုးမဖြစ်အောင်တားမြစ်နိုင်ဖို့ တင်ပြခြင်းပါဆရာများကိုကန်တော့သည့်အခါဘယ်သူကျောင်းသားဟောင်းဟုတ်မဟုတ် မသိနိုင်ပါ ကန်တော့ခံ ဆရာများကိုလိုက်ပို့သည့်သူများလည်းပါနိုင်တယ်မဟုတ်လား ကျောင်းသားများသည်ဆရာများကိုဖေးမကူညီတွဲ၍လိုက်ပို့ကြသည့်မြင်ကွင်းများမှာပီတိဖြစ်စရာပါ။

ဒီလိုပြုလုပ်ခဲ့သည်မှာကျမတို့၁၇ကြိမ်တိုင်ခဲ့ပါပြီဘာပြဿနာမှမရှိခဲ့ဒါပေမဲ့မနေ့မှာဆရာမကြီးများဆရာကြီးများကျမ္မာရေးချို့တဲ့သူများကိုတပည့်များမှဖေးမကူညီနေစဉ်ဆရာမကြီးတစ်ဦးကိုပုံပါမိန်းမမှဆရာမကြီးကိုကန်တော့ပစွည်းများကိုကူညီကိုင်ပေးနေပြီးထမင်းသုံးဆောင်သည့်နေရာကိုပို့ပေးပြီးနေရာချထားပေးပါတယ်အဲ့နောက်ကန်တော့ပစ္စည်းအိတ်နဲ့ဆရာမကြီးဖုန်းထည့်ထားသောပိုက်ဆံအိတ်တို့ကိုကိုင်ပေးထားသလိုနဲ့ ကျောင်းပြင်ကိုထွက်သွားတယ် ဆရာမကြီးကလည်းပြန်လာနိုးစောင့်နေတယ်။

Image may contain: 1 person, phone and closeup

ဒါပေမဲ့ထိုအမျိုးသမီးပြန်မလာတော့ပါအဲဒီမှကျောင်းသား/သူတိုနဲ့ရောပြီးအလစ်သုတ်သွားမှန်းသိရသောဆရာမကြီးငိုပါလေတော့သည်
အသက် ၇၀ ကျော်ဆရာမကြီးကိုလုပ်ရက်တယ် အထက ၁၂ ကျောင်းသား/သူများမှဆရာမကြီးကိုစိတ်ချမ်းသာစေရန်ဝိုင်းဝန်း၍ စုပေါင်းလှူကြပြီးအလှူတစ်ခုထပ်ပြုကြရပါကြောင်းဆရာကန်တော့ပွဲလုပ်လျင်အလစ်သုတ်များကိုသတိထားနိုင်ပါရန် ဤအဖြစ်မှန်တင်ပြအပ်ပါတယ်

Source-Su Hnin Hlaing

Be the first to comment

Leave a Reply

Your email address will not be published.


*