G-Fattနဲ့ တရားဝင်ပြတ်စဲသွားတဲ့ အကြောင်းကို ပြောပြလာတဲ့ နန်းဆုရတီစိုး

ဘာဘီအရုပ်မလေးတစ်ရုပ်လို လှပပြီး ချစ်စရာကောင်းလှတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးနဲ့ အဆိုတော် G-Fattတို့ကတော့ ရွှေလက်တွဲလာခဲ့တာ (၂)နှစ်ကျော် (၃)နှစ်နီးပါးရှိနေခဲ့ပြီး ချစ်စရာကောင်းလှတဲ့ မမနဲ့မောင်လေးစုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကစပြီးတော့ ဒီချစ်စရာကောင်းတဲ့ စုံတွဲလေးဟာ ပြဿနာလေးတွေအနည်းငယ်ရှိနေခဲ့ပြီး စိတ်ဆိုးစိတ်ကောက်ဖြစ်နေခဲ့ကြပါသေးတယ်။သူတို့ စုံတွဲလေးကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေက နှစ်ဦးသားပြန်လည်အဆင်ပြေဖို့ကို တောင်းဆိုမျှော်လင့်နေခဲ့ကြတာပါ။

သို့ပေမဲ့လည်း ပရိသတ်တွေ တောင်းဆိုမျှော်လင့်နေတဲ့ ဆန္ဒလေးကတော့ ပြည့်ဝလာနိုင်စရာအကြောင်းမရှိတော့ပါဘူး။ပျော်ပျော်ရွှင်ရွှင်နဲ့ ရွှေလက်တွဲလာတဲ့ သူတို့ စုံတွဲလေးဟာ ပြတ်စဲသွားပြီဖြစ်တဲ့ အကြောင်းကို နန်းဆုကိုယ်တိုင်က အင်တာဗျူးမှာ “ချစ်သူတွေလည်း မဟုတ်တော့သလို ရန်သူတွေတော့လည်း မဟုတ်ကြဘူး။အချင်းချင်းကတော့ အဆက်အသွယ်ရှိပါတယ်။အလုပ်နဲ့ပတ်သက်ပြီးတော့လည်း စကားတွေပြောဖြစ်ပါတယ်။နန်းဆုတို့ကတစ်ယောက်နဲ့တစ်ယောက် မုန်းတီးနာကျင်ပြီး ရန်သူတွေဖြစ်နေကြတဲ့ အနေအထားမဟုတ်ဘူး။ကိုယ့်အလုပ်ကိုယ်လုပ် သူအလုပ်သူကြိုးစားနေရင်းနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်လိုအပ်တာတွေရှိရင် စကားတွေပြောဖြစ်တယ်။အလုပ်နဲ့ပတ်သက်ပြီးတော့ စကားပြောဖြစ်ပါတယ်”လို့ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေက ချစ်ခင်ရတဲ့ အတွဲလေးပြတ်သွားတာကြောင့် စိတ်မကောင်းဖြစ်စေခဲ့ရတဲ့ အတွက်ကိုလည်း “ပရိသတ်တွေကြားချင်နေတဲ့ ဒီ Relation နဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကြားချင်တဲ့အဖြေကို နန်းဆု မပြောပေးနိုင် မဖြေပေးနိုင်တဲ့ အတွက်နန်းဆုကိုယ်တိုင်လည်း စိတ်မကောင်းပါဘူး။ နန်းဆုကိုလည်း နားလည်ပေးပါ”လို့လည်း တောင်းပန်ထားပါသေးတယ်။ ပရိသတ်ကြီးရေ နန်းဆုကိုယ်တိုင်ဖြေကြားထားတဲ့ ဒီအင်တာဗျူးဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*