ဖြိုးမြတ်အောင်ဘက်က တိုက်ခိုက်နေတဲ့ ပရိသတ်တွေကို စိန်ခေါ်လိုက်တဲ့ မိုင်းမိုင်ဆိုင်း

ပရိသတ်ကြီးရေ Myanmar Idol ပြိုင်ပွဲထဲကို မိသားစုနဲ့အတူ သွားရောက်ကြည့်ရှုခဲ့တဲ့ ဖြိုးမြတ်အောင်တစ်ယောက် သူတစ်ယောက်ပဲဝင်ခွင့်ရပြီး မိသားစုတွေဝင်ခွင့်မရခဲ့လို့ ရှက်ပြီး အိုင်ဒေါလ်ကနေ ပြန်လာခဲ့တယ်ဆိုတဲ့သတင်းတွေက ပရိသတ်တွေကြားမှာပျံ့နှံ့ခဲ့ပြီး သူ့ရဲ့အမာခံဖန်တွေကဖြိုးမြတ်အောင်ဘက်ကနေ မခံမရပ်နိုင်ဖြစ်ခဲ့ကြပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိုင်းမိုင်ဆိုင်းက ဖြိုးမြတ်အောင်ရဲ့ အမှားဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်ရေးသားခဲ့ရာကနေ ဖြိုးမြတ်အောင် ပရိသတ်တွေနဲ့သူမနဲ့ ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပါတယ် ။ အခုလည်း ဖြိုးမြတ်အောင်ပရိသတ်တွေ သူမကို မက်ဆေ့ဂျာထိဘာလာရောက်ခြိမ်းခြောက်နေတဲ့အတွက် အခုလိုတုံ့ပြန်လာခဲ့ပါတယ် ။

” Msger တွေ ph တွေထိ လာရောက်ခြိမ်းခြောက်နေသူများအတွက် ဒီစာပြန်ရေးတာ…မင်းတို့တွေမပြီးနိုင်လို့ငါလည်းပြန်ဆက်ရတာပေါ့… ခနတော့စောင့်ပေးနော်…လာမယ်စိတ်ဝင်စားစရာအချက်လက်တွေ ပထမဆုံးအဲ့ညက သူတင်ထားတဲ့ staus တွေမှာ ရော,,Interview တွေမှာ ရောကွက်ပြီးချန်ပြီးလှလှလေး ဖြေသွားတာတွေကြောင့်အသားလွတ်ဝန်ထမ်းတွေဆဲခံရလို့ ကိုယ်တွေလည်းမိသားစုဝင်အနေနဲ့ မှန်တဲ့ဘက်ကဝင်ပါမိကြတာပါ…ပါသင့်လို့ပါတာသူသာမှန်ရင် ကိုယ်တိုင်တောင်သူ့ဘက်က ရပ်တည်ပေးပြီးidolနဲ့ fightပေးမိမှာပါ…ရပ်တည်ပေးမယ်လို့လည်းရေးထားပြီးသားပါ.. ” လို့ပြန်လည်ရေးသားလာခဲ့ပါတယ် ။

အဆဲခံနေရတဲ့ ဝန်ထမ်းတွေဘက်ကရပ်တည်ပေးဖို့ စိတ်တူကိုယ်တူ(7)ယောက်လောက်တိုင်ပင်ကြပြီး .(၃)ယောက်လောက်ဘဲရေးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ် ။ “ကျန်တဲ့သူတွေထပ်ရေးရင်ပြသနာထပ်ဖြစ်မှာစိုးလို့ ထားလိုက်ပါတော…ကျနော်တို့တစ်ယောက်နှစ်ယောက် status တွေရေးတင်လိုက်မှသူ့ကိုမကောင်းမြင်ကြမှာစိုးပြီး မီးခဲဖင်ကြားညပ်မိသလို ဆတ်ဆတ်ခါပြီးခင်ရင် Ph နဲ့ပြော msger နဲ့ပြောလို့မရဘူးလားပြောနေကြသူတွေ သူလည်းအဲ့လိုဝင်လို့မရဘူးဆိုကတည်းကဒီလောက်သေသေချာချာလိုက်လုပ်ပေးနေတဲ့ ကိုသန့်တို့ မခင်နှင်းတို့ကို ph ဆက်လို့မရဘူးလား?Idolကလေးတွေဘယ်သူမဆိုဆက်လို့ရတယ်…ကာယကံရှင်မပြောနဲ့ဘယ်သူရဲ့အမျိုးအစွယ်အပွားတွေဘယ်သူ့ကိုမဆိုတောင် လှည့်ပြန်သွားရအောင် သူတို့မလုပ်ကြပါဘူး..အဆင်ပြေအောင်လုပ်ပေးတယ်လက်မှတ်သာပါရင် သူလို winner မပြောနဲ့ သူတောင်းစားတောင်ဝင်ခွင့်ပေးတဲ့ နေရာပါ…ကြားထဲမှာအားလုံးကိုယ့်ကျရာအလုပ်ကိုလုပ်ရင်း လွဲသွားကြတာကို ph မဆက်ဘာမဆက် ဆတ်ဆတ်ထိမခံ ပြန်သွားတဲ့အပြုအမူတွေ ကိုလူတွေကမမြင်… မိသားစု( ၈) ယောက်လုံး တစ်တန်းတည်းထိုင်ရအောင်တောင်ကိုသန့်က သန့်ရှင်းရေးတွေကိုထိုင်ခိုင်းပြီး နေရာဦးထားခိုင်းလို့ တခြားစီစဉ် မှူး တစ်ယောက်နဲ့ ကတောက်ကဆဖြစ်ရတာတွေလည်း မသိပေးကြဘူးမလား??? ” လို့လည်း မိုင်းမိုင်ဆိုင်းက ရေးသားထားတာတွေ့ရပါတယ် ။

” မဝင်ရလို့အရှက်ကွဲတဲ့ပုံစံပြောသွားတာကမကောင်းဘူးလေ.. လူကြီးတွေရှေ့မှာကို လက်မှတ်တွေ ဖြဲပြီးထွက်သွားတဲ့ပုံစံက သူတကယ်အောက်ချေမလွတ် ရင်တောင် လွတ်တယ်ဘဲမြင်သွားကြမှာ ဘဲလေ?
ညကpostတင်တာဒေါသထွက်လို့ထားလိုက်..interview မှာတော့ သေချာစဉ်းစားပြီး ကိုယ် ဘာလုပ်လိုက်မိတယ်ဆိုတာတွေပါထည့်ပြောလိုက်ရင်ပြီးသွားပြီ…ခုတော့ သဘောထားကြီးသူလို အဖြေတွေချန်ပြီးဖြေပြသွားတာလေ… သူမမှားရင်ဝန်ထမ်းတွေကလည်းခုလိုဆတ်ဆတ်ထိမခံဒေါသထွက်နေမှာလား ဆိုတဲ့တစ်ချက်ကိုကောဘာလို့ မျှမစဉ်းစားပေးကြတာလဲ? ” ပြီးတော့live လွင့်ပြီး အပေါက်စောင့်ခေါင်းဖြူ ကြီးရဲ့မျက်ခွက်က ပုပ်အက်တာတွေ စောက်ခွက်တွေဘာဖြစ်တယ်ဆိုပြီးလှောင်ခဲ့တာတွေကိုလည်းinterviewမှာထည့်ဖြေပေးလေ…ကိုယ်ချင်းစာကြည့်မပြောနဲ့ ခနခန ကြုံဖူးတယ် သူတို့ S3ကတည်းကအမြဲသွားကြည့်နေကျမို့လို့…ကလေးတွေ အဆင်မပြေလို့Ph ဆက်လိုက်ရင်အဆင်ပြေအောင်လုပ်ပေးခဲ့တာချည်းဘဲInterviewကွက်ပြီးချန်ပြီးဖြေသွားလိုက်တာ အားလုံး အံ့တောင်ဩယူရတယ်…အဲဒါကို သူပြောသွားတာတစ်ခုတည်းကိုကြည့်ပြီး သူမှသူအမှန်ဆိုပြီးအားလုံးကိုပတ်ဆဲ မကျေနပ်တဲ့သူတွေကိုအောက်တန်းကျစွာ ခြိမ်းခြောက်စာတွေပို့နေသူများ စော်ကားနေသူများအတွက် သေချာစုစည်းပေးနေပါတယ်…. ” လို့လည်း မိုင်းမိုင်ဆိုင်းက တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ် ။

” ဖားရအောင်လည်း ဒီလောကကို အဲလောက်မက်မောတွယ်တာနေတာမဟုတ်ဘူးရှင်းလား..ဖားရအောင်ဟုတ်တယ်.ရွှေထွဋ်တင်ကွင်းရောက်မှမမီးတို့ ဝန်ထမ်းတို့နဲ့ပြန်တွေ့ရတာ…မမီးကဘာလုပ်ပေးမှာမို့ ဖားနေတယ်ဆိုတဲ့အပြောတွေ ထွီးးး ရွံစရာကောင်းတယ်…ထပ်လုပ်ပေးဖို့မှမလိုတော့တာ ကျနော်တို့အတွက်အရမ်းကို ကျေနပ်သင့်တဲ့အနေအထားသူတို့ပေးခဲ့ပြီလေ..အဲလောက်ငမ်းငမ်းတက်မမက်ပါဘူး… Idol လာကြည့်တဲ့အချိန်ကလွဲရင်ကျန်တဲ့အချိန် အဆက်သွယ်တောင်မရှိပါဘူး..ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်ဝမ်းကိုယ်ကျောင်းပြီးနေတာပါ..ဖားချင်ရင်မက်ချင်ရင်အပြင်လောကမှာတခြားနည်းတစ်ပုံကြီးပါ…ဘယ်သူ့ကျေးဇူးကျွေးမှ မခံချင်လို့ ဘယ်သူ့အကူအညီမှအလကားမယူဘဲ တစ်ယောက်တည်း ရုန်းကန်နေတာ…ဖားမှ လူချစ်အောင် လိမ်ဆင်တွေလုပ်မှ နေရာရမယ်ဆို အဲဒီနေရာကို တံတွေးထွေးထားခဲ့ပြီး ရင်ကော့ခေါင်းမော့ပြီး ပျော်ပျော်ကြီးထွက်သွားလိုက်မယ်..ရွံလို့ ! ” လို့လည်း သူမရဲ့ခံစားချက်တွေကို ပေါက်ကွဲစွာရေးသားထားပါသေးတယ် ။

” ခြိမ်းခြောက်တိုင်းမကြောက်တတ်ဘူးနော်…ခိမ်းခြောက်တယ်ဆိုတာကိုယ့်အဆင့်ကိုပြလိုက်တာဘဲ…ကိုယ်တွေ ကမှန်ရဲ့သားနဲ့ အမှားတွေအင်အားကြီးလို့ဗီလိန်ဖြစ်ခဲ့လည်း နေပါစေတော့လို့ထားလိုက်မလို့ဘဲPh တွေဆက် msger ကနေ တွေဆက်တိုက်စာပို့စော်ကားခြိမ်းခြောက်နေလို့ပြန်ရေးတာပါ.. အားလုံးရဲ့ထွက်ဆိုချက်တွေ record တွေနဲ့ လုပ်ပေးမယ် သူတော်ကောင်းတွေအတွက်!!ခနတော့စောင့်… idol ကိုမုန်းနေကြတာနဲ့ဘဲ တလောကလုံးသူမှန်တယ်ဆိုပြီးဖြစ်နေ ပြီး ဘယ်သူမှ အားမပေးတော့ရင်လည်း ပျော်ပျော်ကြီး ရင်ကော့ခေါင်းမော့ပြီး ထွက်သွားလိုက်မယ်သဘောပေါက်..ဒီလောက်တွယ်တာမနေဘူး ရှင်းတယ်နော်… ” လို့ရေးသားပြီး ဖြိုးမြတ်အောင်ဘက်က တိုက်ခိုက်နေတဲ့ ပရိသတ်တွေကို သူမက စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ် ။

Source-စွယ်စုံ

Be the first to comment

Leave a Reply

Your email address will not be published.


*