နှစ်သစ်မှာ မိဘနှစ်ပါးကို တန်ဖိုးကြီးပစ္စည်းတွေနဲ့ ကန်တော့ခဲ့တဲ့ သမီးလိမ္မာလေး သင်ဇာဝင့်ကျော်

သူမချစ်တဲ့ အနုပညာအလုပ်တွေကို ရိုးရိုးသားသားလုပ်ကိုင်ရင်းနဲ့ မိသားစုကို ထောက်ပံ့နေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ရိုးရှင်းပွင့်​လင်းလွန်းတဲ့စိတ်​ကြောင့်​ပရိသတ်​တွေရဲ့အချစ်​ကို အပြည့်​အဝရရှိထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ သင်​ဇာ​လေးက သူမချစ်ခင်ရတဲ့ မိဘနှစ်ပါးကို တန်ဖိုးကြီး ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တဲ့ ကြည်နူးစရာပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မိဘကို သိတတ်ပြီး လိမ္မာလွန်းတဲ သင်ဇာကိုတော့ မိဘနှစ်ပါးကလည်း အားကိုးအားထား ပြုနေရတာပါနော်။

ချစ်ပရိသတ်တွေအတွက်​ မိဘအပေါ် သိတတ်ပြီး အရမ်းကို လိမ္မာလွန်းတဲ့ သမီးလေး သင်ဇာဝင့်ကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်​ဇာ​က​တော့ “Thx for everything mom & dad ❤️ love u both so much … Happy new year & wishing all the best 🙏🏼🙏🏼🙏🏼” ဆိုပြီး မိဘနှစ်ပါးအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တဲ့ သူမရဲ့ ပွဲတက်​ပုံရိပ်​တွေကို လူမှုကွန်​ယက်​ပေါ်မှာ​ဝေမျှ​ပေးထားတာပါ။

သင်​ဇာဝင့်​ကျော်​က​တော့ လတ်​တ​လောမှာ အနုပညာအလုပ်​တွေလုပ်​ရင်း အချစ်​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုကိုလုပ်​ကျွေးရင်း ဘဝကို​ပျော်​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ ခရီးသွားရတာကို ဝါသနာပါတဲ့ သင်​ဇာ​လေးက​တော့ မကြာခဏဆိုသလို ပြည်​တွင်း၊ ပြည်​ပခရီး​တွေ ထွက်​လေ့ရှိပါတယ်​။ ချစ်​ပရိသတ်​တွေလည်း မိဘကို သိတတ်တဲ့သမီးလိမ္မာလေး သင်​ဇာလေးကိုချစ်ရင် သူမရဲ့ပုံရိပ်တွေကို အချင်းချင်း​ဝေမျှလိုက်​ကြဖို့မ​မေ့ပါနဲ့​နော်​။

မိုမိုလေး