ကိုလူချောအဖွဲ့သားတွေကို လိုအပ်နေတဲ့ပစ္စည်းလေးတွေ ပေးလှူခဲ့ကြတဲ့ နေတိုးနဲ့ သက်မွန်မြင့်

သရုပ်ဆောင်နေတိုးနဲ့ သက်မွန်မြင့် အပါအဝင် ချည်အဖွဲ့သားတွေ စုစည်းပြီး ကိုလူချောအဖွဲ့သားတွေအတွက် နှစ်တစ်နှစ်ကူးပြေင်းခါနီး မွန်မြတ်တဲ့ အလှူဒါနလေးပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။

Image may contain: 4 people, people smiling

Image may contain: 5 people, people smiling

Image may contain: 12 people, people smiling, people standing
အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးစီးပြီး ချည်ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ခဲ့ကြသော နေတိုး၊ သက်မွန်မြင့်၊ ရွှေသမီး အစရှိတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ပို့ဇာတ်ရံတွေအားလုံးရဲ့ စုပေါင်းအလှူလေးအနေနဲ့ လှူဒါန်းခဲ့တာလို့ သိရပါတယ်။

Image may contain: 7 people, people smiling

Image may contain: 4 people, people smiling, phone
ကိုလူချောအဖွဲ့ဝင်များအတွက် ဆန်၊ ဆီ နဲ့ ငွေအလှူလေးလှူဒါန်းခဲ့ကြတာဖြစ်ပြီး နှစ်တစ်နှစ်မကူးခင်အချိန်လေးမှာ ကုသိုလ်ယူခဲ့ကြတဲ့ မွန်မြတ်လှတဲ့ အလှူလေးကို နေတိုးက ပရိသတ်တွေအတွက် မျှဝေပေးခဲ့တာဖြစ်ပါတယ်။

Image may contain: 6 people, people smiling, people standing

Image may contain: 7 people, people smiling, people standing
ချည်ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး ၊ သက်မွန်မြင့် ၊ ရွှေသမီး တို့ပါဝင်သရုပ်ဆောင်ထားကြပြီး အိမ်ထောင်ရေး နဲ့ အချစ်ဇာတ်ကားလေးတစ်ကားအနေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မူရာလေး သက်မွန်မြင့်နဲ့ နေတိုးတို့ရဲ့ အလှူပုံရိပ်လေးတွေကို ဆယ်လီစတားပရိသတ်ကြီး မုဒိတာပွားနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Image may contain: 4 people, people smiling, people standing and outdoor

Image may contain: 6 people, people smiling, people standing and outdoor

Image may contain: 5 people, people smiling, people standing and outdoor

Cele Star