မစိမ့်ထက်သေဆုံးမှုကို တရားရုံးပြောင်းလဲစစ်ဆေးခွင့်ရရှိရေးတင်ပြထားရာ ထူးခြားမှုမရှိသေး

မစိမ့်ထက်သေဆုံးမှုနှင့်ပတ်သက်၍ တရားစွဲဆိုထားခြင်းကို တရားရုံးပြောင်းလဲစစ်ဆေးခွင့်ရရှိရေးတင်ပြထားရာ ၃ လကြာသည်အထိ ထူးခြားမှုမရှိသေးကြောင်းသိရသည်။မစိမ့်ထက်သေဆုံးမှုနှင့်ပတ်သက်၍ အမှုစစ်ဆေးနေသည့်နောက်ဆုံးအခြေအနေအားအကုန်သိသတင်းဌာနမှ ဇန်န၀ါရီလ ၂ ရက်၌ဆက်သွယ်မေးမြန်းရာတွင် မစိမ့်ထက်၏ဖခင်ဖြစ်သူဦးမောင်မောင်လေးက ဖြေကြားပေးခြင်းဖြစ်သည်။

Image may contain: 1 person, cloud, sky, mountain, nature and outdoor

“ကျွန်တော်ကရုံးပြောင်းပေးဖို့လျှောက်ထားတာ ၃ လခွဲတော့ကျော်နေပြီ။ ကြားနာတာတော့နေပြည်တော်ခေါ်ပြီး ကြားနာပြီးပြီ။ အမိန့်ကိုစောင့်နေတာပေါ့။ အမှုအခြေအနေကသက်သေ ၃၉ ယောက်မှာအားလုံး ၂၁ ယောက် စစ်ပြီးပြီ။ အခုကသေမှုသေခင်းကတော့စစ်ပြီးပြီ။ ကျန်တာက ပုဒ်မ ၃၀၄(က)ရယ်၊ နောက်ပြီး သူတို့(တရားစွဲခံထားရသူများ)ခရီးသွားလိုင်စင်မရှိတာရယ် အဲဒီ ၂ မှုတော့ကျန်သေးတယ်။ ကျွန်တော်က ရုံးပြောင်းတာကပူတာအိုမှာ။ သူတို့က တရားရုံးမှာထွက်ချင်သလိုထွက်နေတယ်။ ခေါင်းဆောင်မရှိဘူးဆိုတယ်။ နောက်တောင်တက်ကြိုးပါသွားတယ်။ မေ့ကျန်ခဲ့တာဆိုတယ်။အမှန်က မပါသွားလို့ ပြုတ်ကျပြီး သေသွားတာလေ။ ပါသွားရင်သေစရာအကြောင်းမှမရှိတာ’’ဟု ၄င်းက ပြောသည်။

Image may contain: one or more people, mountain, nature and outdoor

မစိမ့်ထက်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဖန်ကရန်ရေခဲတောင်တက်အပြန်ခရီး၌ တောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါမစိမ့်ထက်သေဆုံးမှုတွင် the summiter တောင်တက်ခေါင်းဆောင် ၂ ဦးဖြစ်သောကိုဇော်ဇင်ခိုင်နှင့် ကိုအောင်ခိုင်မြင့်တို့ကို မစိမ့်ထက်၏ဖခင် ဦးမောင်မောင်လေးကရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် တရားလိုပြုလုပ်ကာတိုင်တန်းခဲ့ခြင်းဖြစ်ပြီး ပူတာအိုမြို့နယ်တရားရုံးတွင် အမှုကိုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

Source-အကုန်သိ