သိန်းတစ်သောင်းခွဲနံပါတ်နဲ့​ ဂဏန်းတစ်လုံးသာ လွဲချော်ခဲ့ရတဲ့ သရုပ်ဆောင် ဇော်ဇော်အောင်

ဇာတ်ပို့သရုပ်ဆောင် ဇော်ဇော်အောင်ဟာ သရုပ်ဆောင်ပိုင်နိုင်လွန်းပြီး ဟာသ သာမက အလွမ်းအဆွေးတွေနေရာမှာပါ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်က လက်ခံအားပေးသူတစ်ဦးပဲ ဖြစ်ပါတယ်…. သူများတွေကို ပျော်အောင်လုပ်ပေးတတ်တဲ့ ဟာသဇာတ်ပို့သရုပ်ဆောင် ဇော်ဇော်အောင်ဟာ သူကိုယ်တိုင်ပြောရဖို့အရေးကနေ သီသီလေးကပ်လွဲသွားခဲ့ရပါတယ်…

Image result for ဇော်ဇော်အောင်

အဲတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ၁၀၀၀ တန် အောင်ဘာလေထီရဲ့ ကျပ် သိန်း တစ်သောင်းခွဲဆုကြီးနဲ့ ကပ်လွဲသွားခဲ့ရတာပါ….ဒီလိုကပ်လွဲသွားခဲ့ရတဲ့အကြောင်းကို ဇော်ဇော်အောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ခုလို ပြောပြထားတာပါ…

Image may contain: 1 person, smiling, closeup

“ကုသိုလ်ကံပေး မရသေးနှောင့်နှေးဗျာပါ မရှိရာတဲ့သိန်းတသောင်းခွဲ ပေါက်လဲကျွန်တော့်ဘဝ က အထီးကျန် နေဦးမှာပါ” ဆိုပြီး ကြေကွဲဖွယ်ရေးသားထားတာပါ..သိန်းတစ်သောင်းခွဲဆုပေါက်မဲ နံပါတ်က င ၂၀၄၅၈၈ ဖြစ်ပြီး ဇော်ဇော်အောင့်ရဲ့ ထီလက်မှတ်က င ၂၀၀၅၈၈ ဖြစ်ပါတယ်….

ခုလို သီသီလေး တစ်လုံးတည်း ကပ်လွဲသွားတဲ့အတွက် ပရိသတ်တွေကလည်း နှမြောစိတ်မကောင်းဖြစ်နေကြပြီး နောက်လာမယ့်လတွေမှာ ပေါက်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်…. ပရိသတ်ကြီးတို့လည်း ထီကံကောင်းနိုင်ကြပါစေနော်..

Source-MON