သရုပ်ဆောင်မေသန်းနုရဲ့ ငွေကြေးလိမ်လည်မှုအကြောင်းဖွင့်ဟလာခဲ့တဲ့ တရားလိုဒေါ်စန်းစန်းမြင့်

ယနေ့ညနေကထွက်ပေါ်လာတဲ့ သရုပ်ဆောင်မေသန်းနု ထောင်ဒဏ်တစ်နှစ်ကျခံရမယ့်သတင်းကတော့ လူအများစိတ်ဝင်စားနေ ကြတာပါ။သရုပ်ဆောင်မေသန်းနုကို ဆောက်လုပ်ရေး လုပ်ငန်းရှင် ဒေါ်စန်းစန်းမြင့်က သိန်း ၁၂၀၀ လိမ်လည်မှု ဖြင့် ရန်ကင်းတရားရုံးမှာ တရားစွဲထားခဲ့တာ ဖြစ်ပြီးယနေ့မှာတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်တစ်နှစ်ကျခံဖို့ အမိန့်ချခဲ့တာလို့သိရပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး ဒေါ် စန်းစန်းမြင့်ကသူမအနေနဲ့ ငွေကြေး လိမ်လည်ခံခဲ့ရတာ နှစ်နှစ်တရားရင်ဆိုင်ရတာ လေးနှစ် စုစုပေါင်း ‌ခြောက်နှစ် ရှိပြီဖြစ်ကြောင်း တလ ငါးသိန်းဆပ်ခိုင်းပေမယ့် နှစ်လသာဆပ်ပြီး မပေးတော့ကြောင်း ခုစီရင်ချက်ချတဲ့နေ့မှ ရောက်လာခဲ့ပြီးတရားသူကြီးက အလုပ်နဲ့ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့တာဖြစ်ကြောင်း သူ့အနေနဲ့ အမှန်အတိုင်းဆုံးဖြတ်ခဲ့တဲ့ တရားသူကြီးကိုကျေးဇူးတင်ကြောင်း ‌ပြောကြားခဲ့ပါတယ်။


သရုပ်ဆောင်မေသန်းနုရဲ့အဖြစ်အပျက်ကတော့ အံ့ဩစရာကောင်းလှပါတယ်နော်။အမြန်ဆုံးအဆင်ပြေနိုင်ပါစေလို့ ရွှေရောင်လမ်းမီဒီယာမှ ဆုတောင်းပေးလိုက်ပါရစေ။

Source-SYL