တ႐ုတ္စီမံကိန္းမ်ားႏွင့္ပတ္သက္၍ ျပည္သူမ်ား၏ေထာက္ခံမႈရေရး သမၼတ ႏွစ္ဦး ေဆြးေႏြး

ျမန္မာႏိုင္ငံထဲမွာ ေဆာင္႐ြက္မယ့္၊ ေဆာင္႐ြက္ဆဲ တ႐ုတ္စီမံကိန္းေတြနဲ႔ပတ္သက္လို႔ လူမႈေရးနဲ႔ သဘာဝပတ္ဝန္းက်င္အေပၚ ေဒသခံျပည္သူေတြရဲ႕ေထာက္ခံမႈရဖို႔ ျမန္မာသမၼတနဲ႔တ႐ုတ္သမၼတတို႔ ဇန္နဝါရီ ၁၇ ရက္က ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

ျမန္မာအစိုးရရဲ႕ဖိတ္ၾကားခ်က္အရ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ ျမန္မာႏိုင္ငံကို ၂ ရက္ၾကာလာေရာက္တဲ့ခ်စ္ၾကည္ေရးခရီးစဥ္ရဲ႕ပထမေန႔မွာ သမၼတ ဦးဝင္းျမင့္နဲ႔အခုလို ေတြ႕ဆုံေဆြးေႏြးခဲ့တာပါ။

ေတြ႕ဆုံေဆြးေႏြးရာမွာ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈပမာဏ တိုးျမႇင့္ေရးနဲ႔ ျမန္မာ့ထြက္ကုန္ေတြ ပိုမိုလက္ခံဝယ္ယူဖို႔၊ ပိုးလမ္းမစီမံကိန္း (BRI) နဲ႔ ျမန္မာ-တ႐ုတ္ စီးပြားေရးစႀကႍတို႔မွာ ႏွစ္ဖက္အက်ိဳးရွိၿပီး ေကာင္မြန္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြကို လက္တြဲ ေဆာင္႐ြက္ဖို႔နဲ႔ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရာမွာ လူမႈေရးနဲ႔သဘာဝပတ္ဝန္းက်င္တို႔အေပၚ ေဒသခံျပည္သူေတြရဲ႕ ယုံၾကည္ေထာက္ခံမႈ ရရွိေရး စတာေတြ ေဆြးေႏြးခဲ့ၾကပါတယ္။

Image may contain: 6 people, people smiling, people standing and suit

ဒါ့အျပင္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူႀကီး ၅ ရပ္နဲ႔အညီ အျပန္အလွန္ ေလးစားမႈ၊ နားလည္မႈနဲ႔ မိတ္ဖက္ဆက္ဆံေရး ပိုမိုခိုင္မာဖို႔၊ ဘက္စုံမဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဖက္ဆက္ဆံေရးနဲ႔ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ေတြကို စည္ကားသိုက္ၿမိဳက္စြာ ႏွစ္ဖက္အက်ိဳးရွိရွိေဆာင္႐ြက္ဖို႔၊ ႏွစ္ႏိုင္ငံျပည္သူေတြရဲ႕ အက်ိဳး စီးပြားအတြက္ ပူးေပါင္းေဆာင္႐ြက္မႈ အရွိန္အဟုန္ ျမႇင့္တင္ဖို႔၊ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသမ်ား တည္ၿငိမ္ေအးခ်မ္းဖို႔နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ စတဲ့ကိစၥရပ္ေတြကိုလည္း ႏွစ္ဖက္ေတြ႕ဆုံရာမွာ ထည့္သြင္းေဆြးေႏြးခဲ့ပါတယ္။

Image may contain: 1 person, sitting

ေတြ႕ဆုံၿပီးေနာက္ ႏွစ္ႏိုင္ငံအႀကီးအကဲေတြဟာ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္း ဗဟိုဌာန ၂ မွာ က်င္းပတဲ့ ျမန္မာ – တ႐ုတ္ သံတမန္ ဆက္ဆံေရးႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္အခမ္းအနားနဲ႔ ျမန္မာ – တ႐ုတ္ ႏွစ္ႏိုင္ငံ ယဥ္ေက်း မႈနဲ႔ခ ရီးသြားလာေရးႏွစ္ စတင္တဲ့ အထိမ္းအမွတ္ အခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။

Image may contain: 6 people, people standing and indoor

Unicode

မြန်မာနိုင်ငံထဲမှာ ဆောင်ရွက်မယ့်၊ ဆောင်ရွက်ဆဲ တရုတ်စီမံကိန်းတွေနဲ့ပတ်သက်လို့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဒေသခံပြည်သူတွေရဲ့ထောက်ခံမှုရဖို့ မြန်မာသမ္မတနဲ့တရုတ်သမ္မတတို့ ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာလာရောက်တဲ့ချစ်ကြည်ရေးခရီးစဉ်ရဲ့ပထမနေ့မှာ သမ္မတ ဦးဝင်းမြင့်နဲ့အခုလို တွေ့ဆုံဆွေးနွေးခဲ့တာပါ။

Image may contain: one or more people, people standing, sky, outdoor and nature

တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးနဲ့ မြန်မာ့ထွက်ကုန်တွေ ပိုမိုလက်ခံဝယ်ယူဖို့၊ ပိုးလမ်းမစီမံကိန်း (BRI) နဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတို့မှာ နှစ်ဖက်အကျိုးရှိပြီး ကောင်မွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွဲ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းများ အကောင်အထည်ဖော်ရာမှာ လူမှုရေးနဲ့သဘာဝပတ်ဝန်းကျင်တို့အပေါ် ဒေသခံပြည်သူတွေရဲ့ ယုံကြည်ထောက်ခံမှု ရရှိရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

Image may contain: one or more people, basketball court and outdoor

ဒါ့အပြင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နဲ့အညီ အပြန်အလှန် လေးစားမှု၊ နားလည်မှုနဲ့ မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာဖို့၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်တွေကို စည်ကားသိုက်မြိုက်စွာ နှစ်ဖက်အကျိုးရှိရှိဆောင်ရွက်ဖို့၊ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုး စီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ဖို့၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ စတဲ့ကိစ္စရပ်တွေကိုလည်း နှစ်ဖက်တွေ့ဆုံရာမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

Image may contain: 1 person, on stage, sitting and indoor

တွေ့ဆုံပြီးနောက် နှစ်နိုင်ငံအကြီးအကဲတွေဟာ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ မှာ ကျင်းပတဲ့ မြန်မာ – တရုတ် သံတမန် ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားနဲ့ မြန်မာ – တရုတ် နှစ်နိုင်ငံ ယဉ်ကျေး မှုနဲ့ခ ရီးသွားလာရေးနှစ် စတင်တဲ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။