မနေ့က တရုတ်တန်းမှာ Face Mask ကို ကြောင်တောင်တောင်အမှားတွေလုပ်ပြီးတပ်နေတဲ့ လူတော်တော်များများတွေ့နေရလို့ တင်လိုက်ပါတယ်

”မနေ့က တရုတ်တန်းမှာ Face Mask ကို ကြောင်တောင်တောင်အမှားတွေလုပ်ပြီးတပ်နေတဲ့ ယောက်ကျား/မိန်းမအတော်များများတွေ့နေရလို့ တင်လိုက်ပါတယ်”သေရင်ထိပ်ဆုံးကသေမှာဆိုးလို့ စေတနာများစွာနဲ့။

Image result for Mask

ကျန်းမာရေးနဲ့ပတ်သက်ရင်ပေါ်ပင်တွေသိပ်မလုပ်ပါနဲ့။ တကယ်တန်းကူးဆက်သွားပြီဆို ၁ပတ်အတွင်းသေမှာပဲ။ ဘယ်သူမှမကယ်နိုင်သေးဘူး။ တကယ်ဖြစ်မှာကြောက်လို့တတ်တယ်ဆို သေချာလေ့လာပြီးမှတတ်ပါ။အလှပိတ်စနဲ့ချုပ်ထားတဲ့Maskတွေတပ်ပြီးလျှောက်သွားနေရင် virusဖြစ်မှာသင်တို့အရင်ဖြစ်သွားပါလိမ့်မယ်။ ပိတ်စဆိုတာ ဖုန်မှုန် virusအကုန်ကပ်ညိတွယ်ပြီး ပိုးမသေပဲ လူပဲအရင်သေသွားပါလိမ့်မယ်။

Face Mask တပ်ရင် ပြီးခဲ့တဲ့ရက်တွေက Face Mask တပ်ရင် ဘယ်လိုတပ်ပါဆိုပြီး ပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုဟာ အမှားကြီးပါ။ အဲဒီပို့စ်က ပြောတာက ကိုယ်က နေမကောင်းရင် (သို့) ကိုယ်ဆီက ရောဂါတွေ သူများဆီ မကူးစေချင်ရင် အစိမ်းရောင်/ အရောင်ရှိတဲ့ဘက်ကို အပြင်ဘက်မှာ ထား ဆိုတာ မဟာအမှားကြီးပါ။

Image may contain: 1 person, smiling, text

ကိုယ်က နေကောင်းနေပြီး သူများဆီက ရောဂါပိုးတွေ ကိုယ့်ဆီ မကူးစေချင်ရင် အဖြူရောင်ဘက်ကို အပြင်မှာထား ဆိုတာတွေက အလကားလျှောက်ရေးနေတာပါ။ ဘာလို့လဲဆိုတော့ ပိုးစစ်တဲ့ ဆန်ကာ (filter) က အဖြူရောင်ဘက် အခြမ်းမှာ ရှိလို့ဆိုပြီး စသဖြင့် ပို့စ် တစ်ခု အတော်ပျံ့နှံ့ခဲ့ပါတယ်။ ဒါလုံးဝမမှန်ပါ။

ဘာကြောင့် မှားသလဲ။ အချက် ၃ ချက်နဲ့ ပြောပါမယ်။

၁။ ပုံမှန်အားဖြင့် face mask မှာ အလွှာ ၃ လွှာပါပြီး အလယ်က melt blown microfilter ပါ။ microfilter က သေးငယ်တဲ့ (microbes) ပိုးမွှားတွေကို အပြင်ကနေ အထဲဝင်လာမှာကို (သို့) အထဲကနေ အပြင် ထွက်မှာကို ကာကွယ်ပေးပါတယ်။ တစ်ဘက်တည်းကိုပဲ ကာတယ်ဆိုတာ မဟုတ်ပါ။

Image may contain: text that says 'Middle layer: barrier to germ Outer layer: fluid repellent Inner layer: moisture absorption'

၂။ face mask တပ်တဲ့အခါ ထုတ်လုပ်တဲ့ ကုမ္မဏီရဲ့ (recommendation) အကြံပြုချက် အတိုင်း ဝတ်ရမယ်လို့ ဆိုပါတယ်။ အကြမ်းအားဖြင့်တော့ အရောင်ရှိတဲ့ဘက်၊ လွှာတွန့်လေးတွေ အောက်စိုက်ကျနေတဲ့ဘက်ကို အပြင်မှာ ထားပြီး ဝတ်ရပါမယ်။ (metalic strip) အချောင်းလေးက နှာခေါင်းနေရာကို အလိုက်သင့် ပုံသွင်းပြီး ချွန်ထားပေးဖို့လုပ်ထားတာ ဖြစ်လို့ အချောင်းလေးပါတဲ့ဘက်က အပေါ်ဘက် ထားပြီး ဝတ်ရပါမယ်။ mask တပ်ရင် ပါးစပ်ပဲ အုပ်နေပြီး နှာခေါင်းဖော်ထားကြတာ မလုပ်ရပါ။ ခွဲစိတ်နေစဉ်မှာတောင် တချို့ ဆရာဝန်၊ သူနာပြုတွေ အဲ့လို နှာခေါင်းပေါ်နေတာဟာ လုံးဝ မဖြစ်သင့်ပါ။ နှာခေါင်းကော၊ ပါစပ်ကော လုံအောင် ဖုံးရမှာပါ။ metallic strip အချောင်းကလေးကို နှာခေါင်းနဲ့ အလိုက်သင့် ပုံဖော်ထားပြီး ဝတ်ထားရင် နှာခေါင်းကို ချိတ်ထားသလို ဖြစ်နေတာမို့ mask တပ်ထားရင်း အောက်လျှောကျတာ သိပ်မဖြစ်နိုင်တော့ပါ။ ခွဲစိတ်နေရင်း လျောကျလို့ ကိုယ်က လက်မအားရင်လည်း ခွဲစိတ်မှုမှာ မပါတဲ့ သူ တစ်ယောက်ယောက်ကို ဆွဲတင်ခိုင်းရမှာပါ။

Image result for Mask

၃။ face mask မှာ ပါတဲ့ အလွှာ ၃လွှာက

က) အရောင်ပါတဲ့ဘက် အပေါ်ယံ အလွှာက အရည်တွေ စိမ့်မဝင်အောင် ကာကွယ်ပေးပါတယ်။ (fluid repellent) ခ) အလယ်အလွှာက (microfilter) ပိုးတွေကို ကာပေးတဲ့ အလွှာပါ။ ဂ) အတွင်းဘက်ဆုံး အလွှာက (moisture absorption) ရေခိုးရေငွေ့တွေကို စုပ်ယူပေးပါတယ်။ ပုံမှာလည်း ကြည့်ပါ။ အဲတော့ ပုံမှန်အားဖြင့် အပြင်ဆုံး အလွှာက fluid repellent ပါမှသာ တခြားသူတွေဆီက ချာင်းဆိုး၊ နှာချေလို့ ထွက်လာမယ့် စွတ်စိုနေတဲ့ (droplets) အမှုန်အမွှားလေးတွေကို အထဲ မဝင်အောင် ကာထားပေးပါတယ်။ droplet တွေတင် မကဘဲ သွေး၊ တံတွေး၊ သလိပ်တွေ တိုက်ရိုက် လာစင်ရင်တောင် အထဲကို စိမ့်မဝင်အောင် ကာကွယ်ပေးမှာပါ။

Image result for Mask

အတွင်းဆုံး အလွှာကလည်း ကိုယ် ရှူထုတ်လိုက်တဲ့ လေထဲက ရေခိုး၊ ရေငွေ့တွေကို စုပ်ယူပေးထားတာမို့ ရေငွေ့တွေ မျက်စိဘက် ရိုက်တာ၊ မျက်မှန်ကို ရိုက်တာ နည်းစေမယ်၊ ကိုယ့်ဆီက ချောင်းဆိုး၊ နှာချည်လိုက်တဲ့ အရည်တွေ၊ နှာခေါင်းနဲ့ ပါးစပ်ထဲက ထွက်လာမယ့် အရည်တွေကို အတွင်းဘက် အခြမ်းမှာပဲ ပို စုပ်ယူထားတော့ ပြင်ပကို ပျံ့လွင့်သွားမှု အတော်နည်းသွားပြီး ကိုယ့်ဆီက ရောဂါပိုးတွေ သူများတွေဆီ မပြန့်အောင်လည်း ကာကွယ်ပေးပါမယ်။ face mask ရဲ့ ရည်ရွယ်ချက်ကိုက ကိုယ့်ဆီက ရောဂါ သူများတွေဆီ မပြန့်အောင်၊ ကိုယ့်ဆီကိုလည်း သူများတွေဆီက ရောဂါပိုးတွေ မဝင်လာအောင်၊ မရှူ မိအောင် သူ့ဘက်၊ ကိုယ့်ဘက် ကာကွယ်ပေးတာပါ။

Image result for the people who wear mask

ပြောင်းပြန်တပ်လိုက်ရင် ဘာဖြစ်မလဲ။

ပြောင်းပြန်တပ်လိုက်ရင် အပြင်ဆုံး အလွှာက fluid repellent အလွှာ မဟုတ်ဘဲ moisture absorption အလွှာ ဖြစ်နေလို့ သွေး၊ သလိပ် အစရှိတဲ့ အရည်တွေ လာစင်ရင် fluid repellent အနေနဲ့ မကာကွယ်နိုင်တော့ပါ။ fluid repellent မဟုတ်တော့တာတင် မကဘဲ moisture absorption ဆိုတော့ ပြင်ပက လေနဲ့အတူ ပြန့်လွှင့်လာမယ့် စိုစွတ်နေတဲ့ droplet အမှုန်အမွှားတွေကို စုပ်ယူတောင် ထားဦးမှာပါ။ နောက်တစ်ချက်က ရေခိုးရေငွေ့ စုပ်တဲ့ အလွှာက အတွင်းမှာ မရှိတော့ဘဲ fluid repellent အလွှာက ကိုယ်နဲ့ နီးရာ အတွင်းဘက် ရောက်နေတော့ ရေခိုးရေငွေ့တွေ မစုပ်နိုင်တော့တဲ့အတွက် ရေငွေ့တွေ မျက်လုံးကို ပိုရိုက်နိုင်ပါမယ်၊ ကိုယ့်ဆီက ချောင်းဆိုး၊ နှာချေထုတ်လိုက်တဲ့ ပိုးတွေကိုလည်း ကိုယ့် mask အတွင်းလွှာထဲမှာ စုပ်ယူထားတာ မရှိတော့တဲ့အတွက် ပိုးတွေ၊ (droplet) အမှုန်အမွှားတွေ အပြင်ကို ပိုပြန့်တော့ ကိုယ့်ဆီက ရောဂါတွေ သူများဆီတောင် ပိုကူးကုန်နိုင်ပါမယ်။ ဆရာဝန်၊ သူနာပြု တချို့ကိုယ်တိုင်က ပြောင်းပြန်တွေ လိုက်တပ်နေတာ တွေ့ရတော့ ကြည့်ရတာ တမျိုးဖြစ်နေလို့ပါ။

Related image

အချုပ်ပြောရရင်တော့

အလယ်လွှာ microfilter ဟာ အပြင်က ပိုးတွေ အတွင်းမဝင်အောင် အတွင်းကပိုးတွေ အပြင်မထွက်အောင် နှစ်ဘက် ကာထားတာ ဖြစ်တဲ့အတွက် ဘယ်လိုပဲ တပ်တပ် သိပ်တော့ ပြဿ နာ မရှိပေမဲ့ အရောင်ပါတဲ့ဘက်ကို အပြင်က ထားပြီး တပ်တာကသာ အမှန် ဖြစ်ပါကြောင်း၊ mask တပ်ရင် နှာခေါင်းကော၊ ပါးစပ်ပါ လုံအာင်ဖုံးရမှာ ဖြစ်ပါကြောင်း. . .သူများယောင်လို့ လိုက်မယောင်နဲ့။သူများပြောတိုင်းမယုံနဲ့။
နောက်ဆုံး Googleတစ်ချက်ခေါက်ပြီးရှာရင်တောင် ကျန်းမာရေးနဲ့ပတ်သက်တဲ့အဖြေမှန်သိနေရတဲ့ ခေတ်ကိုဗျာာ. . .

ရေးသားသူ-ကောင်းကင်ယံ