ကွယ်လွန်သွားတဲ့ ချစ်သူနဲ့ အမှတ်တရပုံလေးတွေကို ဖျက်ပစ်သင့်ပြီလားလို့ မေးလာတဲ့ နီလန်း

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်တဲ့ အဆိုတော် နီလန်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ပြိုင်ပွဲဝင်ခဲ့ စဉ်က သူမ ရဲ့ကောင်းလွန်းလှတဲ့ အသံပါဝါနဲ့ ချောမောလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် ကွယ်လွန်သွားတဲ့ ချစ်သူနဲ့ အမှတ်တရ ပုံလေးတွေကို ဖျက်ပစ်သင့်ပြီလားလို့ မေးလာတဲ့ အဆိုတော် နီလန်း မကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Image may contain: 1 person, smiling, sitting and closeup

နီလန်းက ” ပျော်ပါတော့ ” ဆိုတဲ့ သီချင်း MV လေးကို ထွက်ရှိထားတာ ဖြစ်ပြီး သူမရဲ့အသဲကွဲ သီချင်းလေးက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့သလို လောကကြီးကထွက်ခွါသွားတဲ့ ချစ်သူနဲ့ သူမ အကြောင်းပုံဖော်ထားတဲ့ ” ရူးတော့မယ် ” MV လေးကလည်း ပရိသတ်တွေကြားနာမည်ကြီးခဲ့ပါတယ်။

Image may contain: 1 person, smiling, standing

Image may contain: 1 person, smiling, standing and outdoor

နီလန်းက သူမရဲ့ ချစ်သူ နဲ့ အတူရှိစဉ် ကြည်နူးပျော်ရွှင်ခဲ့တဲ့ အမှတ်ရ ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ နီလန်းက သူမ တို့ရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ဖျက်ပစ်သင့်ပြီလားလို့ ခုလို ပြောထားတာပါ။

Image may contain: 1 person, standing, child, outdoor and closeup

နီလန်း က ” သိမ်းထားတဲ့ ပုံလေးတွေ ဖျက်သင့်ပြီလား?ဆက်သိမ်းထားရမှာလား? 😰ဖျက်ရတော့မှာလား? 😰ဘာလုပ်ရမှာလဲ?” ဆိုပြီး ပြောထားတာပါ။

Image may contain: 19 people, people smiling

နီလန်း ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Image may contain: 1 person, outdoor

မိုမိုလေး