ဇာဏ်ခီအတွက် အကယ်ဒမီပေးပွဲကိုရင်မခုန်ပါဘူးဆိုတဲ့ ခရစ္စတီးနားခီ

မုဒြာခေါ်သံ၊ဥပါယ်တံမျဉ်နဲ့ထာဝရနှောင်ကြိုး စတဲ့ရုပ်ရှင်ဇာတ်ကားကြီး(၃)ကား ရိုက်ကူးခဲ့ဖူးပြီး ပွဲဦးထွက်ဇာတ်ကားမှာတင်ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ ဒါရိုက်တာခရစ္စတီးနားခီကတော့ ခင်ပွန်းဖြစ်သူဇာဏ်ခီအတွက်အကယ်ဒမီပေးပွဲကိုရင်မခုန်ပါဘူးတဲ့။ အကြောင်းကတော့အကယ်ဒမီစည်းမျဉ်း၊စည်းကမ်းတွေက ဇာဏ်ခီနဲ့မသက်ဆိုင်ဘူလို့ထင်တယ်အဲဒါကြောင့်ပဲဒီဆုတွေတစ်ခုမှသူနဲ့ချိတ်နိုင်မယ်လို့မထင်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူဇာဏ်ခီရဲ့အိုက်တင်းတွေ ၊သီချင်းတွေကိုအရမ်းကြိုက်လို့ ရိုက်ခဲ့တာဖြစ်ပြီး ဆုရခြင်းမရခြင်းက သူ့ရဲ့စိတ်ကိုမပြောင်းနိုင်ပါဘူးလို့ ပြောခဲ့ပါသေးတယ်။ ဒါရိုက်တာခရစ္စတီနားခီဟာ မုဒြာခေါ်သံ၊ဥပါယ်တံမျဉ် နဲ့ထာဝရနှောင်ကြိုး စတဲ့ရုပ်ရှင်ဇာတ်ကားကြီး(၃)ကား ရိုက်ကူးခဲ့ဖူးပြီး ပွဲဦးထွက်ဇာတ်ကားမှာတင် ပရိသတ်အားပေးမှုများစွာ ရရှိထားသူတစ်ယောက်ဖြစ်ပြီးခင်ပွန်းဖြစ်သူမင်းသားချောဇဏ်ခီကလည်း ပရိသတ်ချစ်ခင်မှုများစွာရရှိထားတာကြောင့် ပရိသတ်အချစ်တွေရရှိထားကာ ခီမောင်နှံလို့ပရိသတ်တွေကချစ်စနိုးခေါ်ဆိုကြပါသေးတယ်။

ဒါရိုက်တာခရစ္စတီနားခီကတော့ ဇာတ်ကားကြီးတစ်ကားရိုက်ရင်အချိန်အတော်ကြာယူတာကြောင့် ဇာတ်ကားတစ်ကားထွက်ရှိဖို့ကို ပရိသတ်တွေကတစ်နှစ်လောက်တော့ စောင့်ရလေ့ရှိပါတယ်။(၂၀၁၉)ခုနှစ်မှာရုံတင်ထားတဲ့ ထာဝရနှောင်ကြိုးဇာတ်ကားဟာလည်း စင်္ကာပူနိုင်ငံမှာရုံတင်နေသလို မြန်မာနိုင်ငံမှာလည်း ပရိသတ်တွေရုံပြည့်ရုံလျှံအားပေးမှုကိုရရှိခဲ့ပါတယ်။ပရိသတ်ကြီးရေ ပရိသတ်တွေမှအပြည့်အ၀ အကယ်ဒမီရမယ်လို့ထင်ကြေးပေးနေကြတဲ့ မင်းသားချောဇာဏ်ခီကိုတော့ချစ်ဇနီးဖြစ်တဲ့ ဒါရိုက်တာခရစ္စတီးနားခီကတော့ အကယ်ဒမီပေးပွဲကိုရင်မခုန်ပါဘူးတဲ့နော်။ အကယ်ဒမီစည်းမျဉ်း၊စည်းကမ်းတွေက ဇာဏ်ခီနဲ့မသက်ဆိုင်ဘူလို့ထင်လို့ပါတဲ့နော်။