ဝူဟန်ဗိုင်းရပ်အကြောင်း ပထမဆုံး သတိပေးခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်းကွယ်လွန်

လူသေစေတဲ့ ကိုရိုနာဗိုင်းရပ်ပိုးအကြောင်း ပထမဆုံး သတိပေးခဲ့တဲ့ တရုတ် ဆရာဝန် တယောက် ဒီရောဂါနဲ့ပဲ ကွယ်လွန်သွားပြီလို့ တရုတ် မီဒီယာတွေက ဖော်ပြပါတယ်။

Dr Li posts a picture of himself in a gas mask from his hospital bed

၃၄ နှစ် မှာ ကွယ်လွန်သွားတဲ့ လီဝမ်လျန်း ဟာ ဝူဟန် ဗဟိုဆေးရုံကြီးက မျက်စိဆရာဝန် ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃ဝ ရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဒီရောဂါအကြောင်း စ သတိပေးခဲ့ပါတယ်။ ရောဂါသတင်းကို ဖုံးထားချင်တဲ့ ရဲက သူ့ကို ဒါတွေ မလုပ်ဖို့ လာသတိပေးပါတယ်။

china

ဒီဗိုင်းရပ်ကြောင့် တရုတ်ပြည်မှာ သေသူ ၅၆ဝ ကျော်ရှိပြီး လူ နှစ်သောင်းရှစ်ထောင်ကို ကူးစက်ခဲ့ပါတယ်။

china

လီဝမ်လျန်း ဘယ်သူလဲ

မျက်စိဆရာဝန်က သူ့အကြောင်းကို ဝေဘို ဝက်ဆိုက်ကနေ ရေးသားခဲ့တာပါ။ ဆေးရုံကုတင်ပေါ်က ဖြစ်ပါတယ်။ ၂ဝဝ၃ တုန်းက တရုတ်ပြည်မှာ ဖြစ်ခဲ့ဖူးတဲ့ ဆားစ်ရောဂါနဲ့ တူတဲ့ ဗိုင်းရပ်ရောဂါကူးစက်ခံရသူ ခုနစ်ယောက်ကို ဒေါက်တာလီ စသတိထားခဲ့မိပါတယ်။