ကိုယ့်အိမ်က မီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်း ….

ကိုယ့်အိမ်က မီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းရှိတယ်။မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိမှဖြစ်မယ်။ဥပမာ တစ်ယူနစ်ကို (၅၀)ကျပ်ဆိုရင် အဲ့(၅၀)ဖိုးပဲသုံးချင်တယ်။ အိမ်ကမီးချောင်း ဘယ်နှစ်နာရီ ဖွင့်ခံမလဲ ဆိုတာမျိုးပေါ့။ မီတာမှာ တစ်ယူနစ်တက်အောင် ဒီပစ္စည်းလေးကို ဘယ်လောက်ကြာကြာ သုံးရင် တက်လဲ သုံးရမလဲ။ ပေးလိုက်ရတဲ့ မီတာခ ဟုတ်မှဟုတ်ရဲ့လား။TV လေးတစ်နေ့မှ တစ်နာရီလောက်ကြည့်တာ ငွေအားဖြင့် ဘယ်လောက်ကုန်သွားလဲ။ စက်ပြင်ဆရာတွေ တစ်နေကုန် ခဲဂေါက်ထိုးထားတယ် ။ (unit) ဘယ်လောက်တက်သွားမလဲ။

Image result for မီတာ

တစ်ချို့ ဆိုင်ခန်းငှါးတဲ့ အဒေါ်ကြီးတွေက စက်ပြင်ဆိုင်ဆို မီတာခ အရမ်းကျတယ် ထင်နေတာ ဘယ်လိုပြန်ပြောပြရပါမလဲ။ စတာတွေကို လူအများရှင်းအောင် နည်းပညာပိုင်းကို သိပ်အလေးမပေးဘဲ ပြောကြည့်ချင်ပါတယ်။မီးပူကို တစ်နာရီ ဆက်တိုက် တိုက်ရင်မီတာမှာ တစ်ယူနစ် (1 unit) တက်မယ်(အော်တိုပိတ်ပိတ်သွားချိန်မပါ) ဘာဖြစ်လို့လဲဆိုတော့ မီးပူဟာ(Watt 1000) ရှိလို့ (Watt 1000) ရှိတဲ့ပစ္စည်းကို တစ်နာရီကြာအောင်သုံးရင် တစ်ယူနစ် တက်တယ်။ အဲ့ဒါက ဖော်မြူလာပဲ(1000 watt ×) တစ်နာရီ = (1 unit)

တစ်နာရီကို (unit) ဘယ်လောက်တယ်တယ် သိရင် နှစ်နာရီသုံးတယ်ဆို (၂) နဲ့မြောက်ပေါ့။သုံးနာရီသုံးတယ်ဆို (၃) နဲ့မြောက်ပေါ။အလွယ်လေး မခက်သေးဘူးနော်။ ဒါဆို ကိုယ်မီးပူတိုက်နေတာ ဘယ်နှစ်နာရီဆို ဘယ်နှစ်ယူနစ်တက်မလဲ သိပြီပေါ့။ဟုတ်ပြီ ကျွန်တော် ကျွန်မ ခုသုံးနေတဲ့ ပစ္စည်းက (watt 1000) မှ မဟုတ်တာဗျာ။ အိမ်မှာ လေးပေ မီးချောင်း တစ်ချောင်း ထွန်းထားတယ် အဲ့လေးပေ မီးချောင်းက(Watt 40) ပဲ ရှိတာ ။ ဘယ်နှစ်နာရီ ထွန်းထားရင် တစ်ယူနစ်တက်မလဲ ပိုက်ဆံဘယ်လောက် ကုန်မလဲ။

Image result for မီတာ

ဟုတ်ပြီ ကျွန်တော်တို့ သိချင်တာ(၃) မျိုး ရှိတယ်။ မီတာမှာ (unit) ဘယ်လောက် တက်သွားလဲ။ အချိန်တစ်ခုအားဖြင့် ထွန်းထားတယ်။ ငွေဘယ်လောက် ကုန်သွားပြီလဲ။တစ်ယူနစ် မီတာမှာ တက်အောင် ဘယ်လောက်ကြာကြာ သုံးရမလဲ။ စတဲ့ အချိန်ရယ် ငွေရယ် ယူနစ်တက်သွားတာရယ်။အဲ့မှာ ငွေကုန်ကြေးကျ တွက်တာက မီတာယူနစ် တက်သလောက် ငွေကုန်တာမို့ မီတာယူနစ် ဘယ်လောက်တက်သလဲ ဆိုတာကိုပဲ အရင်တွက်ရမယ်။ ပြီးမှ တစ်ယူနစ် မီတာခနဲ့ မြောက်ပေါ့။

ဟုတ်ပြီ ပြောနေတာတွေ ရှုပ်တယ် အလွယ်ပဲပြောမယ်ဗျာ။ကိုယ်သုံးမယ့်ပစ္စည်းရဲ့ (Watt) ကို (1000) နဲ့စားရင် တက်သွားမယ့် ယူနစ်ရမယ်။ (တစ်နာရီသုံးရင် အဲ့လောက်တက်မယ်လို့ ဆိုလိုတာ) အဲ့ (Watt) ကို (1000) နဲ့ စားတာကို ပြောင်းပြန် ပြန်တွက်လိုက်(1000) ကို (Watt) နဲ့ပြန်စားလိုက် လို့ပြောတာ အာ့ဆို (unit) မရတော့ဘူး။ မီတာမှာ တစ်ယူနစ်တက်အောင် ဘယ်လောက်ကြာကြာ သုံးလို့ရမလဲ ဆိုတဲ့ အချိန်ကို ရတယ်ဗျာယ အဲ့တော့ ဒီလို မှတ် 1000 (နဲ့) စားရင် ယူနစ် ရတယ် 1000 (ကို) စားရင် အချိန် ရတယ် ဥပမာ အပေါ်က (၄) ပေမီးချောင်း (Watt 40)အဲ့ (Watt 40) ကို 1000 (နဲ့) စား(40÷1000) = (0.04 unit) ရတယ်။အဲဒါဟာ (၄) ပေမီးချောင်းကို တစ်နာရီထွန်းရင် မီတာမှာ တက်မယ့်ယူနစ် 0.04 ရတယ်။ (unit) ရပြီဆို ပိုက်ဆံသိချင်ရင် တစ်ယူနစ်ကို၅၀ ဆို 0.04 × ၅၀ ပေါ့ တစ်ယူနစ်ကို ၇၀ဆို 0.04 × ၇၀ ပေါ့ မြောက်ကြည့်ကြပေါ့။နောက်တစ်နည်းက အပေါ်ကတွက်နည်းကို ပြောင်းပြန်လှန်

Image result for မီတာ

1000 (ကို) Watt 40 နဲ့စား 1000 ÷ 40 = 25 နာရီ ရတယ်။ အဲဒါက (၄) ပေမီးချောင်းကို (၂၅) နာရီကြာအောင်ထွန်းမှ မီတာမှာ တစ်ယူနစ်ပဲ တက်မယ်လို့ ဆိုလိုတာပဲ။ဥပမာ ဘုရားစင်မှာထွန်းလေ့ရှိတဲ့ (5 Watt) မီးသီး အစိမ်းလေးကို ထွန်းမယ်ဆိုရင်(1000 ÷ 5) = နာရီ (၂၀၀) လောက်ကြာအောင်ထွန်းထားမှ မီတာမှာ တစ်ယူနစ်ပဲ တက်မှာပါ။အဲတော့ (1000) နဲ့စားတော့ ယူနစ်ပြ ပြောင်းပြန်လှန်တော့ အချိန်ရ ဒါလေးနဲ့တင် အများပြည်သူ သိရတွက်ရ အဆင်ပြေပါတယ်။အင်း နည်းနည်း အဆင့်မြှင့်ကြည့်မယ်ဗျာ နာရီဝက်ပဲ မီးချောင်းထွန်းရင်ကောဗျာ (၁၅) မီးနစ်ပဲ သုံးမယ်ဆိုရင်ကောဗျာ။ အာ့ဆို နည်းနည်းလေးတော့ ရှုပ်ပြီဗျ။

Image result for မီတာ

(Watt) ကို (1000) နဲ့စားလို့ ရတာကို နာရီဝက်ပဲ သုံးရင် 1/2 နဲ့ ထပ်မြောက်ဗျ ဘာလို့ဆို နာရီဝက်က တစ်နာရီရဲ့ နှစ်ပုံပုံရင် တစ်ပုံဖြစ်နေလို့ပါ။ 1/2 ဘယ်ကရလာလဲ ခေါင်းမစားနဲ့ဗျ။ မီးနစ်ကို နာရီပြန်ဖွဲ့ချင်လို့ (60) နဲ့စားထားတာ အပိုင်းကိန်းနဲ့မြောက်ရ အလုပ်ရှုပ်မှာစိုးရင် ဂဏန်းပေါင်းစက်နဲ့ မီးနစ်ကို (၆၀) နဲ့စားကြည့် ဒသမကိန်းရလာမယ် အာ.နဲ့မြောက်ပေါ။ ဥပမာ (1/2) ဆိုတာ (5) နဲ့ တူတူပါ။ (၁၅)မီးနစ်ပဲ သုံးတယ်ဆိုပြီး (၁၅)နဲ့သွားမြေက်လို့မရဘူးဗျ (၁၅)မီးနစ်သည် တစ်နာရီရဲ့ လေးပုံတစ်ပုံဖြစ်လို့ 1/4 နဲ့ထပ်မြောက်1/4 ဆိုတာ (25) နဲ့တူတူမို့ (25)နဲ့ မြောက်လည်းရတယ်။ အသုံးပြုချိန်က နာရီနဲ့ပဲ တွက်ရလို့ မီးနစ်နဲ့တွက်ရင် (killowatt) (hour) ဆိုတဲ့ (unit) မရတော့လို့ပါ။ (killowatt) ဆိုတာကလည်း အခြားမဟုတ်ဘူးဗျ ကိုယ်သုံးတဲ့ပစ္စည်းရဲ့ (watt) ကို 1000 နဲ့စားလိုက်တဲ့ဖြစ်စဉ်ကို ပြောတာ။မူရင်းတန်ဖိုးက (watt)ဒါကို (1000) နဲ့စားလိုက်တော့ (killowatt) ဖြစ်လာတာပေါ။သဘောက (resistor) တန်ဖိုး ထောင်ကျော်တဲ့အခါ (1200)အုမ်းလို့ ဘယ်မှာခေါ်လို့လဲ။n (1.2) K လို့ပဲ ခေါ်ကြတာ အဲ့ဒါလည်း(1000) နဲ့ စားလိုက်တာပဲလေ ကီလိုဖွဲ့လိုက်တယ်ဆိုပါစို့။အဲ့သဘောပဲ (Watt) ကို (1000) နဲ့စားလိုက်တာလည်း ကီလိုဖွဲ့လိုက်သလိုပဲမို့(killowatt)ရယ်လို့ဖြစ်လာတာ။

Image result for မီတာ

အဲ့ကီလိုဝပ်ကို နာရီနဲ့ထပ်မြောက်လို့ ကီလိုဝပ်နာရီ KWh = unit တန်ဖိုးဖြစ်လာတာ။အဲ့တော့ သုံးစွဲပစ္စည်းရဲ့ (Watt) ကို(1000)နဲ့စား သုံးစွဲချိန် နာရီနဲ့ မြောက် တစ်လကုန် မီတာဘယ်လောက်တက်လဲ သိချင်ရင် ရက်ပေါင်း (၃၀) နဲ့ ထပ်မြောက် မီတာမှာ တိုက်ကြည့်ပေါ့။မီတာအရမ်းလည်မြန်နေလို့ မသင်္ကာရင် မီးပူ တစ်နာရီတိုက်လို့ တစ်ယူနစ်ပဲတက်တယ်ဆို ပုံမှန်ပဲပေါ။ အထဲကဖွဲ့စည်းပုံကြောင့် လည်နှုန်းနှေးတာမြန်တာ ကိုယ့်အလုပ် ဟုတ်ဘူးလေ။တစ်ယူနစ်ကို (၅၀)ကျပ်ဆိုရင် (၅၀)ကို မီးနစ်(၆၀)နဲ့စား တစ်မီးနစ်ကို ပြား(၈၃)ပြားလောက် ကျတယ်ပေါ။ အဲ့တော့ ဘယ်လောက်ဖိုး သုံးမလဲ။ကြာကြာသုံးရင် များများကုန်မယ်။ များများသုံးရင် မြန်မြန်ကုန်မယ်။

1000(နဲ့)စားရင်unit ရမယ်။1000(ကို) စားရင်အချိန်ရမယ်။ဒါလေးပါပဲ