မန္တ​လေးတွင် စည်ပင်လိုင်းခန်းမီးလောင်၊ ကလေးငယ်တစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ စည်ပင်သန့်ရှင်းရေးဝန်ထမ်း ယာယီလိုင်းခန်း ဖေဖော်ဝါရီလ ၁၃ ရက်​​နေ့ နံနက် ၇ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက်​လေးနှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့​ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဝန်ထမ်းလိုင်းခန်းရှိ အခန်းတစ်ခုတွင် က​လေးငယ်တစ်ဦး ထမင်းချက်ရာမှ မီးလောင်ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် မြေစိုက်ထရံကာ၊ သွပ်မိုးလိုင်းခန်း ၁၀ ခန်းနှင့် အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း သတိလစ်သွားသဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားရ‌ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။

Image result for စည်ပင်သန့်ရှင်းရေးဝန်ထမ်း ယာယီလိုင်းခန်း

မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂၅ စီး၊ အုပ်ချုပ်မှုယာဉ်သုံးစီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုနှင့်ပတ်သက်​၍ အိမ်ရှင်ကို မန္တလေးမြို့ အမှတ် ၇ နယ်မြေရဲစခန်းတွင် ဥပဒေအရအမှုဖွင့်အ​​ရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

The Voice