FDA ၏ ဓာတ်ခွဲစစ်ဆေးမှုကြာမြင့်ခြင်းကြောင့် အဂတိလိုက်စားခြင်းများ ဖြစ်လာနိုင်ဟုဆို

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ အစားအသောက်နှင့် ရေသန့်များအပေါ် ဓာတ်ခွဲစစ်ဆေးခြင်းများ ကြာမြင့်မှုကြောင့် လုပ်ငန်းများနှင့် ဦးစီးဌာနအကြား အဂတိလိုက်စားခြင်းများ ဖြစ်လာနိုင်ကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောသည်။

Image may contain: 5 people, people sitting

ဖေဖော်ဝါရီလ (၁၃) ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမ နေ့ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် (၆)လ ဘတ်ဂျက် အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် ပြောခြင်းဖြစ်သည်။

No photo description available.

“FDA က ရေသန့် လုပ်ငန်းတွေကို ဓာတ်ခွဲစစ်ဆေးတာတွေက နှစ်နဲ့ချီကြာပါတယ်။ ရိုးရှင်းတဲ့ ရေသန့်ကို စစ်ဆေးတာကို အချိန် ဒီလောက်ကြာရင် အစားအသောက်၊ ဆေးဝါး၊ အလှကုန်တို့ဆိုတာကတော့ ဒီထက်မက ကြာနိုင်ပါတယ်။ ဒီလိုကြာမြင်တဲ့အတွက် အဂတိမှုတွေ၊ လာဘ်ပေးမှုတွေလည်း မြင့်တက်လာနိုင်ပါတယ်။ ခက်ခဲလေလေ ကြာလေလေ၊ ခက်ခဲတဲ့ အဂတိဈေးနှုန်းတွေနဲ့ တန်ဖိုးတွေ မြင့်တက်လာမှာဖြစ်ပါတယ်” ဟု ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောသည်။

Image result for လွတ်တော်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) က ရေသန့်လုပ်ငန်းများကို ဓာတ်ခွဲစစ်ဆေးရာတွင် အချိန်ကာလ အပိုင်း အခြားအရ ကြာမြင့်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

Image result for လွတ်တော်

သို့သော် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို စစ်ဆေးမှုများကို ကြာမြင့်သည့်အချိန်ကိုမူ စာရင်းစစ်ချုပ် အစီ ရင်ခံစာတွင် ဖော်ပြထားခြင်းမရှိပေ။လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ FDA မှ ဓာတ်ခွဲစစ်ဆေးမှု တစ်ခါပြုလုပ်ပါက ကျပ် (၂)သိန်းပေးရကြောင်း၊ FDA မှ ရရှိ သော ၀င်ငွေအတိုင်းအတာကိုလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိကြောင်း ဒေါ်မိကွန်ချမ်းက ဆွေးနွေးသည်။

အကုန်သိ