(၁၆) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အတွက် စိန်(၁၆)လုံးပါ စိန်ပန်းစည်းလက်ဆောင်ရခဲ့တဲ့ ဟန်နီချို

ဟန်နီချိုကတော့ မကြာသေးမီက တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mrs Universe ကမ္ဘာ့အကြီးဆုံး အိမ်ထောင်ရှင်အလှမယ်ပွဲကြီးမှာတော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလှမယ်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Mrs Universe (2019) Winner ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ဒီပွဲကြီးမှာတော့ နိုင်ငံပေါင်း (၉၀)ကျော်က နိုင်ငံကိုယ်စားပြုအလှမယ်တွေပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဟန်နီချိုကတော့ Mrs Universe (2019) Winner ဆုကြီးအပြင် နောက်ထပ် Mrs Talent Winner, Mrs Personality Winner,Four Beauty Season Sponsored awards Winner ဆုကြီး (၄)ဆုကိုပါတစ်ပါတည်းယူဆောင်လာခဲ့ပါသေးတယ်။ ဟန်နီချိုရဲ့ ခင်ပွန်းဖြစ်သူကလည်း အခုလိုဆုကြီးတွေရရှိလာအောင် Support လုပ်ပေးတဲ့ သူတွေထဲမှာ အဓိကအနေနဲ့ပါဝင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing and indoor

Image may contain: 5 people, people smiling, people sitting and child

No photo description available.

လတ်တလောမှာလည်း ဟန်နီချိုဟာ သူရဲ့ခင်ပွန်းဆီက မင်္ဂလာသက်တမ်း (၁၆)နှစ်ပြည့်အတွက် စိန်(၁၆)လုံးပါတဲ့ စိန်ပန်းစည်းကို လက်ဆောင်အနေနဲ့ရရှိခဲ့တဲ့ အကြောင်းကို “အိမ်ထောင်သက် (၁၆) နှစ်မို့ (၁၆) ပွင့်ပါ စိန်ပန်းစည်း”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နာကနေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဟန်နီချိုကတော့ ခင်ပွန်းဖြစ်သူကို အချစ်မလျော့ဘဲ ပိုပိုတိုးပြီးချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့နော်….

Image may contain: flower