အူစိန်ဘော့ထက် အပြေးမြန်နေတဲ့ အိန္ဒိယ လယ်သမား

ရိုးရာနွားမောင်းပြိုင်ပွဲမှာ လယ်သမားတစ်ဦးပြေးခဲ့တဲ့ အမြန်နှုန်းဟာ အူစိန်ဘော့ရဲ့ အမြန်နှုန်းနဲ့ နှိုင်းယှဉ်လို့ ရနေတာကြောင့် ယခုအခါ ယင်း လယ်သမားရဲ့ အပြေးမြန်နှုန်းကို စမ်းသပ် မှတ်တမ်းယူသွားတော့မှာဖြစ်ကြောင်း အိန္ဒိယ အားကစားအာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။ဇန်န၀ါရီ ၃၁ ရက်နေ့ က ရွှံ့ရေပြင်ပြိုင်ကွင်းမှာ ၀င်ပြိုင်ခဲ့တဲ့ စရီနီဗတ်စ် ဂေါ်ဒါဟာ ၁၄၂.၅၀ မီတာကို ၁၃.၆၂ စက္ကန့် နဲ့ ပြေးခဲ့ပြီး နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ ကမ်ဘာလာအမည်ရ နွားမောင်းပြိုင်ပွဲမှာ စံချိန်မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။

Image may contain: 1 person, outdoor

၎င်းရဲ့ ပြေးနှုန်းကို အနားယူသွားပြီဖြစ်တဲ့ ဂျမေကာ တာတိုအပြေးဘုရင် အူစိန်ဘော့နဲ့ နှိုင်းယှဉ်ကာ ဆိုရှယ်မီဒီယာပေါ်မှာ လူတွေက ချီးကျူးပြောဆိုနေကြပြီး အသက် ၂၈ နှစ်အရွယ် ယင်း လယ်သမားရဲ့ အကြောင်းဟာ အများအာရုံစိုက်ရတဲ့ အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အူစိန်ဘော့ဟာ ကမ္ဘာ့အမြန်ဆုံး လူသားဖြစ်ပြီး မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့် ပြေးကာ စံချိန်တင်ထားခဲ့သူပါ။ ဒါကြောင့် ဂေါ်ဒါရဲ့ ပြေးနှုန်းကို အူစိန်ဘော့ရဲ့ စံချိန်နဲ့ ချိန်ထိုးသုံးသပ်မှု လုပ်ခဲ့ကြသူတွေက လယ်သမားဟာ မီတာ ၁၀၀ ကို ၉.၅၅ စက္ကန့် နဲ့ ပြေးနိုင်ဖို့ သေချာသလောက်ရှိကာ အူစိန်ဘော့ထက် ၀.၀၃ စက္ကန့် ပိုမြန်သူဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။

Image may contain: 1 person, outdoor

ယခုအခါ တာဝန်ရှိသူတွေက ဂေါ်ဒါကို မြို့တော် နယူးဒေလီသို့  ဖိတ်ခေါ်ထားကာ နိုင်ငံရဲ့ အကောင်းဆုံး အားကစားနည်းပြဆရာတွေရဲ့ ရှေ့မှောက် အကဲဖြတ်မှတ်တမ်းယူသွားမှာဖြစ်ကြောင်း အိန္ဒိယ လူငယ်အားကစားဝန်ကြီး ကီရန် ရီဂျီဂျူက ပြောဆိုပါတယ်။
“ အိန္ဒိယ အားကစားအာဏာပိုင်အဖွဲ့(SAI) တာဝန်ရှိသူတွေက သူ့ကို ဆက်သွယ်ထားပါတယ်။ သူ့အတွက် ရထားလက်မှတ် ဖြတ်ပေးထားပြီး တနင်္လာနေ့ မှာ SAI စင်တာကို သူ ရောက်လာပါလိမ့်မယ်။ သူ့ကို စမ်းသပ်စစ်ဆေးဖို့  နိုင်ငံ ထိပ်တန်းနည်းပြတွေနဲ့ ကျွန်တော် အသေအချာစီမံထားပါတယ်” လို့  ရီဂျီဂျူက တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။

Image may contain: 2 people, text and outdoor

လူမှုကွန်ရက် အသုံးပြုသူများစွာကတော့ ရွှံရေပြင် နွားမောင်းပြိုင်ပွဲတွေမှာ တံပိုးတစ်ခုတပ်ကာ ကြိမ်တံ၊ ကြိုးတွေနဲ့ နွားတွေရဲ့ မြန်နှုန်းအတိုင်း ထိန်းချုပ်လိုက်ပါရတဲ့ ပြိုင်ပွဲဝင်တွေဟာ နွားတွေရဲ့ အကူအညီအားဖြင့် မြန်နှုန်းမြင့်နေတယ်လို့  ယူဆကြပြီး မြင့်မားတဲ့ အိုလံပစ် စံချိန်စံညွှန်းတွေကို လိုက်မီဖို့ ဆိုတဲ့အပေါ် သံသယရှိနေကြကြောင်း သိရပါတယ်။ဂေါ်ဒါကတော့ “ကျွန်တော် ဒီအမြန်နှုန်း ပြေးနိုင်မယ်လို့  မထင်ခဲ့ပါဘူး။ နွားတွေက အပြေးမြန်ကြတော့ ကျွန်တော်က သူတို့နောက် လိုက်ခဲ့ရတာပါ” လို့  ဆိုခဲ့ပါတယ်။

အကုန်သိ