သတိမမူဘဲ အသုံးပြုမိနေကြတဲ့ ဝါယာရှော့ ဖြစ်ရတဲ့ အကြောင်းအရင်းများ

ဝါယာရှော့ဖြစ်ပြီဆိုရင်လူတွေက မီးထတောက်မယ်၊မီးပန်းတွေ ထဖြစ်မယ်၊ ဖြူးစ်(Fuse)လိုဘရိတ်ကာ (MCB, Over Current Breaker)လိုအကာအကွယ် ဖြစ်စေမယ့်ပစ္စည်းတွေမီးကိုဖြတ်ချပေးမယ်လို့ပဲထင်မြင်တတ်ကြပါတယ်။ဝါယာရှော့ဖြစ်ရတဲ့အကြောင်းအရင်းတွေ အ များကြီးပါ။အကြောင်းအရင်းမတူတဲ့အခါမှာဖြစ်ပွားပုံနဲ့ခုနင်ကအကာအကွယ် တွေအလုပ်လုပ်ပုံတွေမတူညီသလို ဖြစ်လာနိုင်တဲ့အန္တရယ်တွေလဲမတူပါဘူး။

Image result for Wire Shock

ပလပ်ပေါက်(Socket Outlet)တစ်ခုမှာ ပလပ်(Plug)များစွာတပ်ဆင်အသုံးပြုခြင်း။ ပုံမှန်အိမ်သုံး Socket Outlet တွေနဲ့ Plug တွေကိုတပ်ဆင်အသုံးပြုရာမှာအများဆုံး ခံနိုင်ဝန်အား( ၁၃ အမ်ပီယာ – 13 A; Ampere)ကိုပဲခွင့်ပြုကြပါတယ်။BS (British Standard) မှာတော့ 2, 5, 15, 30 A အထိခွင့်ပြုသတ်မှတ်သုံးစွဲတာကို တွေရပါတယ်။#REF: CP-05; 553-01, Table 55A (L) တပ်ဆင်အသုံးပြုမယ့်ပစ္စည်းကိရိယာရဲ့ ဆွဲမယ့်ဝန်ကိုမူတည်ပြီးတော့ Socket-Outlet နဲ့ Plug တွေကို ပုံသေ တွက်ချက်အသုံးပြုရပါတယ်။Extension Cable အသုံးပြုတာ၊ Extension Socket လို့ခေါ်တဲ့ပွားသုံးတာတွေကိုခဏတာအသုံးပြုဖို့အတွက်ပဲခွင့်ပြုပါတယ်။အမြဲတပ်ဆင်အသုံးပြုခွင့်မရှိပါဘူး။ဒါပေမယ့်မြန်မာပြည်မှာအသုံး ပြုကြတဲ့ပုံစံကတော့ပလပ်ပေါက်တစ်ခုတွေ့ရင်စုပြုံထိုးကြတာပါပဲ။ဒီကနေပြီးတော့ပြဿနာတွေဖြစ်နိုင်ပါတယ်။

Image result for Wire Shock

(၁) ဝန်ပိုအသုံးပြုခြင်း(Over Current)

ပလပ်ပေါက်တစ်ခုအတွက်သွယ်တန်းထားတဲ့ဝါယာကြိုး၊ပလပ်ပေါက်ရဲ့ခံနိုင်ရည်အား၊ပလပ်ရဲ့ခံနိုင်ရည်အားစတာတွေကများသောအားဖြင့် ၁၃ အမ်ပီယာ ခံနိုင်အောင်လုပ်ထားပေမယ့်အလွယ် တကူနီးစစပ်ရာမှာတပ်ဆင်အသုံးပြုကြတာကြောင့်ခံနိုင်ရည်အားကိုကျော်လွတ်ပြီးတော့ဆွဲတတ်ပါတယ်။ဥပမာဆိုရရင် ပလပ်တစ်ပေါက်ထဲကနေကွန်ပြူတာရဲ့ မော်နီတာ၊ UPS၊ System၊စတာတွေအပြင်ပန်ကာတို့မီးပူတို့ယူအသုံးပြုတာပါ။ ပလပ်တွေပလပ်ပေါက်တွေရဲ့အတွင်းမှာ ပါဝင်တဲ့ကြေးတွေနဲ့အဆက်ဖြစ်တဲ့မူလီ၊ စကူ(Screw)စတာတွေရဲ့လျှပ်စီးခံနိုင်ရည်ထက် ပိုသုံးတဲ့အခါဒီနေရာတွေက ပူလာတတ်ပါတယ်။ပုံမှန် ဒီပစ္စည်းတွေကနေ ထုတ်လွှတ်တဲ့အပူချိန်ဟာ ၃၅ ကနေ ၄၀ ဒီဂရီ ဆဲလ်စီးယပ်ထက်မပိုသင့်ပါဘူး။ဒီခံနိုင်အားဆိုတာ ပလပ်တစ်ခုရဲ့ ခံနိုင်အားပါအကာအကွယ်ဖြစ်တဲ့ Breaker နဲ့ ဖြူစ်တွေနဲ့မဆိုင်တာကြောင့် အပေါ်က ခံထားတဲ့ဒီပစ္စည်းတွေမဖြတ်ချပဲနဲ့ဒီပလပ်နဲ့ပလပ်ပေါက်မှာမီးထလောင်နိုင်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ဖြူစ်တွေ Breaker တွေကတစ်အိမ်လုံးစာ လိုင်းတစ်လိုင်းစာအတွက်တွက်ချက်ထည့်သွင်းထားတာဖြစ်ပြီးတော့ဒီပလပ်ပေါက်မှာဝန်ပိုနေပေမယ့်သူ့ရဲ့ခံနိုင်ဝန်ထက် မကျော်သေးတာကြောင့်လို့ ပြောလို့ရပါတယ်။

Image result for Wire Shock

ပြထားတဲ့ပုံမှာဆိုရင်အချိန်ကြာမြင့်စွာ ဝန်ပိုသုံးထားတဲ့အတွက်ပူပြီးတော့ပျော်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။များသောအားဖြင့်လျှပ်စစ်ပစ္စည်းးတွေဟာ အပူချိန်ကိုခံနိုင်ရည်ရှိအောင်ထုတ်လုပ်ထားပေမယ့်အချိန်ကြာမြင့်စွာနည်းမှားတစ်ခုနဲ့အသုံးပြုခဲ့ရင်တော့အပူလွန်ပြး ဒီကနေပဲမီးထလောင်နိုင်ပါတယ်။ လုပ်ဆောင်ရမှာကတော့ပလပ်တစ်ပေါက်တည်းကနေအများကြီးခွဲသုံးဖို့ကို ရှောင်ရပါမယ်။မဖြစ်မနေအသုံးပြုရရင်လဲတတ်ကျွမ်းနားလည်သူနဲ့တိုင်ပင်ပြီးတော့ပုံသေပလပ်တွေတပ်ဆင်သင့်ပါတယ်။အများကြီးစုပြုံအသုံးပြုမိရင်လဲ အပူလွန်နေမနေစစ်ဆေးနေရပါမယ်။

Image result for Wire Shock

(၂) လျှပ်စစ်ပစ္စည်းမှ ဝန်ပိုဖြစ်ခြင်း

အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဝန်ပိုဆွဲခြင်း (Short-Circuit) ဖြစ်တာကြောင့်လဲပလပ်နဲ့ပလပ်ပေါက်မှာအလွန်အကျွံဝန်ဆွဲပြီးတော့ခုနင်ကလိုမီးလောက်ကျွမ်းတာတွေလဲဖြစ်တတ်ပါတယ်။များသောအားဖြင့် အခုနောက်ပိုင်းပလပ်နဲ့ ပလပ်ပေါက်တွေမှာဝန်ထိန်းပေးမယ့် Fuse လေးတွေ တပ်ဆင်ထားတာတွေရှိနေပါပြီ။ ဒါမျိုးတွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ လျှပ်စစ်ပစ္စည်းတစ်ခု ဝန်ပိုဖြစ်လို့ ရှော့ဖြစ်ရင် ဒိဖြူးစ်လေးက ပြတ်သွားပြီးတော့ အန္တရယ်ကို ရှောင်နိုင်ပါလိမ့်မယ်။

Image result for Wire Shock

(၃) မထိတထိဖြစ်ခြင်း၊ အံမဝင်ခြင်း

ပလပ်ပေါက်တစ်ခုတည်းကို ပလပ်ပေါင်းများစွာ စုပြုံထိုးပြီးတော့ အသုံးပြုတဲ့အခါ တစ်ခုနဲ့တစ်ခု ထောက်နေတာ၊အခုအခံဖြစ်နေတာတွေကြောင့် ထိထိမိမိ မဖြစ်တဲ့အခါတွေ ရှိတတ်ပါတယ်။ဒီလိုအခါမှာပလပ်နဲ့ ပလပ်ပေါက် အတွင်းက ကြေးသားတွေမှာအပူလွန်ကဲလာပြီးတော့ မီးထလောင်တတ်ပါတယ်။ဒါမျိုးဟာဝန်ပိုဆွဲတာ မဟုတ်တော့Breaker နဲ့ Fuse တွေကနေ အကာအကွယ် ပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံး မီးလောက်ပြီး အထိန်းတွေဖြစ်တဲ့ PVC တွေ လောင်ကျွမ်းမီးလောင်ပြီးတော့ဝါယာနှစ်ခုပူးမှသာဒီအကာအကွယ်တွေက အလုပ်လုပ်မှာပါ။ ဒိအချိန်က အလွန်နောက်ကျနေလောက်ပါပြီ။

Image result for Wire Shock

နောက်တစ်ခုက ပလပ်တွေ စုပြုံထားတဲ့အတွက် တစ်ခုနဲပတစ်ခု ငြိနေတာမျိုး ချိတ်နေတာမျိုးတွေကြောင့်လဲ ပလပ်ရဲ့အမာခံ ခေါင်းနဲ့ကြိုးအဆက်နေရာတွေမှာ ဒဏ်ဖြစ်တတ်ပါတယ်။အဲ့ဒိဒဏ်ဖြစ်တဲ့နေရာထဲကဝါယာနှစ်ခု မထိတစ်ထိဖြစ်ရာကနေလဲ မီးလောင်နိုင်စေပါတယ်။ လုပ်ဆောင်ရမှာက။ပလပ်တပ်တဲ့အခါထိထိမိမိရှိပါစေ။ဝါယာတွေကိုရှုပ်ထွေးမနေစေပဲနဲ့ ရှင်းလင်းသပ်ရပ်အောင် ဂရုစိုက်စေလိုပါတယ်။ မြန်မာပြည်မှာ အထူးသဖြင့် အသုံးပြုနေတာတွေက (2 Pin Plug) လို့ခေါ်တဲ့ နှစ်ငုတ် ခေါင်းတွေပါပဲ။ ခေါင်းလုံးနဲ့ ခေါင်းပြားဆိုပြီးတောင် ကွဲပါသေးတယ်။ များသောအားဖြင့်ခေါင်းပြားနှစ်ငုတ်တွေကို သုံကြပါတယ။ဒါတွေကပိုပြီးတော့ မမိတာတွေမထိတထိဖြစ်တာတွေကို ပိုဖြစ်စေပါတယ်။မြန်မာပြည်မယ်ဘယ်လို ပလပ်ကိုပဲသုံးရမယ်ဆိုတဲ့စံမရှိတာကြောင့်ဒီပြဿနာတွေဖြစ်နေတာပါ။

Image result for Wire Shock

နောက်ဆုံးပလပ်တွေအကြောင်း နိဂုံး ချုပ်ရရင်တော့ကိုယ်တပ်ထားတဲ့ပလပ်ကထိထိမိမိဖြစ်ပါစေ၊အပူချိန်လွန်နေသလားအမြဲဂရုစိုက်ပါ၊ဖြစ်နိုင်ရင်(3 Pin Plug)တွေသုံးပါ။နောက်ပြီးတော့ကိုယ်အမြဲသုံးမယ့်ပစ္စည်းတွေအတွက်ပုံသေ ပလပ်ပေါက်များတပ်ဆင်အသုံးပြုကြပါလို့။