ဗောဓိညောင် (၁၀) ပင် ပထမဦးဆုံးစဝင်မယ့်သူတွေ အတွက် သိအောင်လို့ မျှဝေပေးလိုက်ပါတယ်

ညောင်​၁၀ ပင်​ပထမအဓိငှါန်​​အောင်​မြင်​ခြင်း ညောင်(၁၀)ပင် အဓိဌာန်ဗောဓိညောင် (၁၀) ပင် စစဦးဆုံးဝင်မဲ့ သူတွေ အတွက် သိအောင်လို့ ပြန်လည် မျှဝေပေးထားပါတယ်ခင်ဗျာ🙏 👇🏻လိုအပ်သောပစ္စည်းများစာရင်းနှင့် ပြုလုပ်ပုံ 👇🏻 (1)သောက်တော်ရေခွက် (၁၀)ခွက် အနေတော် ဆိုရပါတယ် ဆိုဒ် ကြီးစရာမလို ပါ ဘူး။ (2)စတီးလင်ဗန်း တစ်ချပ် ဝယ်ရပါမယ်။ (၃) ရေသန့် (1) လီတာ (၂) ဗူး (သယ်ရတာ လွယ်ကူအောင်လို့ပါ) 🔷(၁၀) ပင်ဆို ရေ (၅) ဗူး ကုန်ပါပီ 🔷 ရေကုန်ရင် ဘုရားမှာ ရေပြန်ဖြည့်ဖို့ အတွက် သောက်ရေအိုးတွေ ရှိပီးသားပါ။ ဓမ္မ မိတ်ဆွေတွေ အတွက် လွယ်ကူအောင်လို့ပါ ။ (၄) အမွှေးတိုင် (၁၀) တိုင် တစ်စီး စီ စည်းသွားပါ ။(၁၀) ပင် (၁၀) စီး (၃၂ တိုင်၃ ထုပ် ဆို လောက်ပါတယ်)🔺ဆက်တိုက် ဝင်ရတာ အချိန်ကုန် သက်သာစေပါတယ်။ (၅) ဖယောင်းတိုင် (၁၀) တိုင် တစ်စီး စည်းသွားပါ။ အထုပ်ကြီး (၃) ထုပ် ဝယ်ရင် လောက်ပါတယ်။🔺၁၀ ပင် (၁၀) စီး 🔺ဆက်တိုက်ဝင်ရတာ ဖြစ်တဲ့အတွက် အိမ်ကနေ အဆင်သင့် စည်းပီးသား ဆို အချိန်မကုန်တော့ပါဘူး။မကြာတော့ပါဘူး။) (၆) ကွမ်းယာ ညောင်ပင် ၁ ပင် (၁၀) ယာ :::(၁၀) ပင် အယာ (၁၀၀) ကိုယ့်ဘာသာဈေးသွားပီး ဝယ်မယ် ဆိုရင် ပိုသက်သာပါတယ်။ကွမ်း (၂၅) ကျပ်သား၊ကွမ်းသီး (၁၀၀၀) ဖိုး၊ဆေး တစ်ထုပ်၊ထုံးတစ်ဗူး၊။ (၇) မိမိထိုင်ဖို့ အထိုင်ခင်း တစ်ခု။ (၈) မိမိစိပ်မဲ့ နေ့နံ (၁၀၈) လုံး ပုတီး ။ (၉) တာလီစိတ် မှတ်ဖို့ တစ်ခု။ (၁၀) ဘုရားရှိခိုးမဲ့ ပုဝါ တစ်ထည်။ (၁၁) ခေါင်းလောင်း အသေးတစ်ခု။

Image result for ညောင်ဆယ်ပင်

🔵မှတ်ချက်။ဗိုက်ဆာတက်ရင် လည်း မုန့် ရေဘူး ဆောင်သွားကြပါ။🔴စစဦးဆုံး အဓိဋ္ဌာန်စတဲ့ နေ့ကတော့ အချိန်ကြာပါလိမ့်မယ်။ အိမ်ကနေ ပူဇော်ရမဲ့ အရာတွေကို အဆင့်သင့် လုပ်သွားကြပါနော်👌🏻🌳ပူဇော်ရမည့် အစီအစဉ်များ မှာ🌳 🌲မဟာ ဗောဓိညောင်ပင် တစ်ပင်စီတိုင်းတွင်🌲 1.ဆီမီး{ ၁၀ }တိုင် 2.သောက်တော် ရေ {၁၀ }ခွက်၊ 3.အမွှေးတိုင် {၁၀ }တိုင်၊ 4.ကွမ်း {၁၀ }ယာ ပူဇော်ပါရန်🙏 ပူဇော်ပီးရင် 🌳ပထမ ဦးဆုံး အပင်မှာ ရုက္ခစိုးမင်း အားကြွရောက်ပီး အလှူပြုလုပ်ရန် ပင့်ဖိတ်ပါ ပီးလျှင် သောက်တော်ရေ (၁၀)ခွက် ၊ဆီမီး (၁၀)တိုင်၊အ‌မွှေးတိုင်(၁၀)တိုင်၊ကွမ်း(၁၀)ယာ၊တို့ကို ဗောဓိညောင်ပင်‌ ခြေရင်းတွင်းထွန်းညိပူဇော်ပီးစတင်ရွတ်ဖတ်ပူဇော်ပါ ယခု ဘုရားတွင်စောင့်ရှောက်ကြကုန်သော၊အစောင့်အရှောက်နတ်မင်းများ၊ သူတော်စင်၊သူတော်ကောင်း၊သူမြတ်လောင်းအပေါင်းနှင့်ဤဗောဓိညောင်ပင်တွင် စောင့်ရှောက်ရန်နေကြကုန်သော ရုက္ခစိုးနတ်မင်းတို့….အရှင်တို့ကိုယ်တိုင် မြတ်စွာဘုရားရှင်အား လက်ရောက်လှူဒါန်းနိုင်စေရန်……ကျွန်ပ်(အမည်၊နေ့နံ) မှအမွေးတိုင်(၁၀)၊အလင်းတိုင်(၁၀)၊သောက်တော်ရေ(၁၀)ခွက်တို့ကို အလှူဒါန ပြုပေးပါတယ်၊အရှင်တို့ကိုယ်တိုင်ကြားရာ အရပ်မှကြွရောက်၍အလှူခံတော်မူပြီး မြတ်စွာဘုရားအား ကပ်လှူပူဇော်ကြပါကုန်လော့၊အရှင်ရုက္ခစိုး နတ်မင်းအတွက် ကွမ်း (၁၀)ယာကိုလည်း ကပ်လှူပါတယ်။ (အပင်တိုင်း ပင့်လျောက်ရမှာပါ)။

Image may contain: 1 person, standing

မြတ်စွာဘုရားရှင်ကို ရှိခိုးဦးချပြီး (ဘုရားတပည့်တော်သည် သံသရာအစမှစ၍ယခုဘဝ တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ခင်ပွန်းကြီးဆယ်ပါးတို့ကို ကာယကံ၊ဝစီကံ၊မနောကံတို့ဖြင့် ပစ်မှားကျူးလွန်မိခဲ့ပါလျှင် ဝန်ချ ကန်တော့ တောင်းပန်ပါ၏ အရှင်ဘုရား။) ငါးပါးသီလ အရှည် (သို့မဟုတ်)အတိုခံယူပါ 🙏🙏🙏(က္ကမ္မံ ပဉ္စသီလံ၊သိက္ခာဗတံ ဓမ္မာဓိယံမိ အာမဘန်းတေပါဘုရား။ငါးပါးသီလကိုခံယူဆောက်တည်ပါ၏ဘုရား။)

Image result for ညောင်ဆယ်ပင်

🙏ဂုဏ်တော် ၉ ပါး ပူဇော်ပါ🙏 ဘုရားဂုဏ်တော် (၉) ပါး-ဣတိပိသော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သတ်ထာဒဝေ မနု ဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။

🧘‍♀ပဌာန်းအကျယ် (သို့မဟုတ် )အကျဉ်း ၁၀ ခေါက် ပူဇော်ပါ 🙏၂၄ပစ္စည်း *ဟေတုပစ္စယော *အာရမ္မဏပစ္စယော *အဓိပတိပစ္စယော *အန န္တရပစ္စယော *သမနန္တရပစ္စယော *သဟဇာတပစ္စယော *အညမညပစ္စယော *နိသယပစ္စယော *ဥပနိသယပစ္စယော *ပုရေဇာတပစ္စရော *ပစ္ဆာဇာတပစ္စယော *အာသေဝနပစ္စယော *ကမ္မပစ္စယော *ဝိပါကပစ္စယော *အဟာရပစ္စယော *ဣနဒိယပစ္စယော *ဈာနပစ္စယော *မဂ္ဂပစ္စယော *သမ္ပယုတ္တပစ္စယော *ဝိပ္ပယုတ္တပစ္စယော *အတ္ထိပစ္စယော *နတ္ထိပစ္စယော *ဝိဂတပစ္စယော *အဝိဂတပစ္စယော ဟောတိ။

Image result for ညောင်ဆယ်ပင်

🧘‍♀မေတ္တာသုတ် တစ်ခေါက် ပူဇော်ပါ 🙏မေတ္တာသုတ်ပါဠိ ~~~ ၁။ ယဿာ နုဘာဝတောယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။ ယဥှိ စဝေါ နုယုဉ်ဖန်ေတာ၊ ရတ္တိန္ဒိဝ မ-တန္ဒိတော။ ၂။သုခံ သုပတိ သုတ္တောစ၊ ပါပံ ကိဉစှိ နပဿတိ။ ဧ၀ မာဒိ-ဂုဏူပတေံ၊ ပရိတ္တံ တံဘဏာမ ဟေ။ ၃။ ကရဏီယ မတ်ထ-ကုသလနေ၊ ယန်တသန်ံတ ပဒံ အဘိသမစ်စေ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။ ၄။ သန္တုဿကော စ သု-ဘရောစ၊ အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ၊ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။ ၅။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ သုခနော ၀ ခေမိနော ဟောန္တု၊ သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်ထာ။ ၆။ ယေ ကစေိ ပါဏ ဘူတတ်ထိ၊ တသာ ဝါ ထာဝရာဝ န၀ သသော။ ဒီဃာ ဝါယေ ၀ မဟန်တာ၊ မဇစွှိမာ ရဿကာ အဏုက-ထူလာ။

Image may contain: one or more people, people standing, wedding and outdoor

၇။ ဒိဋ္ဌာ ဝါယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အဝိဒူရေ။ဘူတာ ၀ သမ ၻေ၀ သီ၀၊ သဗ္ဗ သတ္တာ ဘ၀န္ထု သုခိတတ္တာ။ ၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိ မညထေ ကတ်ထစိ န ကဉ်စိ။ ဗျာရောသနာ ပဋိဃ-သည၊ နာည မညဿ ဒုကျခ မိဈေဆယွ။ ၉။ မာတာ ယထာ နိယံ ပုတ္တ- မာယုသာ ဧက-ပုတ်တ မနုရက်ခေ။ ဧ၀မၿပိ သဗျဗ-ဘူတေသု၊ မာနသံ ဘာဝယေ အပရိမဏံ။ ၁၀။ မေတ္တဉ္စ သဗ္ဗ လောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အ-သမ်ဗာဓံ အ-ဝရေ မ-သပတ်ံထ။ ၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနော ယာဝတာဿ-ဝိတ-မိဒ္ဓေါ။ ဧတံ သတိ ံ အဓိေ႒ယ်၊ ဗြဟ္မ မေတံ ဝိဟာရ’မိဓ မာဟု။ ၁၂။ ဒီဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါဒဿနေန သမ္ပန္နော။ ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ ၻေသယ် ပုန-ေရတိ။ ေမတၱာ-သုတ္တံ နဋ္ဌိတံ။

Image result for ညောင်ဆယ်ပင်

🧘‍♀”အရဟံ သိဒ္ဓိ ဘဂဝါ အောင်” ကို ၁၀၈ လုံး ပုတီးဖြင့် ၁၀ ပတ် စိပ်၍ပူဇော်ပါ 🙏🧘‍♀”ဥုံ ယက္ခ ရုက္ခစိုး နတ်ရုက္ခစိုး မနိုးစိမ့်စိမ့် မအိပ်စက်စက် အကျွန်ုအား အသက်ဥစ္စာ ပညာ ပေးပါလော့” ရုက္ခစိုး ဂါထာအား ( ၃၇) ခေါက် ပူဇော်ပါ 🙏 လိုရာဆုတောင်းပါ။ 🧘‍♀ဤသို့ပြုရ မြတ်ပုည အပီးထိ ရွတ်ဆိုပီး ခေါင်းလောင်းတီး အမျှဝေ ပါရန် 🙏ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကြူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။ မသွေနိစ္စ၊ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။မိတ္တဆွေညာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ‌‌ဒေဝါယက်ခ၊ ဣန်ဒဘုမ်မာ၊ အာကာသနတ် အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။သဗ်ဗသေတ်တာ၊ သတ်တဝါဟု၊ နာနာလောက၊ အနန်ဒတွင်၊ မပြတ်စဉ်ကာ၊ သတ္တဝါသ၊ ဘုံကိုးဝနှင့်၊ ဝညာဏဋ္ဌိတိ၊ တည်ရှိခုနှစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေး‌‌ဝေလို၏။ ထိုကုသလ၊ ဤပုညကို၊ အမျှရကြသည် ဖြစ်စေသော်။ ဝသုန္ဒရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော်။ ပင်စီတိုင်းအတွက် အထက်ပါ နည်းအတိုင်း ကုသိုလ်ယူပေးပါ ။

Image result for ညောင်ဆယ်ပင်

🌳နောက်ဆုံးညောင် ၁၀ ပင်အဓိဌာန် အပြီးသတ်မေတ္တာပို့ အမျှဝေ ပါရန် 👇🏻

Image result for ညောင်ဆယ်ပင် ဆုပန်ထွာ

၁။ဧတံ ပုညဘာဂံ ဤကဲ့သို့ ကျင့်ကြံပွားများအားထုတ် လှူဒါန်းပူဇော်ကန်တော့ရသော ကုသိုလ်ကောင်းမှု့ကံစေတနာ အဖို့ဘာဂတို့အား ၊အနန္တစကြဝဠာ အတွင်း၌ မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး ၊အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊ အရပ်ဆယ်မျက်နာ၌ ရှိကြကုန်သော အနန်တ နတျ လူ ဗွဟ်မာ အနန်တသတ်တဝါ အားလုံး မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်။ ၂။သာသနာတော်အား စောင့်ရှောက်လျက်ရှိသော ဘိုးတော်သကြားမင်းနှင့်တကွ သာသနာစောင့်နတ်မင်းကြီး ၄ ပါး၊ရွှေတိဂုံဘိုးဘိုးကြီး၊ဆူးလေဘိုးဘိုးကြီး၊ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊မှော်ဘီဘိုးဘိုးကြီးနှင့်တကွ သာသနာစောင့်ဘိုးဘိုးကြီးများ၊ နဂါးမယ်တော်ကြီး၊ မယ်တော်ကြီး စောမွန်လှ၊ဒေါ်ကြီးမြနန်းနွယ်၊ဒေါ်ကြီးမြစိမ်း၊ဒေါ်ကြီးမြနန်းဒေဝီ၊ဒေါ်ကြီးမဖြူနှင့်တကွ သူရဿတီမယ်တော်ကြီး၊စန္ဒီမယ်တော်ကြီး၊ကာလီမာန်မယ်တော်ကြီး အစရှိသော မယ်တော်ကြီးများအားလည်းကောင်း။ ၃။တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊ ရုက္ခစိုး၊ဘုမ္မာစိုး၊သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊လစောင့်နတ်၊နတ်မင်းအပေါင်းနှင့် ကျွန်ုပ်၏ကိုယ်စောင့်နတ်တို့အားလည်းကောင်း၊ ကိုးမြို့ရှင်၊ မြင်းဖြူရှင်၊ ဦးရှင်ကြီး၊ မနှဲလေး ၊အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း၊ မယ်ဝဏ္ဏနှင့် ရွှေဖျင်းကြီး၊ရွှေဖျင်းလေးအပါအဝင် သာသနာတော်အား စောင့်ရှောက်လျက်ရှိကြကုန်သော နတ်မင်းအပေါင်းတို့အားလည်းကောင်း။ ၄။ဝိရူပက္ခမြွေနတ်နဂါးမင်း၊ ဆဗျာပုတ္တမြွေနတ်နဂါးမင်းနှင့်တကွ နတ်နဂါးမင်းအပေါင်းတို့အားလည်းကောင်း။

Image may contain: 1 person, smiling, standing

၅။ဘုရားသိုကျ၊နဂါးသိုကျ၊ကုလားသိုကျ၊ ရှမ်းသိုက်၊ဘီလူးသိုက် အစရှိသဖြင့် သိုက်နန်းရှင်၊ သိုက်ချုပ်၊ သိုက်ဝင်အပေါင်းတို့နှင့်တကွ နဂါး၊ဂဠုန်၊ဂုမ္ဘာန်၊ယက္ခ၊ဂန္ဓဗ္ဗ နတ်အပေါင်းတို့အားလည်းကောင်း။ ၆။ဘုရားတပည့်တော်ဘဝအဆက်ဆက် သံသရာ၌ တော်စပ်ခဲ့သော မိခင်၊ဖခင်၊ဆရာသခင် ကျေးဇူးရှင်များနှင့်ဆွေတော်အပေါင်းမျိုးတော်ရှစ်သောင်းတို့အားလည်းကောင်း၊ယခုဘဝတော်စပ်ကြကုန်သော မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့် ဆွေတော်အပေါင်း မျိုးတော်ရှစ်သောင်းတို့အား လည်းကောင်း။ ၇။ပထဝီ၊တေဇော၊အာဘော၊ဝါယော ဓာတ်အကြီးလေးပါးကို မှီ၍ ဖြစ်ပေါ်ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊သြကာသလောက၊သင်္ခါရလောက၊သတ္တလောက၊လောကသုံးပါး ကိုမှီ၍ ဖြစ်ပေါ်ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊ ယမမင်းနှင့်တကွ ငရဲသူ ငရဲသားတို့အားလည်းကောင်း။

Image result for ညောင်ဆယ်ပင်အဓိဌာန်

🧘‍♀ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ဖြစ်ကြပါစေ၊ 🧘‍♀ဒေါသ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ဖြစ်ကြပါစေ၊ 🧘‍♀ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ဖြစ်ကြပါစေ၊ 🧘‍♀နှလုံးစိတ်ဝမ်းငြိမ်းချမ်းသာယာဖြစ်ကြပါစေကုန်သတည်း။🙏တပည့်တော် (——-)ပြုခဲ့သော ကုသိုလ် ကောင်းမူကံ၊စေတနာ ဒါနကုသိုလ်၊ သီလ ကုသိုလ်၊ ဘာဝနာကုသိုလ်၊ သစ္စာကုသိုလ်၊ မေတ္တာကုသိုလ် အစုစုတို့အား ဝသုန္ဓရေ မြေနတ်သားအား သက်သေအရာထား၍ လည်းကောင်း
အမျှအတန်းပေးဝေပါသည်။ 🙏တပည့်တော် နှင့် ထပ်တူထပ်မျှရ၍ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။ ကျွတ်နိုင် လွတ်နိုင် နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။🙏အမျှ အမျှ အမျှ ၊🙏အမျှ အမျှ အမျှ ၊🙏အမျှ အမျှ အမျှ ၊
ယူတော်မူကြပါကုန်လော့ 🙏 သူတော်ကောင်း သူတော်မြတ် အပေါင်းတို့၏ ပြု ပြုသမျှ ကောင်းမူကုသိုလ် အစုစုတို့အားလည်း ကျွန်ုပ်မှ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုပါ၏။ ထပ်တူ ထပ်မျှ ရ ရပါလို၏။သာဓု သာဓု သာဓု🙏 ၊ သာဓု သာဓု သာဓု🙏 ၊ သာဓု သာဓု သာဓု 🙏။ ဟုဆိုပြီး ခေါင်းလောင်းတီး ပြီး ကုသိုလ်မျှဝေ ပါရန်။ 🙏နောက်ဆုံးအဆင့်သောက်တော်ရေ ကို ညောင်ပင်မှာ ပြန်စွန့်နေရင်း မေတ္တာပို့ရန်🙏🙏သတ္တဝါမှန်သမျှ အနန္တတွေ အထူးကျန်းမာစေ၊၊ 🌸ချမ်းသာပါစေ။ 🌸အဆင်ပြေပါစေ၊၊ 🌸အေးချမ်းကြပါစေ။ 🌸အောင်မြင်ကြပါစေ။ အပူကင်းပျောက် အအေးရောက်ပါစေ။🙏 နောက်ဆုံးညောင်ပင်ပီးရင် ဗုဒ္ဓအောင်မြေ နင်းခဲ့ပါ အကျိုးထူးပါလိမ့်မယ်။

Image result for ညောင်ဆယ်ပင်အဓိဌာန်

Credit: Ma Ma Hsu Paing Win / ပါဠိ စကားလုံး Lwin Mar O

🔔ခေါင်းလောင်းတစ်ခုယူသွားရန်။ 👉ဘုရားစစရှိခိုးချိန်နှင့် နောက်ဆုံးအမျှဝေ သာဓုခေါ်ဆိုချိန်တွင် ခေါင်းလောင်းတီးပေးပါနော်။အပင်တိုင်းအတွက်။