၂ လေးလုံးနဲ့ တိုက်ဆိုင်နေတဲ့ ချစ်သူသက်တမ်းနေ့လေးမှာ စည်ဖြိုးကို ကတိတွေပေးလိုက်တဲ့ ခင်လွှမ်း

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူ (၂) ဦးကိုတော့ ပရိသတ်တွေ သိကြမှာပါနော်။

Image may contain: 1 person, standing and outdoor

ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်တွေရင်းနှီးခဲ့တဲ့ စည်ဖြိုးကတော့ ခင်လွှမ်းနဲ့အတူ ပျော်စရာကောင်းပြီး ခိုင်မြဲတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးလုံးဟာ အနုပညာနယ်ပယ်ထဲမှာ ကျင်လည်နေကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ ခင်လွှမ်းကတော့ ၂၀၀၈ ခုနှစ်လောက်တည်းက မော်ဒယ်လောကကနေ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။

Image may contain: one or more people and people standing

Image may contain: 1 person, indoor

ယခုနောက်ပိုင်းမှာ ခင်လွှမ်းက သူမရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့အတူ ပရိသတ်တွေကြား ရေပန်းစားလာခဲ့တာလည်း တွေ့ရပါတယ်။ စည်ဖြိုးနဲ့အတူ သာယာတဲ့ အချစ်အိမ်လေးကို တည်ဆောက်ထားတဲ့ သူတို့ Relationship ဟာ ၂ နှစ် ၂ လ ၂ ပတ် နဲ့ ၂ ရက်ရှိပြီဖြစ်တယ်လို့ ခင်လွှမ်းက သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေ ရေးသားလာတာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people sitting and closeup

Image may contain: 1 person, selfie and closeup

“ဒီနေ့ ချစ်သူသက်တမ်း ၂နှစ် ၂လ ၂ပတ်နဲ့ ၂ရက်မြောက်သောနေ့ 💚💛❤️ ( 20 . 2 . 2020 ) ဂျူးကို ဒီနေ့ဒီချိန်ထိ လိုလေးသေးမရှိအောင် အစစအရာရာ ကူညီအကြံပေးဆုံးမပံ့ပိုးပြီး ချစ်သူတစ်ယောက်လိုသာမကပဲ အကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ဂရုစိုက် စောင့်ရှောက် ပေးတဲ့အတွက် ကျေးဇူးအထူးပါ ကိုရေ. ဘာသာရေးလည်းလိုက်စား အကြင်နာတရားနဲ့ စိတ်ကောင်းရှိသော သူတော်ကောင်း ချစ်သူလေးကို တစ်သက်လုံး စိတ်ချမ်းသာအောင်ထားသွားပါ့မယ့်လို့ ဂျူး ကတိပေးပါတယ် ကို … အရမ်းချစ်တယ်. HAPPY ANNI ပါ ကိုရေ 😘😘😘”

Image may contain: one or more people and closeup

Image may contain: 3 people, people sitting, drink, table, food and indoor

ဒီ Anniversary နေ့လေးမှာတော့ ခင်လွှမ်းက ချစ်သူ ဖြစ်တဲ့ စည်ဖြိုးကို ကတိတွေ ပေးခဲ့ပါတယ်။ အကြင်နာတရားနဲ့ စိတ်ကောင်းရှိတဲ့ ချစ်သူလေးကို ရထားတာ ခင်လွှမ်းအတွက်တော့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပဲနော်။ နောင်နှစ်ပေါင်းများစွာလည်း တွဲလက်တွေခိုင်မြဲပြီး အချစ်တွေဒီထက်ပိုတိုးလာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Image may contain: 2 people, people smiling, closeup

Image may contain: 2 people, night

Cele Star