တရုတ်နိုင်ငံ အကျဉ်းထောင်နှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ ၂၃၄ ဦးအထိ တွေ့ခဲ့တာကြောင့် တာဝန်ရှိသူတွေ အလုပ်ဖြုတ်ခံရ

တရုတ်နိုင်ငံက အကျဉ်းထောင်နှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေခဲ့ပြီး လူ ၂၃၄ ဦးအထိ ရောဂါပိုးကူးစက်ခံနေရကြောင်းနဲ့ ယင်းဖြစ်စဉ်မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း အာဏာပိုင်တွေက သောကြာနေ့ (ဖေဖော်ဝါရီ ၂၁) မှာ ပြောဆိုခဲ့ပါတယ်။

Image result for Prison in china

နိုင်ငံမြောက်ပိုင်း ရှန်တုံပြည်နယ်နဲ့ အရှေ့ပိုင်း ကျီကျင်းပြည်နယ်တို့ ရှိ အကျဉ်းထောင်နှစ်ခုမှာ ရောဂါကူးစက်ဖြစ်ပွားမှုတွေ တွေ့ခဲ့တာဖြစ်ပြီး ဗိုင်းရပ် အဓိက ကူးစက်ဖြစ်ပွားရာ ဟူပေပြည်နယ် ပြင်ပမှာ ကြာသပတေးနေ့က အသစ်တွေ့ရှိတဲ့ ပိုးကူးစက်သူ ၂၅၈ ဦးအနက် ယင်းပြည်နယ်နှစ်ခုက အများစု ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အကျဉ်းထောင်နှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ ၂၃၄ ဦးအထိ တွေ့ခဲ့တာကြောင့် တာဝန်ရှိသူတွေ အလုပ်ဖြုတ်ခံရ 

ကျီနင်မြို့က Renchen အကျဉ်းထောင်မှာ ပိုးကူးစက်ပျံ့နှံ့မှု မြင့်တက်နေကြောင်း စစ်ဆေးတွေ့ရှိ ခဲ့တာကြောင့် ရှန်တုံပြည်နယ် တရားရေးဌာန အကြီးအကဲကို အာဏာပိုင်တွေက ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ ယင်း ထောင်မှာ ပိုးကူးစက်သူ စုစုပေါင်း ၂၀၇ ဦး ရှိခဲ့ပါတယ်။

ယင်းထောင်က အကျဉ်းထောင် တာဝန်ရှိသူတစ်ဦးမှာ ပိုးကူးစက်ခံထားရတယ်ဆိုတာ ဖေဖော်ဝါရီ ၁၃ ရက်က ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့တာပါ။ ယင်း ကိစ္စနဲ့ပတ်သက်ပြီး အကျဉ်းထောင်အရာရှိ ၇ ဦးကိုလည်း အလုပ်ထုတ်ပစ်ခဲ့တယ်လို့  အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

Image result for Prison in china

အချို့ဌာနတွေဟာ သူတို့ ရဲ့ တာဝန်တွေအပေါ် လုပ်ကိုင်ဆောင်ရွက်ပုံ ညံ့ဖျင်းပြီး လုပ်ကိုင်ပုံ တိကျသေချာမှုမရှိခြင်းနဲ့ ရောဂါကာကွယ်ရေး အစီအမံတွေ စေ့စေ့စပ်စပ်မလုပ်ခဲ့ဘူးဆိုတာ ယခု ရောဂါ ကူးစက်ဖြစ်ပွားမှုက ပြသနေကြောင်း ရှန်တုံပြည်နယ် အစိုးရအဖွဲ့ လက်ထောက် အထွေထွေအတွင်းရေးမှူး မာယုချန်ဟေး က ပြောဆိုခဲ့ပါတယ်။

Image result for Prison in china

ဒါ့အပြင် ကျီကျင်းပြည်နယ်က အကျဉ်းထောင်တစ်ခုမှာလည်း ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားခဲ့ကာ ယခု သီတင်းပတ်မှာ နောက်ထပ်အကျဉ်းသား ၂၇ ဦး ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒါကြောင့် ကျီကျင်းပြည်နယ် ရှီလီဖန် အကျဉ်းထောင်ရဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲနဲ့ ညွှန်ကြားရေးမှူးကို ရာထူးမှ ထုတ်ပယ်ခဲ့ကာ ရောဂါပိုးကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စုံစမ်စစ်ဆေးမှုစလုပ်နေကြောင်း ပြည်နယ် အစိုးရက ၄င်းတို့ ရဲ့ ဆိုရှယ်မီဒီယာဆိုက်မှာ ပြောဆိုခဲ့ပါတယ်။

အကုန်သိ