ဝူဟန်မှာ ကြွေတဲ့ကြယ်တစ်ပွင့်

Prewedding photos တွေရိုက်ပြီးကျေနပ်နေတဲ့ Dr. Peng တယောက် သူ့ရဲ့ကံကြမ္မာကို မသိနိုင်ခဲ့ပါဘူး။February 1 ရက်နေ့မှာ သူ့ရဲ့မင်္ဂလာပွဲလုပ်ဖို့ အားလုံးပြင်ဆင်ထားခဲ့ပေမယ့် December လကုန်မှာတိုက်လိုက်တဲ့ မုန်တိုင်းအကြားမှာ သူဟာကြွေလွင့်သွားခဲ့ရပါပြီ။သူ့ရဲ့အလုပ်စားပွဲ အံဆွဲထဲမှာ မဖိတ်ရသေးတဲ့ မင်္ဂလာဆောင်ဖိတ်စာတွေ ခုထိရှိနေဆဲပါ။

Image may contain: 2 people

February 1 ရက်နေ့မှာ သူ့မင်္ဂလာပွဲကျင်းပမယ့်အစား သူ့အခြေအနေဆိုးလာတဲ့အတွက် သူ့ကို ICU ထဲရွှေ့လိုက်ရပါတော့တယ်။အသက် ၂၉ နှစ်ပဲရှိသေးတဲ့ Dr. Peng Yinhua ဟာ ဝူဟန် Jiangxia အရပ်က First People’s Hospital ကဝန်ထမ်းပါ။မနေ့က Febtuary 20 ည 9 နာရီ 50 မိနစ်မှာ သူကွယ်လွန်သွားခဲ့ပါပြီ။ကျနော့်စိတ်ထဲမှာ 2003 ခုနှစ် April 7 ရက်နေ့မှာ ကွယ်လွန်သွားတဲ့ Dr. Ong Hok Su ကို သွားသတိရပါတယ်။

Image may contain: one or more people, people standing, wedding and indoor

အသက် 27 နှစ်အရွယ် Dr. Ong ဟာ အသက် 52 နှစ်အရွယ်အမျိုးသမီးကို နှလုံးရောဂါကုရင်း SARS virus ကူးသွားခဲ့တာဖြစ်ပါတယ်။သူလည်း September မှာကျင်းပမယ့် မင်္ဂလာဆောင်မတိုင်မီ ဆေးရုံမှာ ရှေ့တန်းက ကုသရင်းနဲ့ ကွယ်လွန်သွားခဲ့တာပါ။အဲ့ဒီတုန်းက သူ့ရဲ့ fiancee ယူမယ့်ချစ်သူခမျာမှာ မသိတတ်သူတွေရဲ့ အမေးကို ရင်နာစွာနဲ့ ဖြေခဲ့ရပါတယ်။”မင်္ဂလာပွဲကို ဘယ်လိုလုပ်မလဲ”ဆိုတဲ့ အမေးပါ။

Image may contain: one or more people

အခုလည်း Dr. Peng ရဲ့ fiancee ခမျာ ဘယ်လိုဖြေရပါ့မလဲ တွေးကြည့်နေမိပါတယ်။👉 👉👉 WHO က ဒီနေ့ပဲ “ဒီ COVID-19 ကို အသေအချာကိုင်တွယ်ဖို့နဲ့ ငါတို့မဖြသစ်သေးဘူးဆိုပြီး မပေါ့ကြဖို့ သတိပေးလိုက်ပါတယ်။ရနေတဲ့ opportunity window ကိုအရယူပြီး ကြိုတင်ပြင်ဆင်ကာကွယ်ကြပါတဲ့။”မြန်မာပြည်မှာသာဖြစ်ရင် ဆေးရုံသုံးအကာအကွယ်နဲ့ ပစ္စည်းပစ္စယမပြည့်စုံတဲ့အတွက် ဆေးဝန်ထမ်းတွေ အတော်ထိခိုက်မှုများမှာကို တွေးပူမိပါတယ်။

Source Richard Myo Thant