ယက္ကန်းစင်တောင် ဆရာတော်ကြီး ကိုယ်တိုင်ပေးထားတဲ့ ဓမ္မမိတ်ဆွေ တစ်ဦးကိုယ်တွေ့ထီ ဆုကြီးဆုငယ် အကြိမ် ၃ဝဝကျော် ပေါက်စေသော ပုတီးစိပ်နည်း

ယက္ကန်းစင်တောင်ဆရာတော် ပဋ္ဌာန်းဆက်ဖြစ်တဲ့ ဓမ္မမိတ်ဆွေကြီး UphyoMyint ကို ယက္ကန်းစင်တောင် ဆရာတော်ကြီး ကိုယ်တိုင်ပေးထားတဲ့ ပုတီးစိပ်နည်းပါ..အများမြင်တွေ့နေကြ ဆရာတော်ပုတီးစိပ်နည်းထက် သုံးကြောင်းပိုပါတယ်။ဦးဖြိုးမြင့် ဂါထာ ပေါင်းစုံကို တနေ့ နှစ်နာရီကျော် ပုတီးစိပ်တာ ဈေးရောင်းမကောင်းဘဲယက္ကန်းစင်တောင်ဆရာတော်က ဒီဂါထာ ပေးလို့ရွတ်တာနဲ့ သိသိသာသာဈေးရောင်းကောင်းပြီး အစစအရာရာအဆင်ပြေလာပါတယ်။

ဂါထာတန်ခိုးနဲ့ ထီတွေ ဆုကြီးဆုငယ် အကြိမ် ၃ဝဝကျော်ပေါက်ပါတယ်။ ဂါထာ အစအဆုံးရွတ်ပြီး ပုတီးတစ်လုံးချ တနေ့ တပတ်စိပ်ရမှာပါ။မစိပ်နိုင်ရင် မနက် ၉နာရီ ည၉နာရီ အချိန်တွေမှာ အနည်းဆုံး ၉ခေါက်ရွတ်ပါ။ဘေးရန်ကင်းကွာ လာဘ်ရွှင်ကာ အစစအရာရာအောင်မြင်ပြီးပေါက် သိဒ္ဓိ ပေါက်စေနိုင်ပါတယ်။ယက္ကန်းစင်တောင်ဆရာတော်ဦးသြဘာသ၏လောကီလောကုတ်နှစ်ဖြာသောအကျိုးကိုဖြစ်စေသောပုတီးစိပ်နည်း

သိဒ္ဓိဘဂဝါအရဟံ ဗုဒ္ဓေါမေ သတ္တပါကာရံ ဗုဒ္ဓံသရဏံဂစ္ဆာမိ။သိဒ္ဓိဘဂဝါအရဟံ ဓမ္မောမေ သတ္တပါကာရံ ဓမ္မံသရဏံဂစ္ဆာမိ။သိဒ္ဓိဘဂဝါအရဟံ သံဃောမေ သတ္တပါကာရံ သံဃံသရဏံဂစ္ဆာမိ။ဗုဒ္ဓံသရဏံဂစ္ဆာမိ။ဓမ္မသရဏံဂစ္ဆာမိ။သံဃံသရဏံဂစ္ဆာမိ။

မှတ်ချက် ငါးပါးသီလမလုံကအောက်၃ကြောင်းဘုရား တရား သံဃံဆည်းကပ်ကိုး ကွယ်ခြင်းကိုထည့် မစိပ်ပါနဲ့ ။