ခန္ဓာကိုယ်ကနေ သင်းပျံ့တဲ့ ရနံ့တွေ ထွက်နေတဲ့ဆရာတော် မဖူးမြော်ရသေးသူတွေ ဖူးမြော်နိုင်ဖို့ မျှဝေပါတယ်နော်

ကျေး ဇူးတော်ရှင် ကုံလုံဆရာတော်ဘုရားကြီးဟာ ဖူးမြော်ရသူတွေ သိကြမှာပါ..အင်မတန် မွှေးပျံ့တဲ့ ရနံ့တွေ ဆရာတော်ဘုရားကြီးရဲ့ ခန္ဓာကိုယ်ကနေ ထွက်ရှိတာပါ…..အဲဒီလိုပဲ ကုံလုံဆရာတော်ဘုရားကြီးရဲ့ ခန္ဓာကိုယ်ကလို မွှေးပျံ့တဲ့ ရနံ့တွေ ထွက်နေတဲ့ ဆရာတော်တစ်ပါးကို ဖူးမြော်ခဲ့ရသူတစ်ဦးက ခုလို ဖော်ပြထားပါတယ်…

“တောင်ကြီးမြို့မှာရှိတဲ့ ကုံလုံဆရာတော်ကြီးရဲ့ ခန္ဓာကိုယ်ကလို မွှေးပျံ့တဲ့ ရနံ့တွေ ထွက်နေတဲ့ ဆရာတော်တစ်ပါးကိုဖူးမြော်ခဲ့ရတာမျှဝေပါရစေ။ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်မှာ အိမ်က လာခေါ်မယ့်ကားကို ထိုင်စောင့်ရင်း Wheel chair နဲ့ ဘုန်းဘုန်း တစ်ပါးကို ရုတ်တရက် ကြည့်မိတဲ့ အခါမှာ ဘုန်းဘုန်းရဲ့ ညာဘက်ခြေထောက်အောက်မှ ခြေနင်းခုံက မကောင်းတော့ လည်ထွက်သွားပြီး ခြေဖဝါးက မြေကြီးနဲ့ထိနေတယ်။

အနောက်မှ လှည်းတွန်းတဲ့သူက မသိပဲ တွန်းလိုက်ရင် ခြေထောက်ညပ် သွားမယ်ဆိုတာ သိလို့ ဘုန်းဘုန်းရဲ့ခြေထောက်ကို အမြန်ပြေး၍ မယူပြီးတော့ ခြေနင်းခုံပေါ် ပြန်တင်ပေးလိုက်တယ်ဆရာတော်ရဲ့ ခြေထောက်ကို ပြေးကိုင်ပြီး ဆွဲမလိုက်တဲ့ အခါမှာ ရေမွှေးနံ့မဟုတ်တဲ့ အင်မတန်မွှေးတဲ့ အနံ့တစ်ခု ရလိုက်ပါသည်။အဲဒီအချိန်မှာ “သေရင်မပုတ်တဲ့ ခန္ဓာ၊မသေခင်မှာတောင် မွှေးနေတဲ့ ခန္ဓာကိုယ်” ဆိုတာကို အမှန်တကယ် လက်တွေ့ ကိုယ်တိုင် တွေ့လိုက်ရတာပါပဲ။

ကျွန်မ ငယ်စဉ်က​​တောင်ကြီးမြို့မှာရှိတဲ့ ကုံလုံဆရာတော်ကြီးရဲ့ ခန္ဓာကိုယ်က မွှေးပျံ့တဲ့ ရနံ့တွေ ထွက်နေတယ်လို့ သွားဖူးခဲ့တဲ့ သူတွေ ပြောတာကို ကြားခဲ့ဖူးပါတယ်ခန္ဓာရဲ့ သဘာဝအရ အမွှေးနံသာ ဘယ်လိုပဲစွတ်စွတ် အပုတ်နံ့ဆိုတာ အနည်းနဲ့ အများတော့ ထွက်နေတာပဲ။ ဒါပေမယ့် သူတော်ကောင်း တွေရဲ့ ခန္ဓာအိမ်ကတော့ အသားအရေ ဝင်းပကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တွေ ထွက်နေတာ ဒီနေ့ လက်တွေ့ သိမြင်လိုက်ရပါတယ်။

နောက်တော့ ဆရာတော်ရဲ့ ဘွဲ့ကိုမေးပြီး ဓါတ်ပုံရိုက်ဖို့ ခွင့်တောင်းခဲ့ပါတယ်အခု အများဖူးနိုင်အောင် တင်ပေးလိုက်ပါတယ်​တောင်ဥက္ကလာမှ ငွေကြာယံရိပ်သာ ဆရာတော်ပါယခု သက်တော် ၈၃ နှစ်ရှိပါပြီဆိုပြီး ကိုယ်တိုင်ဖူးမြော်ခဲ့ရတဲ့ အကြောင်းလေးကို ရေးသားထားတာပါအဲတာကြောင့် ပရိသတ်ကြီးတို့လည်း ဆရာတော်ဘုရားကို ဖူးမြော်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်… ကုသိုလ်ထူးသူတွေ ဖူးမြော်ကြရပါစေနော်.