ယောက်ျားဖြစ်သူရဲ့အိမ်ထောင်ဆက်တွေအကြောင်းကို တိတိကျကျထုတ်ဖော်ပြောပြလိုက်တဲ့ စိုင်းဆိုင်မောဝ်ရဲ့ဇနီး ခေးလားမိုး

ဟိုးအရင်အချိန်တွေကတည်းက ဒီနေ့အချိန်ထိ ခေတ်အဆက်ဆက်ပရိသတ်တွေရဲ့အားပေးခြင်းကို ရရှိထားသူ စိုင်းဆိုင်မောဝ်ကတော့ သီချင်းကောင်းတွေမြောက်များစွာကို သီဆိုထားသူတစ်ယောက်ပါ။သူကတော့ ရှမ်းသီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ကိုခြွေယူနိုင်ခဲ့တဲ့ နှလုံးလှတဲ့အနုပညာသမားတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်ဆက်တွေများခဲ့တာကြောင့် အပြင်လက်တွေ့ဘဝမှာလည်း နှလုံးသားလှတဲ့သူတစ်ယောက်လို့ဆိုရမှာပါနော်။

သူကတော့ မကြာသေးခင်က ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ကုသမှု ခံခဲ့ရပါသေးတယ်။စိုင်းဆိုင်မော်ဝ်ကတော့ ဟိုးအရင်အချိန်ကတည်းက အိမ်ထောင်ဆက်များသူအဖြစ် ကောလဟလထွက်ရှိခဲ့ပြီး သူဆေးရုံတက်ကုသမှု ခံယူနေရစဉ်မှာလည်း အရင်အိမ်ထောင်တွေရဲ့သားသမီးတွေ လာရောက်ကြည့်ရှုခဲ့ကြပါသေးတယ်။

ဒီနေ့မှာတော့ လက်ရှိတရားဝင်ဇနီးမယားဖြစ်သူ ဒေါ်ခေးလားမိုးကတော့ စိုင်းဆိုင်မောဝ်ရဲ့အိမ်ထောင်ရေးအကြောင်း လာမေးကြလွန်းလို့ဆိုပြီး သူ့အမျိုးသားဖြစ်သူရဲ့အိမ်ထောင်ဆက်တွေအကြောင်းကို ဖေ့ဘွတ်ခ်စာမျက်နှာမှာ တိတိကျကျဖော်ပြပေးခဲ့ပါတယ်။ “ခဏခဏလာလာမေးကြလို့ပါ….. ပထမအိမ်ထောင်….စိုင်းဆိုင်မောဝ်+(နန်းမိုးမိုးအေး) ဆုံး(၁) သမီးကြီး နန်းခမ်းမိုင်…(၂) သမီးငယ် (နန်းခမ်းမြန်) ဆုံး၊ဒုတိယအိမ်ထောင်….စိုင်းဆိုင်မောဝ်+နန်းမွေဖောင်(ခေါ်) မွေနွမ်ဖောင်(ခေါ်) နန်းမေနှင်းဝါ(၁) သားကြီး စိုင်းလှိုင်း(၂) သားလတ်(စိုင်းဇင်)ဆုံး(၃) သားငယ် စိုင်းမိန်း၊တတိယအိမ်ထောင်… စိုင်းဆိုင်မောဝ်+နန်းမောက်စံခမ်း(၁) သမီး နန်းဆိုင်ဖွန်ခမ်း၊စတုတ္ထအိမ်ထောင်….. စိုင်းဆိုင်မောဝ်+နန်းလောဝ်လောဝ်(ခေါ်) ပူစပါး…သားသမီးမရှိ၊ပဉ္စမအိမ်ထောင်စိုင်းဆိုင်မောဝ်+ခေးလားမိုး(၁) သားကြီး စိုင်းဟန်ဟိဏ်းမောဝ်(ခ) ဟိဏ်းဆိုင်မောဝ် ကျောင်းအမည်မှာ စိုင်းဉာဏ်လင်းထွဋ်(ခ) စိုင်းစိုင်း(၂) သားငယ်(ဆုံး) မွေးပြီး(၁၅)မိနစ်သာအသက်ရှင်သည်(ကျောက်ကပ်မကောင်းသောကြောင့်)”

“အိမ်ထောင်(၅)ဆက် သားသမီး (၈)ယောက်၊ သားသမီးqqq(၃)ဦးဆုံးပါး၊မြေး (၉)ယောက်…ကာကယံရှင် စိုင်းဆိုင်မောဝ်၏ လက်ရှိပြောကြားချက်အရ ရေးသားပေးခြင်းဖြစ်ပါတယ်… ယခု လက်ရှိ ဇနီးခေးလားမိုး၊သားငယ်စိုင်းလေးတို့နှင့် အတူနေထိုင်လျှက်ရှိပါတယ်… ခဏခဏလာမေးနေကြတဲ့အတွက် ရေးပေးလိုက်ပါတယ်… မှတ်ချက်။။ ရန်ကုန်တွင်သာကြီးပျင်းလာသူမို့ သူ့ဇနီးတွေ များမှန်း နောက်မှသိရပါသည်” ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ် ပရိသတ်ကြီးရေ။သတ္တိရှိရှိနဲ့ မျှဝေပေးခဲ့တဲ့ မခေးလားမိုးကတော့ အင်မတန်စိတ်ထားပြည့်ဝတဲ့အမျိုးသမီးတစ်ယောက်လို့ ဆိုရမှာပါနော်။

Source – ခေးလားမိုး