မန္တလေး မြင့်မြင့်ခင် ထိုး မုန့်၊လမုန့်-မိသားစု မှ ဒေါ်မြင့်မြင့်ခင် သီဟသုဓမ္မသိင်္ဂီ ဘွဲ့ ပေးအပ်ခံရခြင်းခံရ

မန္တလေး မြင့်မြင့်ခင် ထိုးမုန့်၊လမုန့်-မိသားစုမှ ဒေါ်မြင့်မြင့်ခင် သီဟသုဓမ္မသိင်္ဂီဘွဲ့ ပေးအပ်ခံရခြင်းအတွက် ဝမ်းမြောက်စွာ ဂုဏ်ယူပါကြောင်း…သာသနာတော်ဆိုင်ရာဘွဲ့ရရှိတာမှန်ပေမယ့် ဒီမိသားစုရဲ့ ကျန်းမာရေး၊ ပညာရေးဒါနတွေလည်း မနည်းမနောပင်။အခုရက်ပိုင်းအတွင်း ၁၁.၃.၂၀၂၀ နေ့က ခုတင် ၃၀၀ ကလေးဆေးရုံ မန္တလေး- အထူးကြပ်မတ်ကုသဆောင်၊ မွေးကင်းစဆောင်၊ ကျောက်ကပ်ဆောင်များအတွက် အရေးပေါ်လိုအပ်သွားသော မီးစက်တစ်လုံး 25KV မြင့်မြင့်ခင် မိသားစုထံ အလှူခံခဲ့ရာ ၁၀ မိနစ်အတွင်း လှူပေးပါမယ်ဟု အကြောင်းပြန်ကြားခဲ့ပါတယ်။ (ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ပါတယ်… အရေးပေါ်လိုအပ်သည့်အတွက် အလှူခံရတာပါ..)

အလှူရှင်တွေက လာရောက်ကြည့်ရှုတွက်ချက်ပြီးသကာလ သုံးနေသောပစ္စည်းများကို ချိန်ဆ၍ $15,500 (သိန်း ၂၁၀ ကျော်) တန်ဖိုးရှိ 100KV မီးစက်အား နေ့ချင်း ချပေးတပ်ဆင်ပေးလျက်ရှိပါတယ်။ကလေးကျောက်ကပ်ဆောင် စတင်လည်ပတ်နိုင်ရေးအတွက် မန္တလေး ပြည်သူထဲမှ တစ်ဦးအနေဖြင့် ၂၀၁၅ လောက်ကစတင်ပြီး ကျောက်ကပ်သန့်စင်စက် စတင်လှူဒါန်းပေးသော မိသားစုပါ…(မန္တလေးသူ/သားများ စည်းလုံးညီညွတ်စွာဖြင့် လှူဒါန်းကူညီကြခြင်း ပြယုဂ်)ကျောက်ကပ်အစားထိုး လူနာများအတွက်လည်း ကလေးတစ်ဦးလျှင် သိန်း၁၅၀ စီဖြင့် (၆)ယောက်အတွက် လှူဒါန်းပေးခဲ့ပါတယ်..

ကျောက်ကပ်ကလေးငယ်များ အာဟာရဒါနအနေနဲ့လည်း မကြာခဏ လှူဒါန်းပေးသော မိသားစုပါ..နှလုံးဌာနအတွက်လည်း လှူထားတာတွေ အသေးစိတ်မသိသော်လည်း မြင်တွေ့နေရပါတယ်..ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းအတွက်လည်း ပညာဒါနကျောင်းဆောင်ကြီး (၃)ထပ် ဆောက်လုပ်လှူဒါန်းထားပါတယ်..ဒါတွေက ကိုယ်သိတာလောက်လေး ရေးပြီး အလှူတွေကို ဝမ်းမြောက်သာဓုခေါ်နေရတာပါ…

ရှေးကုသိုလ်၊ ပစ္စုပ္ပန်ကုသိုလ်များကြောင့် ယခုလို လှူဒါန်းနိုင်ခြင်းဖြစ်လို့ အားကျဂုဏ်ယူမဆုံးပါ..(ထူးခြားတာက သူတို့အလှူတွေကို လူသိရှင်ကြား ဖော်ထုတ်ပြောကြားလေ့မရှိခြင်းပင်… ဂုဏ်ပြုအခမ်းအနားတောင် ငွေကုန်မှာစိုးလို့ မလုပ်ပါနဲ့လို့ ပိတ်ပင်တတ်ခြင်းပင်..

ဒေါက်တာချောစုခိုင် FB