အင်ဒိုနီးရှား မှာ ကူးစက် သူ (၂)ဆတိုးလာ တဲ့ ကိုရိုနာ ဗိုင်းရပ်စ်နှင့် ကမ္ဘာတဝန်း နောက်ဆုံးအခြေအနေ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 နဲ့ပတ်သက်ပြီး အစိုးရရဲ့ ကြိုးပမ်းမှုတွေ အရှိန်မြှင့်တင်လာတာကို တွေ့ရပါတယ်။ မတ်လ (၁၂) ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်ပြီးအစည်းအဝေးလုပ်ကာ မတ်လ (၁၃) ရက် မှာ ကြေငြာချက်ထုတ်တာတွေ့ရပါတယ်။မြန်မာနိုင်ငံမှာ COVID-19 လူနာ မရှိသေးကြောင်း နှင့် လေဆိပ်မှာ အသေအချာစစ်ဆေးနေကြောင်း ရှင်းလင်းချက်လည်း ထုတ်ထားတာတွေ့ရပါတယ်။နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှာ တွေ့နေပြီမို့ မြန်မာနိုင်ငံမှာနေ့ညမရွေး ထတွေ့နိုင်ပါတယ်။ ၁၀ တန်းစာမေးပွဲကြီးကလည်း တဖက်ကရှိနေပါတယ်။ တကမ္ဘာလုံး အရှိန်မြင့်ကာ Pandemic ကမ္ဘာ့ ကူးစက်ကပ်ဖြစ်နေပြီမို့ ၂ ပတ်အတွင်း အချိန်မရွေး ထတွေ့နိုင်ပါတယ်။ ပြည်သူလူထုအနေနဲ့ အားလုံးညီညီညွတ်စွာနဲ့ COVID-19 ကို အတူတကွ ရင်ဆိုင်ဖို့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

စင်ကာပူက ရွေးကောက်ပွဲကို ဘယ်လိုပြင်ဆင်မှု လုပ်မလဲ စောင့်ကြည့်ရပါမယ်။ ၂၀၂၀ ရွေးကောက်ပွဲရှိတဲ့နိုင်ငံတွေ ပြင်ဆင်မှုတွေ ကြိုစဉ်းစားရပါမယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းများကို တင်ပြပါမယ်။အင်ဒိုနီးရှားမှာ သေဆုံးသူ ၄ ယောက်ရှိသွားပါပြီ။ စောင့်ကြည့် Quarantine ထားသူတစ်ယောက်သေဆုံးခဲ့ပြီး သူ့ရဲ့ Test အဖြေထွက်လာမှ Positive မှန်းသိတာပါ။ နောက်နှစ်ယောက်ကလည်း အသက်ရှုကျပ်မှ ဆေးရုံရောက်လာပြီး သေဆုံးသွားမှ Test စစ်ကြည့်ရာမှာ အဖြေက Positive ပြနေတာ တွေ့ရတာပါ။

Image result for indonesia virus

ဒါကြောင့် စောင့်ကြည့်နေသူ သေဆုံးခဲ့ရင် သူနဲ့ ထိတွေ့သူအကုန်ကို သတိကြီးစွာ ထားရပါတော့မယ်။ အင်ဒိုနီးရှားမှာ ကူးစက်သူ နှစ်ဆတိုးပြီး ၆၉ ယောက်ဖြစ်သွားပါပြီ။ COVID-19 ကြောင့် သေဆုံးမှုကိုကြည့်ရင် ကျန်းမာရေးဝန်ဆောင်မှု အားနည်းတဲ့နိုင်ငံတွေမှာ သေနှုန်းပိုမြင့်တာတွေ့ရပါတယ်။

စင်ကာပူ၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားသူနဲ့စာရင် သေဆုံးသူအချိုးနည်းတာတွေ့ရပါတယ်။ စင်ကာပူမှာ ၁၃ ယောက်အသစ်တွေ့ပါတယ်။ အမေရိကန်၊ ဂျာမနီ၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေ ကပြန်လာသူတွေ အများစုဖြစ်နေတာတွေ့ရပါတယ်။ စင်ကာပူက Case 199 ဟာ မလေးရှားမှာ ဗလီတက်ခဲ့ရာမှ ကူးပုံရပါတယ်။

Image result for indonesia virus

ကမ်ဘောဒီးယားမှာ ကနေဒါတယောက်နဲ့ ဘယ်ဂျီယံတယောက် ထပ်တွေ့ပါတယ်။ ထိုင်းမှာလည်း အသစ် ၅ ယောက်ထပ်တွေ့ပါတယ်။ ထိုင်းမှာ အသစ်တွေ့နှုန်းမြင့်နေတာမို့ နယ်စပ်အဝင်ကို ဂရုပြုကြစေချင်ပါတယ်။ထိုင်ဝမ်မှာ အမေရိကန်တယောက်ဟာ အမေရိကန်စုံတွဲ နှစ်စုံလာလည်တာကို လက်ခံအပြီးမှာ သူ့မှာ Positive ဖြစ်ပါတယ်။ စုံတွဲတစ်စုံကလည်း အမေရိကန်ပြန်အရောက်မှာ Positive ဖြစ်ပါတယ်။

Image result for indonesia virus

အီတလီမှာ မနေ့က တရက်တည်း ၂၅၀ သေဆုံးပါတယ်။ ဥရောပမှာပြန့်သွားရခြင်းဟာ ဥရောပသားတွေရဲ့ အံ့ဩဖွယ်ရာ ကျန်းမာရေးအသိအားနည်းတာလည်း ပါပါတယ်။ ဒါကြောင့် ကျနော်တို့ လူထုကို အသိပညာများများပေးရပါမယ်။ နိုင်ငံခေါင်းဆောင်တွေရဲ့ အနီးကပ်လူတွေမှာပါ Positive တွေ့လာရပါတယ်။အမေရိကန်က အရေးပေါ် National Emergency ကြေငြာထားပါတယ်။ အမေရိကန် ကိုရိုနာဗိုင်းရပ်စ်ရှိသူ ၂၂၇၈ ယောက်, သေသူ ၄၈ ယောက်နဲ့ ၅၈၁ ယောက် အသစ်တွေ့ပါတယ်။ ဒီပုံအတိုင်းဆိုရင် နိုင်ငံတော်တော်များများမှာ အများကြီးထပ်တွေ့မယ့်ပုံပေါ်ပါတယ်။

Image result for indonesia virus

နိုင်ငံတော်တော်များများမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေ စပိတ်နေကြပါပြီ။ ဂျာမနီမှာ တနင်္လာနေ့ကစပြီး ကျောင်းတွေပိတ်ပါမယ်။ ဂျမေးကားမှာ ကျောင်းအားလုံးပိတ်လိုက်ပါပြီ။ လစ်သူရေးနီးယားမှာ ကျောင်းတွေပိတ်ပြီး လူစုလူဝေးအားလုံး တားထားပါတယ်။ ပြင်သစ်ကလည်း ကျောင်းတွေကို တနင်္လာနေ့ကစပိတ်ပါမယ်။ အစ္စရေးလည်းကျောင်းတွေကို မနေ့ကစပိတ်ပါပြီ။

နိုင်ငံတွေက ပြည်ပအဝင်စပိတ်တာလည်းရှိပါတယ်။ဂျပန်ရဲ့ Olympics 2020 ကို ဘယ်လိုရအောင် ကျင်းပဖို့ ပြင်ဆင်မလဲနဲ့ နိုင်ငံစုံခရီးသွားတွေပိတ်ထားတာ ဘယ်လိုလုပ်မလဲ ကြည့်ရပါမယ်။ ယူကရိန်းက နိုင်ငံခြားသားအဝင် အားလုံးပိတ်ချလိုက်ပါတယ်။ ပါကစ္စတန်က နယ်စပ်အဝင်အားလုံးပိတ်ပြီး လေကြောင်းကိုလည်း ကန့်သတ်လိုက်ပါတယ်။ ချက်ကလည်း နိုင်ငံအဝင်အထွက် တယောက်မှမလုပ်ရန် ပိတ်ပင်လိုက်ပါတယ်။ နော်ဝေက ပြည်ပအဝင် ၂ ပတ်ပိတ်ပါတယ်။

Image result for indonesia virus

ယနေ့ မတ်လ (၁၄)ရက်နေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ ၁၄၅၆၃၁ ယောက်၊ သေသူ ၅၄၂၃ ယောက်။ ပြန်ကောင်းသူ ၇၁၁၆၂ ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် ၉ ယောက်က အသည်းအသန်ဖြစ်ပါတယ်။ ၁၆ ယောက်မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ Case ၇၆၅၈၅ မှာ ၇၁၁၆၂ ပြန်ကောင်းပြီး ၅၄၂၃ ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက ၇% ရှိနေပါတယ်။တရုတ်မှာ တွေ့သူ ၈၀၈၂၅, သေသူ ၃၁၁၇ ယောက်၊ တရုတ်တပြည်လုံးမှ အသစ်တွေ့တာ အလွန်နည်းလာပါတယ်။

Image result for indonesia virus

တရုတ်ပြည်ပြင်ပ ကူးစက် သေဆုံးမှုဦးရေ အများဆုံး (၅) နိုင်ငံကတော့… အီတလီ တွေ့သူ ၁၇၆၆၀, သေသူ ၁၂၆၆, မနေ့က ၂၅၄၇ အသစ်တွေ့။ အီရန် တွေ့သူ ၁၁၃၆၄, သေသူ ၅၁၄, ၁၂၈၉ အသစ်ထပ်တွေ့ပါတယ်။ တောင်ကိုရီးယား တွေ့သူ ၈၀၈၆, သေသူ ၇၂, ၂၁၇ အသစ်တွေ့။ စပိန် တွေ့သူ ၅၂၃၂, သေသူ ၁၃၃, ၂၀၈၆ အသစ်တွေ့။ ပြင်သစ် တွေ့သူ ၃၆၆၁, သေသူ ၇၉, ၇၈၅ အသစ်တွေ့ ပါတယ်။

Richard Myo Thant FB