ကျိုက်ထီးရိုး ဘုရားဖူးလာသူများကိုအခမဲ့တည်းခိုခွင့်ပြု လိုက်တဲ့စေတနာရှင်ဦးလေးကြီး

ရပ်ဝေး ခရီးဝေးမှလာရောက်ကြကုန်သော မိတ်ဆွေသင်္ဂဟအပေါင်းတို့ သိသိမသိသိကျိုက်ထီးရိုးဘုရားဖူးများကြွရောက်ခဲ့သော် မုပ္ပလင်ကျေးရွာအလွန်မော်လမြိုင်လမ်း ၉၄ မိုင် ၅ ဖါလုံတွင် စူပါကင်းစတုံး ဦးတင်ဦးကျောက်ခွဲစက်ထုတ်လုပ်ရေး အိမ်ရှိပါသည်…

ဘုရားဖူးလာရောက်သောမိတ်ဆွေများအား အခမဲ့ နားနေခြင်း ညအိပ်ရပ်နားခြင်း မော်တော်ယာဉ်၏ချွတ်ယွင်းခြင်းများအားအခမဲ့ ပြုပြင်ပေးခြင်း အစစ အရာ လိုအပ်သည်များကိုကုသိုလ်ဖြစ် ကူညီလိုပါ၍ အခမဲ့ဝင်ရောက်နားခို နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်…

စစ်တောင်းတံတားနှင့် ကျိုက်ထိုမြို့အကြားတွင် လိုအပ်ပါက ဖုံးနံပါတ် ၀၉ ၇၇၈ ၁၂၂ ၈၇၆ သို့ဖုံးခေါ်လိုက်ပါ ချက်ခြင်းအရောက်လာခဲ့ပါမည်…” ဆိုပြီး လင်း စံ အိမ် ဆိုတဲ့ အကောင့်ပိုင်ရှင်က လူမှုကွန်ရက်မှာမျှဝေထားတာပါ…

ဒါကြောင့် ပရိသတ်ကြီးတို့လည်း ကျိုက်ထီးရိုးဘုရားဖူးသွားရင်း အကူအညီလိုတယ်ဆိုရင် အထက်ပါ ဖုန်းနံပါတ်လေးတွေကို ဆက်သွယ်စုံစမ်းကြည့်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..

လင်းစံအိမ် FB