လာမည့်နွေရာသီတွင် လေဗာကူဆင်မှ ကိုင်းလ်ဟာဗက်ဇ် ထွက်မည်…. သို့သော်……..

လေဗာကူဆင်အသင်း၏ ကွင်းလယ်ကြယ်ပွင့် ကစားသမား ကိုင်းလ်ဟာဗက်ဇ်ဟာ လာမည့်နွေရာသီမှာ ဂျာမန်မြေမှ ထွက်သွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ အသက် ၂၀ အရွယ်ဟာ ဥရောပရဲ့ကြယ်ပွင့်ထိပ်တန်းကစားသမားထဲမှာပါဝင်နေတဲ့ ဟာဗက်ဇ်ဟာ ယခုရာသီမှာ ၁၀ ဂိုးအထိသွင်းယူထားပြီးဖြစ်ပါတယ်။ ဟာဗက်ဇ်ကို ပရီးမီးယားလိဂ် ကလပ်များဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် လီဗာပူးလ်တို့က ခေါ်ယူဖို့ ဦးဆောင်နေပါတယ်။ လေဗာကူဆင်ရဲ့ နည်းပြဖြစ်သူ ပီတာဘော့ဇ်က သူ့ရဲ့ ကွင်းလယ်လူ ဟာဗက်ဇ်ဟာ လေဗာကူဆင်ကို ထွက်ခွာဖို့ နီးစပ်နေကြောင်း ဝန်ခံသွားခဲ့ပါတယ်။ သို့သော် ဟာဗက်ဇ်ကို ပေါဈေးပဲဈေးဖြင့် လက်လွှတ်သွားမှာမဟုတ်ကြောင်း တပါတည်းပြောခဲ့ပါတယ်။

“ကိုင်းလ်က အသက် ၂၀ ရှိပါပြီ။ ဒါပေမယ့် ဒီရာသီဟာ သူ့အတွက် ဘွန်ဒက်လီဂါ ၄ ရာသီမြောက်ဖြစ်ပါတယ်။ သူနဲ့ ပတ်သတ်ပြီး လူအများက ပြောကြဆိုနေကြပါတယ်။ ဂျာမနီမှာ ရှိတဲ့သူတိုင်းက သူ့ကို ကလေးပါရမီရှင်လို့ မြင်နေကြတယ်။ အာချင်မြို့ကနေထွက်လာခဲ့ပြီးတော့ အသက် ၈ နှစ်ကတည်းက ဒီကိုရောက်နေတာပါ။ အတော်လေးတော်တဲ့ ချာတိတ်လေးပဲ။ ဉာဏ်ကောင်းတယ်၊ ပြီးတော့ ဒီကလေးက စန္ဒယားလည်းတီးတယ်။ ကျွန်တော်တို့က သူ့သူငယ်ချင်း ဂျူလီယန့်ဘရန့်ကို ပြီးခဲ့တဲ့ရာသီက ဒေ့ါမွန်ဆီကိုရောင်းခဲ့တယ်။ ဟာဗက်ဇ်က ဒီနောက်ပိုင်းမှာ မျက်စိကျစရာကောင်းတဲ့ ကစားသမားဖြစ်လာတယ်”

“ဆောင်းရာသီ အပြောင်းအရွှေ့တုန်းကဆိုရင် သူ့ကို ခေါ်ချင်တဲ့ အသင်းတွေအများကြီး လာခဲ့တယ်။ ကျွန်တော်တို့ ကိုလုံးနဲ့ ဒါဘီပွဲစဉ်ကို ရှုံးခဲ့သလို၊ နောက် ၃ ရက်အကြာမှာ ဟာသာဘာလင်နဲ့ပွဲကိုလည်း အရေးနိမ့်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သူ့ကို လာမယ့် နွေရာသီလောက်ထိပဲ ထိန်းထားနိုင်လိမ့်မယ်။ ပြောင်းရွှေ့ကြေးကတော့ အနည်းဆုံး ယူရိုသန်း ၁၀၀ လောက်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်အခုပြောနေရင်ကို ယူရိုသန်း ၁၀၀ မက တန်အုံးမှာပါ” လို့ ပီတာဘော့ဇ်က ပြောခဲ့ပါတယ်။

Image result for havertz Peter BOsz

[ZG]

လာမည့္ေႏြရာသီတြင္ ေလဗာကူဆင္မွ ကုိင္းလ္ဟာဗက္ဇ္ ထြက္မည္…. သို႔ေသာ္……..

ေလဗာကူဆင္အသင္း၏ ကြင္းလယ္ၾကယ္ပြင့္ ကစားသမား ကုိင္းလ္ဟာဗက္ဇ္ဟာ လာမည့္ေႏြရာသီမွာ ဂ်ာမန္ေျမမွ ထြက္သြားဖုိ႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ အသက္ ၂၀ အရြယ္ဟာ ဥေရာပရဲ႕ၾကယ္ပြင့္ထိပ္တန္းကစားသမားထဲမွာပါဝင္ေနတဲ့ ဟာဗက္ဇ္ဟာ ယခုရာသီမွာ ၁၀ ဂိုးအထိသြင္းယူထားျပီးျဖစ္ပါတယ္။ ဟာဗက္ဇ္ကုိ ပရီးမီးယားလိဂ္ ကလပ္မ်ားျဖစ္သည့္ မန္ခ်က္စတာယူႏုိက္တက္ႏွင့္ လီဗာပူးလ္တုိ႔က ေခၚယူဖုိ႔ ဦးေဆာင္ေနပါတယ္။ ေလဗာကူဆင္ရဲ႕ နည္းျပျဖစ္သူ ပီတာေဘာ့ဇ္က သူ႔ရဲ႕ ကြင္းလယ္လူ ဟာဗက္ဇ္ဟာ ေလဗာကူဆင္ကုိ ထြက္ခြာဖုိ႔ နီးစပ္ေနေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။ သုိ႔ေသာ္ ဟာဗက္ဇ္ကုိ ေပါေစ်းပဲေစ်းျဖင့္ လက္လႊတ္သြားမွာမဟုတ္ေၾကာင္း တပါတည္းေျပာခဲ့ပါတယ္။

“ကုိင္းလ္က အသက္ ၂၀ ရွိပါျပီ။ ဒါေပမယ့္ ဒီရာသီဟာ သူ႔အတြက္ ဘြန္ဒက္လီဂါ ၄ ရာသီေျမာက္ျဖစ္ပါတယ္။ သူနဲ႔ ပတ္သတ္ျပီး လူအမ်ားက ေျပာၾကဆုိေနၾကပါတယ္။ ဂ်ာမနီမွာ ရွိတဲ့သူတုိင္းက သူ႔ကုိ ကေလးပါရမီရွင္လုိ႔ ျမင္ေနၾကတယ္။ အာခ်င္ျမိဳ႕ကေနထြက္လာခဲ့ျပီးေတာ့ အသက္ ၈ ႏွစ္ကတည္းက ဒီကုိေရာက္ေနတာပါ။ အေတာ္ေလးေတာ္တဲ့ ခ်ာတိတ္ေလးပဲ။ ဥာဏ္ေကာင္းတယ္၊ ျပီးေတာ့ ဒီကေလးက စႏၵယားလည္းတီးတယ္။ ကၽြန္ေတာ္တုိ႔က သူ႔သူငယ္ခ်င္း ဂ်ဴလီယန္႔ဘရန္႔ကုိ ျပီးခဲ့တဲ့ရာသီက ေဒ့ါမြန္ဆီကုိေရာင္းခဲ့တယ္။ ဟာဗက္ဇ္က ဒီေနာက္ပုိင္းမွာ မ်က္စိက်စရာေကာင္းတဲ့ ကစားသမားျဖစ္လာတယ္”

“ေဆာင္းရာသီ အေျပာင္းအေရႊ႕တုန္းကဆုိရင္ သူ႔ကုိ ေခၚခ်င္တဲ့ အသင္းေတြအမ်ားၾကီး လာခဲ့တယ္။ ကၽြန္ေတာ္တုိ႔ ကုိလံုးနဲ႔ ဒါဘီပြဲစဥ္ကုိ ရႈံးခဲ့သလုိ၊ ေနာက္ ၃ ရက္အၾကာမွာ ဟာသာဘာလင္နဲ႔ပြဲကုိလည္း အေရးနိမ့္ခဲ့တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ဟာ သူ႔ကုိ လာမယ့္ ေႏြရာသီေလာက္ထိပဲ ထိန္းထားႏုိင္လိမ့္မယ္။ ေျပာင္းေရႊ႕ေၾကးကေတာ့ အနည္းဆံုး ယူရိုသန္း ၁၀၀ ေလာက္ျဖစ္ပါလိမ့္မယ္။ ကၽြန္ေတာ္အခုေျပာေနရင္ကုိ ယူရုိသန္း ၁၀၀ မက တန္အံုးမွာပါ” လုိ႔ ပီတာေဘာ့ဇ္က ေျပာခဲ့ပါတယ္။

Daily Mail

Sports Village