ချောင်းသာ၊ ငွေဆောင်နှင့် ဂေါ်ရင်ဂျီကျွန်းအပါအဝင်ဧရာဝတီတိုင်း အတွင်းရှိ အပန်းဖြေနေရာများအားခရီးသွားလာမှု ပိတ်သိမ်း

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်တွေ့ရှိပြီဖြစ်သောကြောင့် ချောင်းသာ၊ ငွေဆောင်နှင့် ဂေါ်ရင်ဂျီကျွန်းအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အပန်းဖြေနေရာများအား ယနေ့ (မတ် ၂၄ ရက်) နံနက်မှစတင်ကာ ခရီးသွားလာမှု ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်လိုက်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများတွင် လူစုလူဝေး မလုပ်ရန်နှင့် ပြည်သူများ အထိတ်တလန့် မဖြစ်စေရန်အတွက်လည်း ညွှန်ကြားမှုများ ပြုလုပ်ထားပြီး ယခုဆုံးဖြတ်ချက်အား ပြည်ထောင်စုအစိုးရသို့ အကြောင်းကြားထားကြောင်းသိရသည်။

EMG