ဂျပန်ရောက်မြန်မာများ အထူးထောက်ပံ့ကြေးငွေ ယန်း ၁ သိန်းစီ ရရှိ

ဂျပန်နိုင်ငံအစိုးရက နိုင်ငံတွင်း COVID-19 ရောဂါ ပြန့်ပွားမှုအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံမှာ နေထိုင်သူတွေအား ၁ ဦးကို ယန်းငွေ ၁ သိန်းစီ ထောက်ပံ့ခဲ့ရာမှာ တရားဝင်နေထိုင်တဲ့ မြန်မာတွေလည်း အကျုံးဝင်ရရှိကြပါတယ်။အထူးထောက်ပံ့ကြေးငွေကို ဧပြီ ၂၇ ရက်အထိ ဂျပန်နိုင်ငံမှာ အိမ်ထောင်စု မှတ်ပုံတင်စာရင်းဝင်သူ ကျောင်းသား ကျောင်းသူတွေ၊ အလုပ်သင်သင်တန်းသားတွေနဲ့ အခြားနေထိုင်ခွင့်ရှိသူတွေလည်း အကျုံးဝင်ပါတယ်။

တိုကျိမြို့ နခနိုမှာနေတဲ့ မရှိုင်းဟေမန်ကတော့ မေ ၁၈ ရက်က မြို့နယ်ရုံးက ဘဏ်အကောင့်ဖြည့်ရဖို့ လျှောက်လွှာရောက်လာပြီး ပြန်ပို့လိုက်လို့ ၂ ရက် ၃ ရက်အတွင်း ဘဏ်ထဲ ၀င်လာနိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ဂျပန်နိုင်ငံမှာ အရေးပေါ်ကာလအတွင်း စက်ရုံအလုပ်ရုံနဲ့ စားသောက်ဆိုင်တွေ ပိတ်ထားပြီး ဂျပန်ရောက်မြန်မာနိုင်ငံသားအများအပြားလည်း ၀င်ငွေ ကျဆင်းနေမှုနဲ့ တွေ့ကြုံနေကြရတာပါ။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံ ...

ဂျပန်အစိုးရအနေနဲ့ နေထိုင်ခွင့်ကုန်နေသူ နိုင်ငံခြားသား အလုပ်သမားတွေ အလုပ်က ထုတ်ပယ်ခံရတာ၊ ဆက်လက်အလုပ်လုပ်ကိုင်နိုင်ဖို့ အခက်အခဲရှိနေတဲ့ အလုပ်သင်နိုင်ငံခြားသား အလုပ်သမားတွေအတွက် အချိန်ကာလ ၁ နှစ်ကြာ ဆက်လက် အလုပ်လုပ်ကိုင်နိုင်ရေး ခွင့်ပြုမယ့် နေထိုင်ခွင့် အမျိုးအစားတခုကိုလည်း မေ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဗွီဘီ