ရက်ရွှေ့ခဲသည့် အိုလံပစ်ပြိုင်ပွဲ အခက်အခဲများ ရှိလာနိုင်ဟု အိုလံပစ်ကော်မတီပြော

တိုကျို အိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှာ ကျင်းပဖို့ ရွှေ့ဆိုင်းထားပေမယ့် အခက်အခဲတွေ ရှိလာနိုင်သေးတယ်လို့ အိုလံပစ်ကော်မတီအရာရှိ ကိုအာတက်စ်က ဝန်ခံလိုက်ပါတယ်။ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို အခုနှစ် ဇူလိုင်လမှာ ကျင်းပဖို့ သတ်မှတ်ထားပေမယ့် COVID-19 ရောဂါ အခြေအနေကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကျင်းပဖို့ ရွှေ့ဆိုင်းခဲ့တာပါ။

ပြိုင်ပွဲကျင်းပဖို့ ၁ နှစ်ကျော် လိုသေးပေမယ့်လည်း ပြိုင်ပွဲမှာ ကမ္ဘာ့တလွှားက နိုင်ငံ ၂၀၆ နိုင်ငံအထိ လာရောက်ယှဉ်ပြိုင်မှာဖြစ်လို့ ပြဿနာတွေ ရှိလာနိုင်တယ်လို့ တိုကျိုအိုလံပစ်ကော်မတီ အကြီးအကဲ ကိုအာတက်စ်က ပြောပါတယ်။ဗိုင်းရပ်စ်ရောဂါက နိုင်ငံအနည်းငယ်မှာပဲ တည်ငြိမ်စပြုလာပေမယ့် ဘရာဇီးနဲ့ အမေရိကန်နိုင်ငံတွေမှာ နေ့စဉ် လူထောင်ချီ ရောဂါကူးစက်ခံနေရတယ်လို့လည်း ကိုအားတက်စ်က ပြောပါတယ်။

Olympics: "No Plan B" if Tokyo Olympics can't start in 2021: Coates

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းတော့မှာ မဟုတ်ဘဲ ကာကွယ်ဆေးပေါ်လာရင်လည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ လုံလောက်မှာမဟုတ်ကြောင်း ပြောပါတယ်။ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ စီစဉ်ထားမှုတွေကို လာမယ့် အောက်တိုဘာလမှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒီဗွီဘီ